အိပ်မက်ဆိုးမှ မနိုးသေးတဲ့ ရှမ်းအရှေ့ဒေသက ဆယ်ကျော်သက်လေးတစ်ယောက်..

“ တရုတ်ပြည်မှာ လစာကောင်းတယ်ဆိုပြီး ညာခေါ်ကြတယ်။ တကယ်တော့ တရုတ်အမျိုးသားတွေဆီ သွားရောင်း စားခံရတာ။ အခုထိ မလွှတ်လာသေးတဲ့ သူတွေလည်းရှိသေးတယ်”

ချင်းအမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ် ဘာမှဆုံးဖြတ်ပိုင်ခွင့်မရှိတာက တော်တော်လေးဝမ်း နည်းစရာကောင်းတယ်ဆိုတဲ့ ဒေါက်တာ ဗျက်ကျုံးလျန်နှင့် တွေ့ဆုံမေးမြန်းခြင်း

အမှန်အတိုင်း ပြော မယ်ဆိုရင် ချင်းမှာက အမျိုးသမီးတော်တော်များများက သူတို့ကို ဓလေ့အရ ဖိနှိပ်ထားတယ်ဆိုတာကို မသိတဲ့ သူတွေ အများကြီးရှိတယ်။ ဒါကို မှန်တယ်ဆိုပြီး သွားနေကြတာ။ အဲဒါကြောင့် ကျွန်တော့်အမေလည်း သူ့ကို ဓလေ့အရ ဖိနှိပ်ထားတယ်ဆိုတာကို မသိဘူးဆိုတာ မဖြစ်နိုင်ဘူးပေါ့နော်။ ဒါပေမယ့် ကျွန်တော့်အမေက အမျိုး သမီးတွေရဲ့အခွင့်အရေးနဲ့ပတ်သက်လို့တော့ သိပ်မရင်းနှီးသေးပါဘူး။ ဒါကြောင့် အခုနောက်ပိုင်းမှာ အမျိုးသမီး တွေအနေနဲ့ ကိုယ့်မှာ ဘယ်လိုအခွင့်အရေးတွေ ရှိတယ်ဆိုတာ ပြောပြဖို့ ကျွန်တော့်မှာ တာဝန်ရှိသလိုဖြစ်လာ တယ်။

တစ်ဦးချင်းဆောင်ရွက် ညီမျှမှုအတွက် – Each for Equal

လူ့အဖွဲ့အစည်းလို့ သုံးနှုန်းလိုက်တာနဲ့ လိင်ကွဲပြားမှုအရ အမျိုးသားရော၊ အမျိုး သမီးပါ အကျုံးဝင်နေပါတယ်။ ခေတ်အဆက်ဆက် အမျိုးသမီးတွေအတွက် တရားမျှတမှုကင်းမဲ့တယ်ပဲဆိုဆို၊ ဒီကနေ့ထိ အမျိုးသမီးတွေ ဖိနှိပ်ခံနေရတုန်းလို့ပဲပြောပြော လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးက ဓလေ့ထုံးတမ်းတွေအရ အမျိုးသားတွေ ကို ရှေ့တန်းတင်ခြင်း၊ အမျိုးသမီးတွေအပေါ် နိုင်လိုမင်းထက် ပြုနိုင်သယောင် သင်ကြားလမ်းညွှန်ခဲ့ကြတဲ့ အပြုအမူ၊ အပြောအဆိုတွေဟာ လူ့အဖွဲ့အစည်းကြီးထဲမှာ စိမ့်ဝင်ခဲ့ရပါတယ်။

အမျိုးသမီးများထဲက အမျိုးသမီးများအတွက် ကာကွယ်ပေးရဲ့လား

ဒီအမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆန့်ကျင်ရေးဥပဒေကြမ်းက အမျိုးသမီးတိုင်းရဲ့ တန်းတူညီမျှမှု အတွက် အမှန်တကယ်ဆောင်ရွက်နိုင်ရဲ့လားဆိုတာကိုတော့ ပြန်လည်သုံးသပ် ဆန်းစစ်ဖို့တော့ လိုမှာပါ။

နိုင်ငံတကာအမျိုးသမီးများနေ့ ၂၀၂၀ – နောက်ခံသမိုင်း၊ ရုန်းကန်မှုနဲ့ အောင်ပွဲ

နိုင်ငံတကာအမျိုးသမီးများနေ့ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ မညီမျှမှုတွေကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြပွဲတွေ ကျင်း ပပြီး လူအများသတိပြုမိလာအောင် ဆောင်ရွက်တဲ့ နိုင်ငံရေးအခြေခံနေ့တစ်နေ့ဖြစ်သလို လူ့ဘောင်အဖွဲ့အ စည်းတွေရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးနယ်ပယ်တို့မှာ အမျိုးသမီးတွေ ဘယ်လောက်ထိ ရုန်းကန်လှုပ်ရှားခဲ့ရတယ် ဆိုတာကို ဖော်ပြအောင်ပွဲခံတဲ့ နေ့ရက်တစ်ရက်လည်း ဖြစ်လာခဲ့ပါတယ်။

မဏိပူရပြည်နယ် အမျိုးသမီးလှုပ်ရှားမှု သမိုင်း ( အပိုင်း – ၂ သို့မဟုတ် ) မေရာပိုက်ဘီး

ထိုဆန္ဒပြပွဲတွင် မေရာပိုက်ဘီး အမျိုးသမီး ( ၁၂ )ဦးခန့်က အမှတ် (၁၇ )အာသံရိုင်ဖယ် ဂိတ် ရှေ့သို့ သွားရောက်ကာ အဝတ်အစားများချွတ်၍ ဆန့်ကျင်ဆန္ဒပြမှုသည် အမြင့်မားဆုံးအခြေအနေ သို့ရောက်ရှိခဲ့သည်။ ၎င်းတို့က “Indian Army Rape Us” “Indian Army Take Our Flash” ဟူသော စာတမ်းများကိုင်ဆောင်၍ ဆန္ဒပြခဲ့သည်။

လားဟူဒေသအမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအကူအညီလိုနေတယ်ဆိုတဲ့ “မာလိရှဲ” နှင့် တွေ့ဆုံမေးမြန်းခြင်း

ကျမတို့ဒေသမှာက နိုင်ငံရေးပါတီတွေလည်း ရှိတယ်။ တခြား လက်နက်ကိုင်အဖွဲ့တွေလည်းရှိတယ်။ ဘယ်သွားသွား၊ ဘယ်လာလာ၊ ဘာပဲလုပ်လုပ် အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေကြတယ်။ ကျမတို့သွားနေတဲ့ ပညာပေးမှုတွေလုပ်ရင် ကျမတို့ကို ဘယ်အဖွဲ့အစည်းကလဲ။ လားဟူပါတီက အမျိုးသမီးတွေလား။ ကြံ့ခိုင်ရေးထဲက အမျိုးသမီးတွေလားဆိုပြီး လိုက်စုံစမ်းတာလည်းရှိတယ်။ ကျမတို့က ဘယ်ပါတီမှ အခြေမခံဘူး၊ လားဟူအမျိုးသမီး တွေကိုပဲ အခြေခံတယ်ဆိုတာ ရှင်းပြရတယ်။