
၀မ်းရေးနဲ့ မြွေဘေးကြား ရှင်သန်နေထိုင်ကြသူများ
ကျမတို့ နေတဲ့ နေရာက မြွေပေါတယ်။ ဘယ်မှ မသွားရဲဘူး။ တောမှာက မီးကလည်း မရှိဘူးလေ။ ဆိုလာမီးလေးတွေနဲ့ပဲ နေကြတာဆိုတော့။ ဘယ်လောက်ပဲ နီးနီး မီးမပါပဲ လုံးဝ မသွားရဘူး။ ဘယ်သူမှလည်း မသွားရဲကြဘူး။ ဒါပေမယ့် စစ်ကြောင်းထိုးလာပြီဆိုရင်တော့ မြွေတွေ ဘာတွေ ကြောက်ချိန် မရဘူး။ လွတ်တဲ့နေရာ တွေ့တဲ့ နေရာ ပြေးရပြန်တာပါပဲ။

လျှပ်စစ်မီးတိုက်ပွဲကြားက အိမ်ရှင်မတွေ
မီးမှန်တာတွေကြောင့် အိမ်ရှင်မတွေမှာလည်း ယခင်ထက် အလုပ်တွေပိုလာကြပြီး မီးကိုစောင့်ကြည့်နေရတဲ့ အလုပ်တစ်ခု လည်း ပိုလာပါတယ်။ ဒါ့အပြင် မလိုအပ်တဲ့ အပိုလျှပ်စစ်ပစ္စည်းတွေကိုလည်း ဝယ်ယူသုံးစွဲနေရတယ်လို့ ပြောကြပါတယ် ။

လွတ်မြောက်နယ်မြေက သက်ငယ်မုဒိန်းမှု အမြန်ဖြေရှင်းပေးစေလို
“ ခုက ဒီအမှုကိုကြန့်ကြာအောင် အချိန်ဆွဲထားတဲ့ပုံစံဖြစ်နေတယ်။ နစ်နာသူအတွက်မကောင်းသလို တော်လှန်ရေးအတွက် လည်းမကောင်းဘူး။ တကယ်ပဲ NUG လွတ်လပ်တဲ့တရားစီရင်ရေး သူတို့ကိုယ်တိုင် လုပ်ဆောင်နေရင် ဒီအမှုကို အမြန်ဖြေရှင်း ပေးမယ်လို့မြင်တယ်။”

Podcast အစီအစဉ် ( Episode – 6 )
HIသတင်းဌာနရဲ့ ဒီအပတ် ပေါ့ကတ်အစီ အစဉ်မှာတော့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ ပန်းသပိတ်လုပ်တဲ့ အမျိုးသမီးတွေ အဖမ်းခံရတဲ့ အပေါ် အမြင်တွေနဲ့ လူမှုဘ၀ဆောင်းပါးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်။

Gender Dialogue ဆွေးနွေးပွဲမှ ကောက်နုတ်ချက်
ဂျန်ဒါတန်းတူညီမျှမှုအတွက်လုပ်ဆောင်နေကြတဲ့ အမျိုးသမီးခေါင်းဆောင်များပါဝင်ဆွေးနွေးထားတဲ့ Gender Dialogue ဆွေးနွေးပွဲမှ ပြောစကားတချို့ကို ကောက်နုတ်တင်ပြလိုက်ပါတယ်။

တစ်ပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များ
ဇွန်လ ၁၉ ရက်မှ ၂၅ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးသတင်းဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြပေးလိုက်ရပါတယ်။

မုန်တိုင်းအပြီး ပြန်လည်မထူထောင်နေသေးတဲ့ အမျိုးသမီးတွေရဲ့ အခက်အခဲ
နေအိမ်လုံးဝပြိုသွားတဲ့သူတွေကတော့ တာပေါ်လင်စတွေနဲ့ ယာယီတဲတွေ ဆောက်ပြီးနေထိုင်နေကြရပါတယ်။ အဲဒီလို ယာယီတဲတွေ ဆောက်လုပ်နေထိုင်နေကြတဲ့သူတွေထဲမှာ အကာအရံမရှိတာကြောင့် အမျိုးသမီးတွေရဲ့ လုံခြုံမှုကို စိုးရိမ်နေကြရတယ်လို့ ရသေ့တောင်မြိုနယ်၊ ကိုးတန်ကောက်ကျေးရွာက အသက် ၂၀ အရွယ် မနွယ်နွယ်ဦးက ပြောပါတယ်။

ရွက်ပုန်းသီး မယ်အိ
ဆိုရလျှင် စစ်ကောင်စီတပ်က ဒေသအနှံ့တွင် လူမဆန်သည့် စစ်ရာဇဝတ်မှုများကို စိတ်ထင်တိုင်းကျူးလွန်နေသည့်တိုင် တော် လှန်ရေးတွင် မယ်အိကဲ့သို့ ရွက်ပုန်းသီးများ ထုနှင့်ဒေးရှိနေသေးသည်။ ယုံကြည်ချက်အတွက် စစ်အာဏာရှင်အားဆန့်ကျင်နေ သူများကို ထိုရွက်ပုန်းသီးများက ပုံစံမျိုးစုံဖြင့် အလွှာစုံမှ ထောက်ပံ့ ကူညီ နေ၍သာ ဤခရီး နည်းသထက် နည်းခဲ့ပြီဆိုလျှင် လွန်အံ့မထင်ပေ။

ဂျဲန်ဒါအရေး ဒိုင်ယာလော့ စကားဝိုင်း – Gender Dialogue ( ဒုတိယပိုင်း)
ပေါ်လစီတွေမှ ာဂျန်ဒါအရေးကိုထည့်သွင်းစဉ်းစားဆွေးနွေးမှု ဘယ်လောက်အတိုင်းအတာထိရှိနေသလဲ?

တပ်တွင်းက အမျိုးသမီးတွေကို စစ်ကျွန်ဘဝကရုန်းထွက်ဖို့လမ်းပြခဲ့သူ
“ ဘာလို့ အနုတ်စုတ်ကုပ်စုတ် ဘဝနဲ့ဘာလို့နေမှာလဲ သူများတံတွေးခွက်မှာ ပက်လက်မျောပြီး ကိုယ့်ရဲ့လင်ယောကျာ်းရဲ့ အသက်လည်း အာမခံချက်မရှိဘူး။ နေ့မြင်ညပျောက်ဖြစ်နေတဲ့ စစ်တပ်ကြီးမှာဘာလို့ဆက်ပြီးနေမှာလဲ ဒါကကိုယ့်အတွက်ပဲ ကိုယ်တွေးတာဖြစ်တယ်။ သူများအတွက်မတွေးခင်မှာ ကိုယ့်အတွက်ကိုယ်တွေးပေါ့ သူများအတွက်မတွေးခင်မှာ ကိုယ့် သား သမီးအတွက် ကိုယ့်လင်ယောကျာ်းအတွက် အဖြစ်သင့်ဆုံးလမ်း အမှန်ကန်ဆုံးလမ်းကိုရွေးချယ်ပါလို့ပြောချင်ပါတယ်။”


