
ကျားမရေးရာအမြင်များ ဖွံံဖြိုးတိုးတက်ခြင်းဖြင့် ကာတွန်းလောက ထွန်းကားပါစေ
ဒီဖြစ်ရပ်ကြောင့် ကာတွန်းဆရာတွေဟာ အမျိုးသမီးတွေနဲ့ပါတ်သက်ပြီး ကာတွန်းရေးဆွဲမှုတွေအပေါ် သတိထားလာကြမယ်လို့ မျှော်လင့်ရပေမယ့်လည်း ကျားမရေးရာဆိုင်ရာ အယူအဆတွေကို နားလည်ဖို့နဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအရ ေ၀ ဖန်သရော်လိုတဲ့အမူအကျင့်တွေကိုတော့ အများကြီးပြင်ဆင်ဖို့လိုအပ်နေပါသေးတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကိုရိုနာဗိုင်းရပ်စ်ကို ဘယ်လိုကာကွယ်ကြမလဲ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးဒေါက်တာဒေါ်စီလေးခိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း
များဆုံးယူဆချက်ကတော့ မိခင်ဆီက မွေးဖွားနေတဲ့ အချိန် (သို့) မွေး ဖွားပြီးပြီးချင်း ကူးစက်တယ်လို့ ကောက်ချက်ချကြပါတယ်။ မိခင်စီကနေ ကူးစက်ခြင်းခံရတဲ့ မွေးကင်းစကလေးငယ် (၁၀)ဦးကို လေ့လာတွေ့ရှိတာ ကတော့ အသက်ရှူခက်ခဲတာ၊ သွေးတိတ်စေတဲ့ သွေးဥမွှားလေးတွေ နည်းစေတာနဲ့ အသည်းရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ မူမမှန်စေတာတွေ တွေ့ရှိနေရတယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်က အာရှအမျိုးသမီးတို့ အလုပ်အကိုင်မလုံခြုံမှုကို မီးမောင်းထိုးပြနေ
“ Covid 19 ကြောင့်ဖြစ်တဲ့ စီးပွားရေးရိုက်ခတ်မှုက အမျိုးသမီးတွေကို ပိုပြီးထိခိုက်စေတယ်။ အထူးသဖြင့် ဘာအာမခံချက်မှမရှိတဲ့ အလုပ်ခွင်မှာ အလုပ်လုပ်နေကြတဲ့ အမျိုးသမီးတွေမှာ ပိုထိခိုက်တယ်”

ပအိုဝ်းဓလေ့ထုံးတမ်းက မုဒိမ်းမှုအပေါ် တရားမျှတမှု ရယူခွင့်ရှိသလား…
ပေါင်းသင်းလက်ထပ်ဖို့ တဖက်ဖက်က အဆင်မပြေဖြစ်ခဲ့ရင်တော့ အတင်းအကြပ်ယူခိုင်းတာ မျိုး မရှိပေမယ့် ကျူးလွန်သူဖက်က လက်ထပ်ဖို့ လက်ခံရင်တော့ အမျိုးသမီးရဲ့အသံကို ထည့်သွင်းစဉ်းစားမှု မလုပ်တော့ပဲ အမှုကို လက်ထပ်ပေါင်းသင်းခြင်းနဲ့ အဆုံးသတ်ကြပါတယ်။

ကင်းဘတ်စပေါ်က အမျိုးသမီးတွေရဲ့ ဘဝကောက်ကြောင်း
ရွှေရည်။ ။
“နေ့စဉ်ရုန်းကန်လှုပ်ရှားရတဲ့…

ကိုရိုနာနဲ့ အဖြေမရှိတဲ့ပုစ္ဆာ
”စစ်စဖြစ် တုံးက ဒီကိုပြေးလာကြတယ်။ အဲဒီတုံးက ကလေးတွေက သေးသေးလေး အခု (၈) နှစ်ကျော်သွား ပြီလေ သူတို့တွေကြီးလာကြပြီး အခန်းက အရင်အတိုင်း သေးသေးလေးပဲ။ မဆန့်တော့ဘူး ကြပ် ပိတ်ပြီးနေနေရတယ်”

“အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေမူကြမ်း” ထွက်ရှိလာသည့်အပေါ် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) – WLB ၏ အထွေထွေအတွင်းရေးမှူးနော်ဆဲဆဲနှင့်တွေ့ဆုံမေးမြန်းခြင်း
ကျမတို့ ထည့်သွင်းစေချင်တဲ့အချက်တွေ မပါခဲ့ဘူးဆိုရင် အမျိုးသမီးထုအနေနဲ့ကလည်း တသွေးတည်း တသားတည်း ခိုင်ခိုင်မာမာရပ်တည်ဖို့ လိုအပ်ပါတယ်။ ကျမတို့ အမျိုးသမီး အဖွဲ့အစည်းတွေ အချင်းချင်းကြားထဲမှာ အငြင်းအခုံဖြစ်နေမယ့်အစား ဘယ်လိုအသံတစ်သံတည်းနဲ့ အမျိုးသမီးထုတွေကို ကိုယ်စားပြုနိုင်မလဲ၊ ရပ်တည်နိုင်မလဲဆိုတာ စဉ်းစားထားဖို့ လိုအပ်ပါတယ်။

ကျောက်တံတားမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မကြည်ပြာ… (သို့မဟုတ်) အမျိုးသမီးတစ်ယောက်ရဲ့ နိုင်ငံရေးလမ်းကြောင်း ဘယ်လောက်ဖြောင့်ဖြူးမလဲ..
“ပါတီမှာလည်း အခုချိန်ထိ ကျမအသက် အခုဆို (၄၀)ပြည့်သွားပြီ။ ဒါပေမယ့် ကလေးလို့ပဲထင်တယ်။ ပြီးတော့ အမျိုးသမီးတွေဆိုတော့ အများကြီးလုပ်နိုင်လိမ့်မယ်လို့ သိပ်ယုံကြည်ထားကြတာမရှိဘူး။ အော် သူလုပ်နေ တယ်၊ ကိုင်နေတယ်၊ ဒီလောက်ပဲ။ တကယ်တမ်း တာဝန်တစ်ခုကိုပေးဖို့အတွက် ပါတီအတွင်းမှာဆိုရင် အမျိုး သမီးတစ်ယောက်ကို ရဲရဲဝံ့ဝံ့နဲ့ပေးတာမျိုးမရှိဘူး။ ကျမတို့ကို အမြဲတမ်းအနောက်မှာထားပြီး စဉ်းစားလေ့ရှိ တယ်။ ငယ်တာရယ်၊ အမျိုးသမီးဖြစ်တာရယ်ကြောင့် အမြဲတမ်း ဒုတိယပေါ့နော်။ အခုအမတ်ဖြစ်တော့လည်း လူ ငယ်အချင်းချင်းတူရင်တောင် အမျိုးသားကို ပိုပြီးဦးစားပေးတာမျိုးက လက်ရှိ ကျမကိုယ်တိုင်လွှတ်တော်ထဲမှာ ကြုံနေရတာတွေရှိပါတယ်”

မန္တလေးက “မီနီအိုးဝေ” သုံးဘီးမောင်းတဲ့ ခွန်အားရှိသူ မရွှေစင်သူ….
“ကိုယ့်အမျိုးသမီးအချင်းချင်းကူညီပေးတာမျိုးဆိုတော့ ကျွန်တော်တို့အတွက် စည်းစည်း လုံးလုံးရှိမယ်။ တစ်ယောက်နဲ့တစ်ယောက် အခက်အခဲတွေ ကူညီဖြေရှင်းပေးနိုင်မယ်လေ၊ အဖွဲ့ကို သေချာလေးလုပ် ချင်တယ်၊ ခုလောလောဆယ်တော့ စည်းရုံးရေးဘဲ လုပ်နိုင်သေးတယ်။ အဖွဲ့ကို အကောင်အထည် မဖော်နိုင်သေးဘူး၊ အမျိုးသမီးသုံးဘီးမောင်းသမားစစ်စစ်တွေရှာနေသေးတယ်”

COVID – 19 ကြောင့် အလုပ်လက်မဲ့ဖြစ်သွားရတဲ့ စက်မှုဇုံက အမျိုးသမီးတွေအတွက် လုံခြုံတဲ့ နေရာတခု စီစဉ်ပေးဖို့ လိုအပ်နေ
သူတို့ အဆောင်ခ ပေးစရာမရှိဘူးဆိုရင် သူတို့ဘယ်သွားနေ မလဲနော်။ သူများစီမှာလည်း ရေရှည်နေလို့မရဘူး။ သိပ်အန္တရာယ်များတယ်။ တချိန်တုန်းက ကျမတို့နိုင်ငံမှာ ကြုံခဲ့ရသလိုပဲ လူကုန်ကူးမှု အမြင့်ဆုံးဖြစ်လာနိုင်တယ်။ နောက်ပီးတော့ ဥပဒေ နဲ့မညီညွတ်တဲ့ informal sector (တရားမဝင်လမ်းကြောင်း) တွေကို ရောက်ရှိသွားမှာကို ကျမတို့အနေနဲ့ စိုးရိမ်တယ်။


