ဘာသာတရားနှင့် လူမှုလက်တွေ့

ဘာသာတရားကို ကြောင်းပြု၍ တိုင်းပြည်နှင့် ပြည်သူလူထုအပေါ်မှာ ဝန်ထုပ်ဝန်ပိုးပိနေသင့်ပါသလား စသဖြင့်အတွေးခြေဆန့်သွားပါသည်။

“အချင်းချင်းပံ့ပိုးခြင်းနဲ့ ကိုရိုနာကပ်ဘေးကို ကျော်လွှားကြမယ် ”

မိမိကိုယ်မိမိကာကွယ်ပါ။ သူများကိုလည်း အားပေးပါ။ တကယ်လိုအပ်တဲ့အချိန်မှာ အားပေးခြင်းခံတဲ့အခါ အားပေးတဲ့သူရော အားပေးခံရတဲ့သူရော နှစ်ဦးနှစ်ဖက် အကျိုးရှိပါတယ်။ ဥပမာ - ဖုန်းလေးဆက်ပြီး အားပေးတာမျိုး၊ တကယ့်ကို အကူညီလိုအပ်နေသူတွေကို ဖော်ထုတ်ပြီး လူမှုဝန်းကျင်က စုပေါင်းကူညီခြင်းဖြင့် တလုံးတဝတည်း စုစည်းညီညွှတ်ခြင်း ခံစားချက်ကို ရရှိစေမှာဖြစ်ပါတယ်။

မင်းရာဇာအိမ်က အိမ်အကူအမှု တရားမျှတမှု ရပါ့မလား

“ရဲက ကျင့် (ကျင့်ထုံး ဥပဒေ) ၁၅၄ အရ အမှုမဖွင့်သေးရင်တောင် ရဲလက်စွဲ ၁၇၆၄ အရ မိဘအုပ်ထိန်းသူ မပါသေးရင်တောင် ရှေးဦးပြုစုနိုင်ဖို့ ဆေးရုံပို့ ကူညီတဲ့အနေနဲ့ ပို့ဆောင်သလား မေးရမှာဖြစ်ပါတယ်။ အဲဒီအချက်တွေ တစ်ခုမှ မလုပ်ခဲ့ပဲ ဒီအတိုင်း ပြန်လွှတ်ရင်တော့ ရဲမှားတယ်လို့ပဲ ဖြေပါရစေ”

မုဒိမ်းမှုနဲ့ သဘောတူခွင့်ပြုချက်

“ကျမတို့နိုင်ငံမှာ အခုချိန်ထိ သုံးနေတဲ့ ရာဇသတ်ကြီးက အမျိုးသမီးတွေ မုဒိမ်း ပြုကျင့်ခံရရင်တောင်မှ မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးက ဒါဟာမုဒိမ်းမှုမြောက်ပါတယ် ဆိုတာကို သက်သေပြနေရတာ။ အဲတော့ ဒီဥပဒေရဲ့ အနှစ်သာရနဲ့ ကျမတို့ပြောတဲ့ သဘောတရားက ဘာလဲဆိုရင် ဒီအမျိုးသမီး သဘောတူလို့ လုပ်လိုက်ပါတယ်ဆိုတာကို ဘာနဲ့သက်သေပြမလဲလို့ ကျူးလွန်တဲ့သူကို တဖန် မေးခွန်းထုတ်စေချင်တာပါ”

ကိုဗစ်ကာလအတွင်း Hotline ကတဆင့် အိမ်တွင်းအကြမ်းဖက်မှုအတွက် အကူညီတောင်းခံမှု ပိုမိုများပြားလာ

" ကျမတို့ဆီမှာ မုဒိမ်းမှု တခုဖြစ်သွားတယ်။ ကလေးကို အပြင်မထွက်နဲ့ ဆိုပြီးတော့ အိမ်ထဲမှာပဲ ထားခဲ့တယ်။ ဒီကာလမှာတော့ ရောဂါတွေဘာတွေကူးမှာဆိုလို့လေ။ ဒါပေမယ့် မိဘတွေကျတော့ ရှာဖွေ စားသောက်ရတဲ့ အခါမျိုးရှိတယ်ဆိုတော့ အပြင်သွားနေချိန်မှာ ဘေးအိမ်ကနေပြီးတော့ မုဒိမ်းကျင့်လိုက်တာမျိုးတွေ ရှိတယ်။ နောက်တခုက စီးပွားရေး ကြပ်တည်းတယ်။ အရောင်းအဝယ်မကောင်းတော့တဲ့ အခါကျတော့ အိမ်မှာ ဟင်းကောင်းကောင်း မချက်နိုင်တော့ဘူး။ အဲဒီအခါမှာ ယောကျာ်းက သူ့ကို ကန်ချလိုက်ပြီးတော့ သောင်းကျန်းတာပေါ့။ အဲဒီအမျိုးသမီးက ၃ ညလောက်တောင် မအိပ်ရဘူး။ ယောကျာ်းသောင်းကျန်းမှုကြောင့်ပေါ့နော်။ "

