
နွေဦးနှင်းဆီ
“ ကျွန်မတို့လူ့အဖွဲ့အစည်းက ရုပ်ချောချောလှလှလေးနဲ့ဆိုရင်၊ အိမ်မှာ အိမ်မှုကိစ္စလုပ်နိုင်တယ်ဆိုရင်ပြီးပြီလို့ ယူဆကြတာများတယ်။ အချိန်တန်ရင် ယောက်ျားတစ်ယောက်က လာတောင်းလိမ့်မယ်။ လုပ်ကျွေးလိမ့်မယ်။ တကယ်တော့ ကိုယ်ကအဲဒီလိုလည်းမဟုတ်ဘူး”

ရှေးရိုးစွဲတော်လှန်ရေး
တဖက်နဲ့ တဖက် တိုက်ခိုက်ကြလို့ တဖက်ဖက်ကအထိနာကြတဲ့အခါ လက်နက်ကိုင်ယောက်ျားတွေဟာ တဖွဲ့နဲ့တဖွဲ့ ထိုးနှက်တဲ့ စကားလုံးကတော့ “ယောက်ျားမပီသတဲ့လုပ်ရပ်”တဲ့။ “မင်းတို့တွေ ယောက်ျားမဟုတ်ဘူးလား၊ ကိုယ့်အပြစ်ကိုယ် ဝန်မခံရဲတဲ့ကောင်တွေ ထမီဝတ်ထား” တဲ့။

“သား…အမေစောင့်နေတယ်နော်…”
“ ဝမ်းနဲ့လွယ်မွေးထားတဲ့ သားသမီးတွေ သေသွားတာဆိုတော့ငိုကြမှာပေါ့။ မိခင်တွေဖြစ်တော့ ပိုခံစားရတယ်။ ဒီတော်လှန်ရေးလည်းအမြန်အောင်မြင်ပြီး မိခင်မျက်ရည်တွေလည်း အမြန်ခမ်းစေချင်ပြီ။ မျက်ရည်တွေထပ်မကျစေချင်တော့ဘူး”

Mom, are police and soldier bad guys?
Con Con’s mother Ma Chan said “She asked me to give her a stick before going to bed. So, I put the small stick beside her, and then she feels safe and falls asleep.” Not only Con Con but also her friends named “Bad guys” to the police and soldier. Kids turned into a new game to catch the police.

CDM တွင် ပါဝင်သွားသောဆရာဝန်များက ကိုယ်ဝန်ဆောင်မိခင်များကို ပေးခဲ့သောသတ္တိ
“ဟိုးအရင်တုန်းကဆိုရင် အထူးကုတွေလည်းမရှိ၊ ဆရာဝန်တွေလည်းမရှိဘဲ မွေးလာကြတာပဲ။ ကျမစိတ်ဓာတ်မကျပါဘူး။ ကျမသတ္တိရှိပါတယ်”

လမ်းပေါ်က ပိတ်ဆို့နေတဲ့အတားအဆီးတွေကို ဖယ်ရှားဖို့စေခိုင်းခံရတဲ့ အမျိုးသမီးတွေ
" သဲအိတ်တွေကိုသူတို့ကားတွေပေါ်တင်ခိုင်းတယ်။ သူတို့သဲအိတ်ချရင်လူမရှိဘူးဆိုပြီးတော့ ယောကျာ်းလေးတွေ ကိုခေါ်သွားတယ်။ မိန်းကလေးတွေပဲကျန်ခဲ့တယ်။ နောက်ပိုင်း ထွက်လာတဲ့သူတွေကလည်း ယောကျာ်းလေးနည်းတော့ မိန်းကလေးတွေပဲသယ်လိုက်ရတယ်။ ကာထားတာတွေကလည်း လူတစ်ရပ်ကျော်လောက်ရှိတယ်။ သူတို့ကားကလည်း အရမ်းမြင့်တော့ တော်တော်တင်ပေးလိုက်ရတယ်"

သံတွဲဆန္ဒပြမှုတွင် တစ်လကျော်ကြာ ဖမ်းဆီးခံခဲ့ရပြီး ပြန်လွှတ်လာသော အမျိုးသမီးနှင့်ဆက်သွယ်မေးမြန်းချက်
“ကျွန်မလုပ်ခဲ့တဲ့လုပ်ရပ်အပေါ်ကိုလည်း ကျွန်မ တော်တော်လေးကိုကျေနပ်မိတယ်။ ကြောက်တဲ့စိတ်လုံးဝမရှိဘဲနဲ့ ကိုယ့် လုပ်ရပ်ကိုယ်ဂုဏ်ယူမိသွားတယ်။”

တောင်တန်းဒေသတိုက်ပွဲတွေကြားက အမေ့လျော့ခံအမျိုးသမီးများ
“ ကျွန်မတို့ တောင်တန်းမြေပေါ်က တိုက်ပွဲဖြစ်ပြီး သေဆုံးတဲ့အမျိုးသမီး၊ ဒဏ်ရာရတဲ့အမျိုးသမီးတွေဟာ အာဏာမသိမ်းခင်ကလည်း အမေ့လျော့ခံဖြစ်သလို စစ်အာဏာရှင်တိုက်ပွဲကြားမှာလည်း အမေ့လျော့ခံလူသားတွေပါ”

“တိုက်ပွဲဆက်ဝင်ဖို့ စိတ်ဒဏ်ရာတွေကို ခွန်အားအဖြစ်ပြောင်းလဲနိုင်ခဲ့ကြတဲ့ အမျိုးသမီးများ”
“ အိမ်ကစထွက်ထဲက သေဖို့အထိစဉ်းစားပြီးသွားပြီ။ အဖမ်းခံရလည်းမကြောက်ဘူး၊ ငိုတော့ငိုမိတယ်။ အဖမ်းခံရလို့ငိုတာမဟုတ်ဘူး။ အရေးတော်ပုံကျရှုံးသွားမှာကိုကြောက်လို့ငိုတာ။”

နိုင်တဲ့အထိ ဒီတိုက်ပွဲကို ဆက်တိုက်မှာပဲ
“ လူတွေကိုသတ်ပြလို့ ကျွန်မတို့ကကြောက်နေမယ်။ အဖမ်းခံရတဲ့အမျိုးသမီးတွေကို လိင်စော်ကားမှုတွေလုပ်လို့ ကြောက်ရမယ်စသဖြင့်… ကြောက်လားလို့မေးရင် ကြောက်တာပေါ့။ ဒါပေမယ့် ကြောက်လို့ ပြီးသွားမယ့်ဟာမဟုတ်ဘူး။ ဒီအတွက် ကျွန်မစွမ်းသလောက် တိုက်ခိုက်တယ် ”


