သတင်း

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

အောက်တိုဘာ ၈ ရက်ကနေ ၁၅ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ရပါတယ်။

ရသေ့တောင်က ဆရာမအသတ်ခံရမှု ပြစ်မှုကျူးလွန်သူဝန်ခံ

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျွန်းပေါ်ပေါက်တောကျေးရွာက ပန်းဖော်ပြင်ရွာကို စာပြသွားချိန် လမ်းမှာအသတ်ခံခဲ့ရတဲ့ ကျောင်းဆရာမအမှုမှာ ပြစ်မှုကျူးလွန်သူက ကိုယ်တိုင်ဝန်ခံထားတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ထုတ်ပြန်ပါတယ်။

မုန်လိုင်ခက်မှာ ဗုံးကြဲတိုက်ခိုက်ခံရလို့ အမျိုးသမီး ၁၅ ဦးအပါအဝင် ၂၉ ဦးသေဆုံး

ကချင်ပြည်နယ်၊ လိုင်ဇာမြို့နဲ့ နှစ်မိုင်ခန့်သာဝေးတဲ့မုန်လိုင်ခက်ရွာ စစ်ရှောင်စခန်းထဲ ပြင်းထန်ဗုံးများကျရောက်ပေါက်ကွဲတာကြောင့် ကျား ၁၄ မ ၁၅ ဦး စုစုပေါင်း ၂၉ ဦးသေဆုံးခဲ့ပြီး အဆိုပါ သေဆုံးသူတွေထဲ လသားကလေးငယ်အပါအဝင် ကလေးငယ် ၁၀ ဦး ပါဝင်ခဲ့တယ်လို့ Kachin Gender Star Group က ထုတ်ပြန်ပါတယ်။

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၁ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာ တွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

လူမှုကွန်ရက်ပေါ် ရေးသား၊ ပြောဆိုမှုကြောင့် ဖမ်းဆီးခံရသူ ၁,၃၀၀ ကျော်တွင် အမျိုးသမီး ၄၇၀ ဦးကျော်ပါဝင်

လူမှုကွန်ရက်များပေါ်တွင် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုနှင့် နွေဦးတော်လှန်​ရေးအဖွဲ့အစည်းများကို ထောက်ခံအားပေးသည့် ​ရေးသားမှုများနှင့် ပြောဆိုဆက်သွယ်မှုများကြောင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသူ ၁,၃၀၀ ဦးကျော် ရှိလာပြီဖြစ်ကြောင်း Data For Myanmar က ယနေ့ အောက်တိုဘာ (၈)ရက်တွင် ထုတ်ပြန်သည်။

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

စက်တင်ဘာလ ၂၅ ရက်မှ အောက်တိုဘာ ၁ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်း အရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

မြောက်ဦးမှာ အသက်လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သက်ငယ်မုဒိန်း ပြုကျင့်ခံရ

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ ၊ဆင်ချဆိပ်ရပ်ကွက်မှာ နေထိုင်တဲ့ အသက်လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အမျိုးသားတစ်ဦးက သက်ငယ်မုဒိန်းပြုကျင့်မှု ယမန်နေ့က ဖြစ်ပွားခဲ့ပါတယ်။

အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်း စစ်တပ်က NLD ပါတီဝင် အမျိုးသမီး ၁၀ ဦးကို အကြောင်းမဲ့သတ်ဖြတ်ခဲ့

စစ်အာဏာသိမ်းချိန်မှစလို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်အထိ အကြောင်းမဲ့သတ်ဖြတ်ခံရတဲ့ ပါတီဝင် အမျိုးသမီး ၁၀ ဦးရှိပြီး ဖမ်းဆီးခံရသူပါတီဝင် အမျိုးသမီး ၁၉၁ ဦးရှိကာ ပါတီဝင်အမျိုးသမီးတွေရဲ့နေအိမ်အပါအဝင် ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်သိမ်းယူခြင်းခံရသူ ၈၄ ဦးရှိတယ်လို့ NLD ပါတီရဲ့ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌဒေါက်တာ ဒေါ်မေဝင်းမြင့်က ပြောပါတယ်။

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

စက်တင်ဘာ ၁၈ ရက်ကနေ ၂၅ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြပေးလိုက်ရပါတယ်။