
ဂုဏ်သိက္ခာအတွက်ရဲတပ်ဖွဲ့ကို တရားပြန်စွဲခြင်းဖြစ်ကြောင်း ကိုအောင်ကြီးဆို
“ကျနော်ဘက်က ဂုဏ်သိက္ခာအတွက်ပေါ့။ ကျနော့်ရဲ့ အရှက်တရား အကုန်လုံးရဲ့ ကျနော့်ရဲ့ သိက္ခာ၊ ကျနော့်ရဲ့ ဘဝ၊ ကျနော့်ရဲ့ မိသားစု အကုန်လုံးခြုံပြီးတော့ ပြန်တရားစွဲတာပါ”

“ကိုဗစ်နဲ့ ငိုပစ်ခဲ့တယ်”
ရပ်ကွက်မှာ ပထမဆုံး Q ဝင်ရမှာရှက်တာရော၊ သတင်းထဲပါလာမှာကိုလည်း ရှက်ကြတယ်။ ရှေးလူကြီးတွေဖြစ်တာကြောင့်အိမ်ထဲ ခြံထဲမှာပဲ အပင်စိုက် ဈေးရောင်း အေးအေးဆေးဆေး နေတာကြောင့် လက်လှမ်းမှီသလောက် ကျန်းမာရေးအသိနဲ့ သတင်းလေးကို အားထားကြတယ်။ ပိုဆိုးတာက Q ဝင်ရင် ကိုယ်ကကံမကောင်းလို့ ကူးစက်ခံရတာ ကံနှိမ့်လို့ ဖြစ်ရတာ။ Q ဝင်နေတဲ့ မိသားစုနဲ့ အဆက်အသွယ် လုပ်မိရင်လည်း မကောင်းတဲ့ကံတွေ ကူးစက်တတ်တယ်။ မိမိရဲ့ ကံကောင်းခြင်းတွေပါ ကုန်သွားတတ်တယ် ဆိုပြီး ယုံကြည်နေကြတာပါ။

ဦးဂါရွာသူကို အဓမ္မပြုကျင့်ခဲ့သည့် တပ်မတော်သား ၃ဦးကို အလုပ်ကြမ်း နဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်
“တရားခံ တဦးကို ထောင်ဒဏ်နှစ် ၂၀ဆီနဲ့ အလုပ်ကြမ်းချမှတ်လိုက်ပါပြီ။ အခုပဲ တရားခံတွေကို စစ်တွေထောင်ကို ပို့လိုက်ပါပြီ။ ၃ ယောက်စလုံးကို ပြစ်ဒဏ် ညီတူညီမျှပါပဲ” လို့ ယင်းအမှုကိုလိုက်ပါဆောင်ရွက်နေသူ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက ပြောသည်။

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများပပျောက်ဖို့ အားလုံးအတူတကွလုပ်ဆောင်စို့…
“ကျမတို့ လှုပ်ရှားခဲ့တဲ့ နယ်စပ်ဒေသမှာဆိုရင်ကွန်ပြူတာ အသုံးပြုတတ်သူ ကိုယ့်အသိုင်းအဝိုင်းမှာ မရှိသလောက် ရှားပါးပြီးကွန်ပြူတာ ပိုင်ဆိုင်သူလည်း မရှိပါဘူး ။ အမျိုးသားနိုင်ငံရေး အဖွဲ့အစည်းရုံးတွေမှာသာ အနည်းအကျဉ်းရှိတဲ့ အခြေအနေဖြစ်တဲ့အတွက်ရံဖန်ရံခါ အမျိုးသား အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှုတွေကိုလည်း ရယူပြီး အခမ်းအနားတွေကိုပြုလုပ်ရပါတယ်။ လှုပ်ရှားမှု အစီရင်ခံစာတွေကို လက်ရေးနဲ့ရေးပြီး ၃ နာရီလောက်လမ်းလျှောက်မှ ရောက်တဲ့ စာတိုက်ကနေ တဆင့် ရုံးချုပ်ကို ပို့ခဲ့ရပါတယ်”

Qစင်တာရောက် အမျိုးသမီးတွေလုံခြုံရေး တိုးမြှင့်ပေးချိန်ရောက်ပြီ
“Quarantine စင်တာတွေ စလုပ် ကတည်းက စပြောတယ်။ တံခါးရောရှိရဲ့လား။ ဂျက်ကောထိုးရဲ့လား။ အစောင့်ရော ရှိလားဆိုတော့…ပိုတယ်တွေ ဘာတွေ လုပ်တာ။ တမြို့ထဲသားချင်းပဲ ဘယ်သူကလုပ်မှာစိုးလို့လဲ။ ဘယ်သူက လုပ်မှာ မိုလို့လဲ။ ဘာလဲ။ ညာလဲ ။ ရွာမှာပဲ ဒီလောက်လုပ်တာကိုပဲ နင်တို့က ကျေးဇူးတင်ဦးဆိုတဲ့ ဟာတွေ ရှိတယ်။ အခုတော့ မဖြစ်သင့်ပဲ ဖြစ်သွားတဲ့ဟာဖြစ်တယ်”

