
မဲပေးခွင့်မရသည့်ဒေသမှ အမျိုးသမီးများ၏ အသံများ
မေးချင်တယ် ဘာမှ(တိုက်ပွဲတွေ)မဖြစ်တဲ့နေရာမှာ၊ ဘာမှ(ပြဿနာ)မရှိတဲ့နေရာမှာ ဘာလို့ မလုပ်တာလဲပေါ့။ အခုဖြစ်နေတဲ့ ကျေးရွာ အုပ်စု ၁၂ အုပ်စု ဆိုရင် လုံးဝ ဘာမှ မဖြစ်တဲ့နေရာဖြစ်နေတယ်။ ဟိုတလောက ဖြစ်သွားတဲ့ (စစ်ပွဲဖြစ်တဲ့နေရာ)ဆိုရင်လည်း ပိတ်လိုက်တဲ့ မဲဆန္ဒနယ် ထဲမှာ မပါဘူး။ တလွဲတွေ ဖြစ်နေတယ်။ ဘာလို့ အဲ့ဒီလို ဖြစ်နေတာလဲ။ ဘာလို့ ဒီလို လုပ်လိုက်တာလဲ အဲ့ဒါတော့မေးချင်ပါတယ်။

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ဆိုတာ ဘာလဲ
“အရင်က ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်နဲ့ ကြေညာချက်တွေမှာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ ပါဝင်ခဲ့ပေမယ့် ဒါတွေက ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ လို ပီပြင်တဲ့ သြဇာ သက်ရောက်မှု မရှိခဲ့ကြပါဘူး။ ဒီဆုံးဖြတ်ချက်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၊ အဖွဲ့ဝင်နိုင်ငံတွေနဲ့ လက်နက်ကိုင် ပဋိပက္ခမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေကို တိတိကျကျ အရေးယူဆောင်ရွက်ဖို့ တောင်းဆို တိုက်တွန်းထားပါတယ်။”

ရှေးအစဉ်အလာပြဌာန်းမှုများအောက်က ဟိန္ဒူအမျိုးသမီးများ
“အမှန်တိုင်းပြောရရင် သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို မကြိုက်ဘူး။ ဒီဘာသာမှာ လူဖြစ်ခွင့်ရတာနဲ့ပဲ ကိုယ့်ဖြစ်တည်မှုတွေကို စွန့်လွတ်ရမလို ဖြစ်နေပြီ။ ဒါမျိုးတွေ လူကြီးမိဘရှေ့ပြောကြည့်လို့တောင်မရတဲ့ စကားမျိုးတွေပါ”

အမျိုးသမီးလုံခြုံရေးအတွက် လုပ်ဆောင်ပေးချင်တဲ့ သေနတ်သံကြားများအကြားက ကိုယ်စားလှယ်လောင်း
“ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်တယ်။ အကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်။ အမျိုးသားတွေနဲ့ တန်းတူ လုပ်ဆောင်နိုင်တယ်ဆိုတာ ပြချင်တယ်။ တိုက်ခိုက်မှုလည်းမကြောက်ဘူး။ ကိုယ့်ကိုယ်ကိုယ် ကျော်လွှားနိုင်မယ်လို့ ထင်ပါတယ်”

ပြောင်းလဲမှုများအတွက် ကိုယ်စားပြုဖို့ကြိုးစားနေကြတဲ့ ကရင်နီ အမျိုးသမီးများ
"… သူတို့ပြောတာက ဆရာမတို့က အမျိုးသမီးဖြစ်နေတာကိုတဲ့။ ကျနော်တို့က အမျိုးသားကိုပဲ မဲထည့်တာပေါ့တဲ့။ ဆိုတော့ လူထုတွေရဲ့ စိတ်ထဲမှာက အမျိုးသမီးဆိုရင် ဦးဆောင်မှုအခန်းကဏ္ဍမှာ မရှိသင့်ဘူးဆိုတဲ့ဟာက အစဉ်အဆက်မှာ တွေးလာတာမျိုးကိုပဲ သူတို့နားလည်ထားတယ်…"

အစဉ်အလာမရှိခဲ့တဲ့နေရာတခုအတွက် အစဉ်အလာတွေအောက်က ထိုးဖောက်မယ့် အမျိုးသမီးကိုယ်စားလှယ်လောင်း
" နိုင်ငံရေးမှာကို လွှတ်တော်နိုင်ငံရေးသွားဖို့လုပ်တဲ့အချိန်မှာ ခုလိုရွေးကောက်ပွဲကာလတွေမှာ လူထုကိုပိုပြီးတော့ အချိန်ပေးရတဲ့အချိန်တွေမှာ သားသမီးကို ချန်ထားရတဲ့ကိစ္စတွေ ဒါတွေလည်း တော်တော်လေးမလွယ်ကူတဲ့ စိန်ခေါ်မှု တစ်ခုဖြစ်တယ်ပေါ့နော်။ ဒါကတော့ အိမ်ထောင်ရှင်နိုင်ငံရေးလုပ်နေတဲ့ အမျိုးသမီးတစ်ဦးရဲ့ အနေအထားပေါ့နော်”

အမျိုးသမီးများကို မဲပေးခြင်းဖြင့် လွှတ်တော်အသီးသီးရဲ့ အမျိုးသမီးပါဝင်မှုကို မြှင့်တင်ကြပါစို့
၂၀၂၀ ရွေးကောက်ပွဲကျင်းပမည့်ရက်လည်း…

အမျိုးသမီးနဲ့လူငယ်တွေရဲ့လုပ်နိုင်စွမ်းကိုပြချင်လို့ လွှတ်တော်ထဲကိုဝင်ရောက်ချင်တဲ့ ကယန်းအမျိုးသမီး
"ကျမရဲ့ ရွေးကောက်ပွဲ မဲဆွယ်ကတိကဝတ်တွေကို ဆိုရှယ်မီဒီယာမှာ အသုံးပြုပြီးလူထုဆီရောက်အောင် မပို့နိုင်ဘူးပေါ့။ ကျမတို့ ကိုယ်တိုင်သွားမှပဲဖြစ်မယ့် အနေအထားမျိုးတွေမှာ မိုးတွင်းကာလလည်းဖြစ်၊ လမ်းခရီးကြာရှည်စွာနဲ့လျှောက်ရတာမျိုး၊ ကားလမ်းတွေလည်း မရှိတဲ့အတွက်ကြောင့် ဆိုင်ကယ်လမ်းခရီးနဲ့ သွားရတာမျိုး အသက်ကိုဖက်နဲ့ထုပ်ပြီးမှ စည်းရုံးရေးဆင်းနေရတဲ့ အနေအထားဖြစ်တယ်"

အမျိုးသမီးကိုယ်စားလှယ်တွေများလာဖို့ အမျိုးသမီးတွေမဲထွက်ပေးစို့
နန်းဆိုင်နွမ်။ ။
အမျိုးသမီး…

ဝေးလံခေါင်ဖျားအရပ်မှ ဆယ်ကျော်သက်မိခင်များ
“ဗိုက်အောင့်လာရင် တောထဲကို သွားတယ်။ သူများမမြင်နိုင်တဲ့ နေရာရောက်ရင် ထိုင်ပြီးမွေးလိုက်တယ်။ ကလေး ထွက်လာရင် ထမိန်တွေကောင်းကောင်းပြန်ဝတ် ချက်ကြိုးကို မှန်နဲ ့ဘဲဖြတ်လိုက်တယ်။ ပြီးတာနဲ့ ကလေးကို အဝတ်နဲ့ ထုတ်ပြီး တဲရှိတဲ့နေရာကို ပြန်လာတာ…. ”


