
လွတ်မြောက်နယ်မြေက တော်လှန်ရေး လက်ခတ်သံ
" အခြေအနေကမကောင်းဘူးဆိုလည်း ဒီဟာကို ခဏရပ်ရင်လည်း ရပ်ရမှာပေါ့နော့် ဘယ်လိုဆက်ဖြစ်လာမလဲ မသိဘူး။ လုပ်လို့ရသလောက်လုပ်ပြီး ကူညီလို့ရသလောက်ကူညီမယ်လို့တော့တွေးထားတယ်"

တိုက်ပွဲရှောင်စာသင်ကျောင်းနဲ့စေတနာ့ဝန်ထမ်းဆရာများ
စေတနာ့ဝန်ထမ်းဆရာမတွေဟာ စစ်ရှောင်ကလေးတွေအတွက် ပညာရေးကွက်လပ်ကို ဖြည့်ပေးနိုင်ခဲ့ပေမယ့် ကလေးတွေစိတ်ထဲ စွဲကျန်နေတဲ့ စစ်ရဲ့အနိဌာရုံတွေကိုတော့ ဖယ်ရှားပေးဖို့ မစွမ်းနိုင်ခဲ့ပါဘူး။ စစ်ရှောင်စခန်းမှာ ရောက်လာတဲ့ သူအများစုဟာ ကြောက်စိတ်တွေ ရှိနေပြီး “ ရေပုံး ပြုတ်ကျ၊ တစ်ခုခု ပြုတ်ကျဖြစ်ဖြစ် လန့်ပြီး အော်ကြတယ်” လို့ ဆိုပါတယ်။
ကလေးတွေအချင်းချင်း ပြောကြတဲ့ သူတို့ကြုံတွေ့လာရတဲ့ ဇာတ်လမ်းတွေဟာလည်း တိုက်ပွဲ၊ ဗုံးကြဲလေယာဉ်၊ သေနတ် စတာတွေ ဖြစ်ကြတဲ့အတွက် စိတ်ထိခိုက်ရတယ်လို့လည်း ဆိုပါတယ်။

လွယ်လွယ်နှင့် မေ့ပျောက်နိုင်ကြမည်မဟုတ်သည့် ဖြစ်ရပ်ဆိုး
" တော်တော်ကို ဒုက္ခများပါတယ်ဗျာ။ ဘယ်ပါတီဝင်မှလည်းမဟုတ်၊ ဘယ်အဖွဲ့မှလည်းမပတ်သက်၊ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့ ပြည်သူတွေကို ဒီလိုလုပ်တာ အတော်ကိုရက်စက်လွန်းပါတယ်"

စက်ဘီးလေးနဲ့ စာအုပ်သည်
" စာအုပ်ရောင်းတာ စွန့်စားရာတော့ရောက်တယ်။ ငါလက်လွတ်လိုက်ရမလားဆိုပြီးတွေးဖူးတယ်၊ စိတ်ဓာတ်တွေလည်း ကျဖူးတယ်။"

“ ရွာကိုပဲမီးရှို့လို့ရမယ် စိတ်ဓာတ်နဲ့မြေကိုမီးရှို့မရဘူး”
"ဒူးထောက်သွားမှာမဟုတ်ဘူး၊ အာဏာရှင်အမြစ်ပြတ်တဲ့အထိ တောထဲကပဲနေနေဘယ်လိုပဲနေနေ တော်လှန်သွား မယ်လို့ဆုံးဖြတ်ထားတယ်”

အကျပ်အတည်းကြားက ပရဟိတ
" ပြန်လွှတ်ပေးလိုက်တယ်ဆိုပေမယ့် ကျွန်မတို့ ခံဝန်တွေဘာတွေတော့ ထိုးရတာပေါ့။ တချို့အချက်အလက် တွေကို တားမြစ်ထားတော့ အကုန်ထုတ်ပြောဖို့တော့ အဆင်မပြေဘူး"

စစ်အုပ်ချုပ်ရေးအောက်ကအလုပ်သမားတွေဘဝ
“စက်ရုံပိတ်လိုက်တဲ့ ကာလမှာ အလုပ်သမားတွေ စားဝတ်နေရေး ကျပ်တည်းတယ်။ အဲ့ဒါတွေအတွက် နစ်နာကြေးပေးဖို့ပြောတော့ သူတို့ဘက်က စက်ရုံပိတ်တာ မီးလောင်လို့ပိတ်တာ။ အဲ့တုန်းက လစာမဲ့လို့ စာကပ်ထားတယ်ဆိုပြီး ငြင်းတယ်”

ကျေးလက်တော်လှန်ရေးမှသည် မြို့ပြတော်လှန်ရေးကိုပြန်လည်ပုံဖော်လိုသူ
“ ပြည်သူလူထုကိုယ်တိုင်က လက်ခံယုံကြည်လာလို့ မြေပြင်သပိတ်တက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့ ပြည်သူလူထုနဲ့ အတူ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေကို ထွက်ပေးနိုင်တာပါ”

အပြစ်မရှိဘဲ တစ်နှစ်ကျော် အကျဉ်းကျခံခဲ့ရတဲ့ လက္ကာရွာသူ
"ကျမက ညီမဆီကိုသွားတွေ့ဖို့အတွက် စားရိတ်ရအောင် တစ်ရက်မှာ ငွေလေးလေးငါးထောင်ရမလားဆိုပြီး ကြုံရာကျဘမ်း အလုပ်တွေကို လုပ်ခဲ့ရတယ်။ အလုပ်မလုပ်ရတဲ့နေ့တွေမှာဆိုရင် တခြားလူတွေဆီက ငါးထောင်တစ်သောင်း အကူညီတောင်း ပြီးတော့ ညီမရုံးချိန်းကိုတက်ခဲ့ရတယ်။"

အမျိုးသမီးတွေအထိနာတဲ့ ၂၀၂၁
“ ဒီကာလက အလုပ်လိုသူများပြီး အလုပ်ရှားနေတော့အလုပ်ရဖို့မလွယ်ဘူး။ ကျမဘယ်တုန်းကမှ ဒီလိုကြမ်းတမ်းတဲ့အလုပ်တွေလုပ်ရလိမ့်မယ်လို့ တွေးတောင်မတွေးမိခဲ့ဘူး”