လွှတ်တော်ထဲမရောက်ပေမယ့်လည်း လယ်သမားအရေးတွေဆက်လုပ်နေမယ့်မစုစုနွေး
“အဓိက စိန်ခေါ်မှုကတော့ ကျမတို့ မြို့နယ်မှာတော့ အမျိုးသမီးနဲ့ အမျိုးသားရယ်လို့ မဟုတ်ဘူး။ အစိုးရ ဖွဲ့နိုင်သောပါတီကိုပဲ မဲပေးပါ။ အဓိကတော့ ဒေါ် အောင်ဆန်းစုကြည်ရဲ့ နာမည်ကို သုံးပြီးတော့မှ အန်တီဒေါ်အောင်ဆန်းစုကြည်က မဲသုံးမဲ စလုံးရမှနိုင်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မဲနိုင်စေချင်ရင် အစိုးရဖြစ်စေချင်တယ်ဆိုရင် မဲ သုံးမဲ စလုံး ဒေါ် အောင်ဆန်းစုကြည်ကို ပေးပါဆိုတဲ့ မဲဆွယ်စည်းရုံးမှုတွေက ကျမတို့ရဲ့ စိန်ခေါ်မှု အကြီးဆုံး ဖြစ်တာပေါ့။”

“(လွှတ်တော်ထဲ) ပါသွားတဲ့ အမျိုးသမီးတွေကလည်း ကိုယ့်ရဲ့ စွမ်းအားကိုပြမှ နောက်လူတွေက ဆက်ပြီးတော့ (အမျိုးသမီးအမတ်တွေကို)ယုံကြည်မှာ”
“မသန်စွမ်းအမျိုးသမီး ဖြစ်တဲ့ အတွက် အများကြီး Bulling လုပ်တာ ခံရတယ်။ အကျိုးတွေ၊ အကန်းတွေက နိုင်ငံတော်ကို တက်ပြီးတော့မှ ဘာလုပ်ရမှာလဲလို့။ အဲ့လိုမျိုးပေါ့။ နောက်တစ်ခုက ကျမလွှတ်တော်ထဲ ရောက်မယ်ဆိုရင် ကျမ လွှတ်တော် ရောက်ဖို့ အတွက်တောင်မှ ဝှီးချဲ တွေတောင်မှ ဝယ်ပေးရဦးမှာ။ ဝှီးချဲ လမ်းတွေ ထပ်ပြီးမှ အသစ်ဖောက်ပေးရမှာ အကုန်အကျများတာတို့ …ဒါ ကျမ မှတ်မိတာကိုပဲ ပြောပြတာနော်။ ဒါမျိုးတွေ တော့ ကြုံရတာပေါ့နော်။ ”

တပ်တွင်းစစ်ဆေးနေသည့် ဦးဂါရွာသူအမှု ၄လကျော်ကြာသည်အထိ အဖြေမသိရသေး
“နစ်နာတဲ့ အမျိုးသမီးကလည်း ဒီအမှုနဲ့ ပတ်သက်ပြီးတော့ အရမ်းကို မျှော်လင့်နေတယ်။ တရားမျှတမှု ရရှိမယ်ဆိုပြီး မျှော်လင့်ပြီး အဖြေဘယ်လိုလာမလဲ ဆိုတာ သူကိုယ်တိုင်လည်းအရမ်း သိချင်နေတယ်”

သက်ငယ်မုဒိန်းဆန့်ကျင်ရေးလှုပ်ရှားသူ သက်ငယ်မုဒိမ်းသံသယမှုဖြင့်ရင်ဆိုင်နေရ
“ဒီကိစ္စမှာဆိုရင်လည်း မလုပ်သင့်တဲ့ ကိစ္စကို လုပ်တယ်။ ဗစ်တိုးရီးယား ကိစ္စမျိုးမှာ ဆန္ဒပြတဲ့ အထဲမှာတောင် ပါဝင်ခဲ့တဲ့ သူက ဒီလို မျိုးလုပ်တယ်ဆိုတော့ ဒီလို လူက အယောင်အဆောင်လို့ဘဲ ကျနော်မြင်တယ်”

မဲပေးခွင့်မရသည့်ဒေသမှ အမျိုးသမီးများ၏ အသံများ
မေးချင်တယ် ဘာမှ(တိုက်ပွဲတွေ)မဖြစ်တဲ့နေရာမှာ၊ ဘာမှ(ပြဿနာ)မရှိတဲ့နေရာမှာ ဘာလို့ မလုပ်တာလဲပေါ့။ အခုဖြစ်နေတဲ့ ကျေးရွာ အုပ်စု ၁၂ အုပ်စု ဆိုရင် လုံးဝ ဘာမှ မဖြစ်တဲ့နေရာဖြစ်နေတယ်။ ဟိုတလောက ဖြစ်သွားတဲ့ (စစ်ပွဲဖြစ်တဲ့နေရာ)ဆိုရင်လည်း ပိတ်လိုက်တဲ့ မဲဆန္ဒနယ် ထဲမှာ မပါဘူး။ တလွဲတွေ ဖြစ်နေတယ်။ ဘာလို့ အဲ့ဒီလို ဖြစ်နေတာလဲ။ ဘာလို့ ဒီလို လုပ်လိုက်တာလဲ အဲ့ဒါတော့မေးချင်ပါတယ်။