သံတောင်ကြီးဒေသနဲ့ ပြည်တော်ပြန်များ

“တောင်ပေါ်မြို့ကသူတွေဆိုတော့လည်း အသိပညာအားနည်းကြတယ်။ တော်တော်များက လျှောက်ထွက်နေကြတုန်း။ ကျမတို့က စိတ်ပူတော့ အရမ်းကိုတိုက်တိုက်တွန်းတွန်းလုပ်ဆောင်နေရတယ်။ ကျောင်းတွေ ကျောင်းခန်းတွေမှာ ရက်အလိုက် အခန်းတွေထဲမှာ အမျိုးသမီး အမျိုးသားသက်သက်စီ ခွဲထားပေးတယ်။ ရေချိုးခန်းအိမ်သာတွေကို သီးသန့်လုပ်ထားပေးတယ်။ အရေးပေါ်ကိစ္စတွေရှိလာရင် အခက်ခဲရှိမှာစိုးလို့ အမျိုးသမီးသုံးပစ္စည်းတွေလည်း ထားထားပေးတယ်”

နှုတ်အားဖြင့် ဖြစ်စေ

အမျိုးသားတစ်ယောက်ယောက်က နည်းလမ်းမကျတဲ့အရာ တခုခုကို ပြောဆိုနေရင်၊ လုပ်ကိုင်နေရင်၊ အဲဒီလိုပြောတတ်ကြပါတယ်။ “မိန်းမကြီးကျနေတာပဲ၊ တဗျစ်တောက် တောက်နဲ့ပြောနေလိုက်တာ” “ထမီဝတ်ထားပါလား” စတဲ့စတဲ့ စကားတွေကို ကြည့်ရင် အသုံးမကျသော ဒါမှ မဟုတ် အမှားလုပ်သော ယောက်ျားများဟာ မိန်းမနဲ့တူတယ်လို့ ဆိုလိုနေတာ မဟုတ်ပါလား။

အရှက်ရခဲ့သည့် လိုင်းကားပေါ်က ရက်စွဲများ

“လိုင်းကားပေါ်မှာ ပညာပေးမှုတွေက အမြဲလုပ်စေချင်တယ်။ အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက် လုပ်ရင် ဥပဒေဘယ်လောက်နဲ့ တရားစွဲလို့ရတယ်။ နောက်ပြီး အကြမ်းဖက်မှုတွေနဲ့ ပက်သက်တဲ့ ပညာပေးမှုတွေ လုပ်ပေးစေချင်တယ်”

ဒါရိုက်တာဦးဝင်းဖေရဲ့သက်ကြီးစကား

မြန်မာနိုင်ငံမှာ စကားတွေကအစ အမျိုးသမီး တွေကို နှိမ့်ချတန်ဖိုးဖြတ်ထားတာတွေ အတော်များများရှိပါတယ်။ “ မိန်းမကျင့်မိန်းမကြံနဲ့ မကောက်ကျစ်ချင်နဲ့” ဆိုတာမျိုး…။ လောကမှာကောက်ကျစ်တဲ့မိန်းမတွေရှိနိုင်သလို ကောက်ကျစ်တဲ့ ယောကျ်ားတွေလည်းအများကြီး ရှိပါတယ်။

ကိုဗစ် နဲ့ အမျိုးသမီးတွေရဲ့ စိတ်ကျန်းမာရေး

အမျိုးသမီးတွေက အိမ်ထဲမှာနေပြီး အလုပ်လုပ်ရပါက အိမ်တွင်းတာဝန်တွေအပြင် သားသမီးတွေကို ပါ စောင့်ရှောက်ရတဲ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ခြင်း ၊ မိသားစုအတွင်း စိုးရိမ်မှုများကြောင့် လှုမှုဆက်ဆံရေး အဆင်မပြေခြင်း ၊စိတ်တိုလွယ်ခြင်း ၊အာရုံမစူးစိုက်နိုင်ခြင်း ၊ အထီးကျန်ဆန်ခြင်း၊ စိုးရိမ်စိတ်လွန်ခြင်း စိတ်ပင်ပန်းခြင်း burn out တွေ ရနိုင်ပါတယ်။