
မလုံခြုံ ထိတ်လန့်မှုများအောက်က လူပ်ရှားသွားလာနေရတဲ့အမျိုးသမီးတွေ
" အခုလိုဖြစ်တာ ဖမ်းမယ့်သူမရှိလို့ပါ တာဝန်ရှိသူတွေက မဖမ်းဘဲလွှတ်ထားတာကြောင့် လုယက်တာတွေရိုက်နှက်ခံရ တာတွေဖြစ်နေတာ"

အဆုံးသတ်မလှခဲ့သည့်အိမ်မက်များ
“အနီးပတ်ဝန်းကျင်က လူပွဲစားတစ်ဦးက တရုတ်တွေနဲ့ လက်ထပ်ရင် ငွေနှစ်ဆယ့်ငါးသိန်း ရမယ်ဆိုပြီးပြောတယ်။ မွဲပြာကျနေတဲ့ မိဘနှစ်ပါးအတွက် ကိုယ်ပိုင်အိမ်တစ်ဆောင်ရမလားဆိုပြီး စွန့်စားခဲ့တာ။ မောင်လေးကျောင်း ထားနိုင်ဖို့လည်း လိုသေးတယ်လေ”

ဖိနှိပ်ခံထားရပေမယ့် ကျိုးကြေမသွားတဲ့တော်လှန်ရေးစိတ်ဓါတ်နဲ့ ကျောင်းသားလူငယ်တွေ
“စစ်မေးတဲ့အခါမှာ ကြမ်းကြမ်းတမ်းတမ်းနှိပ်စက်ညှင်းပန်းတဲ့ကိစ္စမျိုးတွေရှိပါတယ်။ ဝါယာကြိုးတွေနဲ့ ရိုက်နှက်ခံရတာတွေရှိ တယ်”

စစ်အာဏာရှင်စနစ်ကို တော်လှန်နေသော အမျိုးသမီးထုနှင့် LGBT တို့၏ အားမာန်
"တဲကလေးကို တောထဲက ဓနိတွေကာပြီးနေရတယ်...မိန်းကလေးတစ်ယောက်အနေနဲ့လုံခြုံမှုတော့ ဘယ်ရှိ မလဲ။ အိမ်သာကိုတောကြီးထဲမှာသွားတက်ရတာ အရင်ကမြို့ပေါ်မှာနေခဲ့ရတော့ကြောက်တယ် ... ပြီးတော့ ရေချိုးတာချောင်းထဲမှာ။ အဲ့လိုမျိုးတွေအများကြီးရှိတယ်။ ဒါပေမဲ့ဒါတွေက ငိုကြွေးနေရမဲ့ အရာတွေမဟုတ်ဘူး”

အခက်အခဲကြားက လောကဓံကို ရင်ဆိုင်နေကြသူများ
"တနေကုန်ရှာပြီး ဒိုင်ဝင်စံချိန်မှီအကောင်ကြီးတွေရရင် တနေ့ကို ငွေသား ၄၀၀၀ လောက်ရတတ်ပါတယ်။ တစ်ခါတစ်လေကျတော့လည်း ၁၀၀၀ လောက်တည်းပဲ ရတတ်ပါတယ်။ ရွှံ့ထဲနွံထဲမှာ သဘာဝအတိုင်းနေနေတဲ့ ဂုံးတွေကိုရှာရတာဆိုတော့ ပုံမှန်ဝင်ငွေရယ်လို့တော့ မရှိဘူးပေါ့”

“သူများတွေက သတ်တယ် စစ်စတာက ပြန်မွေးပေးတယ် “
“ဆရာဝန်မဟုတ်ဘဲ ဒီလိုမျိုးတွေ လုပ်နေတယ်ဆိုပြီး ဝေဖန် အပြောခံရတာတွေတော့ရှိတာပေါ့ ။ ဒါပေမယ့် စစ်စတာရဲ့ စိတ်ထဲမှာ စီးပွားရေးလုပ်တာမဟုတ်ဘူး။ တကယ့်လူနာရဲ့ လိုအပ်ချက်ကို ကိုယ်တတ်တဲ့ပညာ၊ ဘုရားပေးတဲ့ အရည် အချင်းနဲ့ ကူညီလိုက်တာပဲ”

မြို့ပြစစ်ဘေးအတွက် စိုးရိမ်နေကြသူတွေ
“ မြို့နေလူထုတွေပါ ထိတ်ထိတ်လန့်လန့်ဖြစ်ပြီး ကျီးလန့်စာစားရသလိုမျိုးဖြစ်နေတာ။ ကိုဗစ်လည်းကြောက်ရ၊ ရိုးရိုးသား သား ကိုယ့်စီးပွား ကိုယ်ရှာနေပေမယ့်လည်း အန္တရာယ်မကင်း၊ ဘယ်နေရာက ဗုံးထကွဲလိုက်မလဲ၊ ဘယ်နေရာမှာ တိုက်ပွဲ တွေဖြစ်ပြီး ကိုယ်က ကြားညှပ်ပြီးတော့ အသေခံလိုက်ရမလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ နေနေကြတာပါ”

မုန်းတီးမှုကိုဖယ်ပျောက်နိုင်တဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီကို ထူထောင်နိုင်ဖို့ စဉ်းစားထားရမှာပါ
“ ဒီတခေါက် နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့ လက်တွဲပြီး ပါဝင်ခဲ့တဲ့ LGBT တိုက်ပွဲဝင်တွေကို လေးစားဖို့ လိုအပ်သလို လူမှန်နေရာမှန် အသိအမှတ်ပြုလိုတဲ့စိတ်ဓါတ်၊ မုန်းတီးမှုကိုဖယ်ပျောက်နိုင်တဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီကို ထူထောင်နိုင်ဖို့အထိ စဉ်းစားထားရမှာပါ။”

ခြိမ်းခြောက်အနိုင်ကျင့်မှုအောက်က လက်လုပ်လက်စား ဈေးရောင်းသမများ
“ဒီစစ်တပ်တက်ကတည်းက တစ်ရက်မှ စိတ်ချမ်းချမ်းသာသာနေရတယ်။ ဈေး ရောင်းရတယ်လို့မရှိဘူး။ အလုပ်ကမရှိရတဲ့ကြားထဲ သူတို့ကခေါင်းပုံဖြတ်ယူနေတော့ ကျွန်မတို့ကငတ်ပြီပေါ့”

နှစ်ကာလရှည်ကြာစွာ မုဒိန်းမှုကျူးလွန်ခဲ့သူ ဟိုပုံးမြို့က ကျေးရွာလူကြီးကို ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်
“အမျိုးသမီးဘက်ကနေ ကြည့်ရင် ပြစ်ဒဏ်က နည်းနေတယ် ။ စစကျုးလွန်ခံရတဲ့အချိန်လည်း အသက်ကလည်းမပြည့်သေးဘူး။ ကြားထဲမှာ သူဘယ်လောက်တောင် အကျဉ်းအကြပ်ထဲနေရခဲ့မှာလဲပေါ့နော် ၊ သို့ပေမဲ့ တရားသူကြီးက အမှုတစ်စုံလုံးအပေါ်ကို ကြည့်ပြီး အမိန့်ချတာဆိုတော့ ကိုယ်ကမကျေနပ်လည်း လက်ခံလိုက်ရတဲ့ သဘောတော့ရှိတယ်”


