Home ဗီဒီယို လျှပ်စစ်မီးတိုက်ပွဲကြားက အိမ်ရှင်မတွေ

လျှပ်စစ်မီးတိုက်ပွဲကြားက အိမ်ရှင်မတွေ

ရိုက်ကူး – HI

စစ်တပ်က မတရားအာဏာသိမ်းပြီး ဘက်စုံချွတ်ခြုံကျလာတဲ့အထဲမှာ လူထုဝန်ဆောင်မှုလုပ်ငန်းတွေဟာ ထိပ်ဆုံးကနေ ထိခိုက်နေပါတယ်။ အဲ့ဒီထဲမှာ လျပ်စစ်မီးကိစ္စဟာ ထိပ်ဆုံးကပါဝင်ပါတယ်။

အရပ်သားအစိုးရလက်ထက်က ၂၄ နာရီအသုံးပြုနိုင်တဲ့ လျှပ်စစ်မီးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပြည်သူ တွေဟာ အချိန်ပြည့်မရတော့ပါဘူး။

စစ်ကောင်စီဟာ သာမာန်ပြည်သူတွေအတွက် လျှပ်စစ်မီးကို အကန့်အသတ်နဲ့သာပေးပြီး အလှည့်ကျ မီးဖြတ်တောက်တဲ့ စနစ်ကို ကျင့်သုံးလာတာပါ။

ပြီးခဲ့တဲ့နှစ်ကစလို့ ရန်ကုန်၊ မန္တလေးအပါအဝင် နိုင်ငံတဝှမ်းဒေသတွေမှာ အချိန်ပိုင်းပြတ်တောက်တာတွေရှိလာပြီးနောက် မြို့နယ်အလိုက် သတ်မှတ်ပြီး လေးနာရီလာ၊ လေးနာရီပြတ်စနစ်နဲ့ စစ်ကောင်စီက စတင်မီးဖြတ်တောက်ခဲ့ပါတယ်။

စစ်ကောင်စီက အကန့်အသတ်နဲ့ လျှပ်စစ်မီးဖြတ်တောက်လာတာက တခြားသော စီးပွားရေးလုပ်ငန်းတွေသာမက မိသားစု တိုင်းရဲ့ မီးဖိုဆောင်အထိပါ သက်ရောက်မှုတွေရှိလာပါတယ်။

မီးမှန်တာတွေကြောင့် အိမ်ရှင်မတွေမှာလည်း ယခင်ထက် အလုပ်တွေပိုလာကြပြီး မီးကိုစောင့်ကြည့်နေရတဲ့ အလုပ်တစ်ခု လည်း ပိုလာပါတယ်။ ဒါ့အပြင် မလိုအပ်တဲ့ အပိုလျှပ်စစ်ပစ္စည်းတွေကိုလည်း ဝယ်ယူသုံးစွဲနေရတယ်လို့ ပြောကြပါတယ် ။

လက်ရှိအချိန်မှာ အာဏာသိမ်းစစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့မှုပြစ်ဒဏ်တွေ ရှိနေတာကြောင့်လည်း  စစ်ကောင်စီဖော်ဆောင် နေတဲ့ အလှည့်ကျမီးပေးစနစ်ဟာ ဒီထက်ပိုဆိုးလာတဲ့အခြေအနေ ဖြစ်လာမယ်လို့လည်း သုံးသပ်ထားကြပါတယ်။

စစ်ကောင်စီလက်ထက်မှာတော့ အိမ်ရှင်မတွေအတွက်ကတော့ လျှပ်စစ်မီး အချိန်ပြည့်ပြန်ရဖို့ထက် အချိန်မှန်မီးလာဖို့ကို သာ မျှော်လင့်နေကြရပါတယ်။

Author:

Related Articles