
ညောင်ရွှေမြို့အနာဂတ်ကိုထုဆစ်ကြသူများ
"ကလေးတွေက ပုံမှန်လေး၊ စနစ်တကျလေးလုပ်နေတော့ ကလေးတွေကို အသိအမှတ်ပြုရင်း လူတွေလည်း ဆင်ခြင်လာတယ်ပေါ့၊ တခုပဲ တချို့စည်းကမ်းမလိုက်နာတဲ့ သူတွေက အမှိုက်မီးရှို့နေတုန်း ၊ကလေးတွေကလည်း မီးရှို့ရင်သွားပြောတာ မီးမရှို့ဘဲ အမှိုက်ကို စနစ်တကျလေးပစ်ပေးဖို့ကို"

အနာဂါတ်တွေ မှောင်မိုက်နေကြရတဲ့ ရန်ကုန်မြို့ပြရဲ့ ညတန်ဆာများ
" ဒီကာလ အလုပ်သိပ်မဖြစ်ကြဘူး။ စားစရိတ်တောင်မတတ်နိုင်တော့တဲ့ အခြေနေ။ နေ့စဉ်အသုံးစားရိတ်ကို ချေးငှား သုံးရတာလည်းရှိတယ်။ ၂၀ တိုးလောက်နဲ့ ချေးကြရတယ်။ ဖောက်သည်များများရတဲ့နေ့ အကြွေးပြန်ဆပ်၊ အဆင်မပြေ တဲ့အခါ ပြန်ချေးပေါ့"

လယ်ထဲကကျည်
“ရှေ့တန်းသွားတဲ့ ရဲဘော်တွေအတွက် ကျည်တစ်ထောင့်က အသက်လိုအရေးပါတော့ ကျမတို့လည်း ကျည်ဖိုးကူရှာပေးချင်တယ်။ နောက်စစ်ကြောင်းထိုးလို့ လယ်မစိုက်နိုင်တဲ့ တောင်သူတွေလည်း ကူပေးရင်း နေ့စားကောက်စိုက်ဖို့ စဉ်းစားဖြစ်တယ်”

လွတ်မြောက်နယ်မြေတွေက ပြည်သူ့ဝန်ဆောင်မှုများ
“ ဒီလုပ်ငန်းတွေက တာဝန်ကြီးတာကိုနားလည်တယ်။ ဒီလုပ်ငန်းတွေတိတိကျကျလုပ်နိုင်လေ တပ်ဖွဲ့အတွက် ပြည်သူအတွက် တော်လှန်ရေးအတွက် ဘယ်လောက်အကျိုးရှိတယ်ဆိုတာကို သိတဲ့အတွက် စိတ်ကျေနပ်မှု ရှိတယ်”

နွေဦးအတွက်စွန့်တဲ့ဆံကေသာ
“သူတို့တွေခမျာ အိုးပစ်အိမ်ပစ်နဲ့ အိုးမရှိအိမ်မရှိနဲ့ သူတို့အတွက် ငါလုပ်ပေးနိုင်တယ်ဆိုပြီးတော့ ကြည်နူးတယ်။ ငါ့ဆံပင်ကအချိန်တန်ရင် ပြန်ပေါက်လာမှာ သူတို့တွေပြေးနေရတဲ့သူတွေ သူတို့တွေ ဘယ်လိုနေမလဲဆိုပြီး တွေးမိပြီး စိတ်မကောင်းဖြစ်တယ်”

အိမ်မဟုတ်သော အခန်းကျဉ်းထဲက ဘဝတွေ
“အရင်နှစ်တွေတုန်းက နေရပ်ပြန်နိုင်ပြီပြောတော့ ပျော်နေခဲ့တာ။ အခုကျတော့ နိုင်ငံရေးကပိုပိုဆိုးလာတော့ အိမ်ပြန်နိုင်ဖို့က ဘာမှမမျှော်လင့်ရဲ့တော့ဘူး။ အနာဂါတ်အတွက်ဘာ စိတ်ကူးမှလည်းမရှိတော့ဘူး တစ်ရက် တစ်ပတ် တစ်လ ဒီလိုဘဲဖြတ်ကျော်နေတယ်။ အိမ်ပြန်ချင်တဲ့စိတ်ကတော့ အခုရရင် အခုတောင်ထပြန်ချင်ပါတယ်”

လောက်ကိုင်မြို့က အလုပ်ခေါ်စာ နောက်ကွယ်
“ ကျမလို ကြာဖျန့် မသိလို့ သွားလုပ်မိတဲ့အဖြစ်မျိုးမဖြစ်စေချင်ဘူး။ ဆိုးတဲ့ကုမ္ပဏီတွေနဲ့ ဆုံရင် ဒုက္ခရောက်နိုင်ပါတယ်။ "

ရေကြည်ရာမြက်နုရာကိုရှာဖွေရင်း စနစ်ဆိုးနဲ့ဝေးရာ ရှောင်ပြေးနေရတဲ့လူငယ်တွေ
" မြန်မာနိုင်ငံမှာ အခြေခံလူတန်းစားတွေအတွက် ထမင်းဝဝလင်လင် စားရနိုင်တဲ့အလုပ်မရှိတာ ရှိလာနိုင်စရာလဲမရှိတော့ ဘူး။"

ကုန်စျေးနှုန်းတစ္ဆေခြောက်လှန့်ခံနေရတဲ့ အိမ်ထောင်ရှင်မတွေ
"တစ်ခါတစ်လေမှာ ချဉ်ပေါင်ရွက် အစုံထုတ်ထားတဲ့ တစ်ရာတန် တစ်ထုတ်သာ ဝယ်နိုင်တဲ့ရက်တွေဆို အရည်ကျဲကျဲနဲ့ ချက်ပြီး ငပိထောင်းနဲ့ ပြီးခဲ့ရတဲ့ ရက်တွေလည်း ရှိတယ်"

မအောင်မြင်တဲ့အာဏာသိမ်းမှုကြောင့် အမျိုးသမီးတွေ အကြောင်းမဲ့သတ်ဖြတ်ခံနေရ
ရှင်ငြိမ်း။ ။
မအောင်မြင်တဲ့အာဏာသိမ်းမှုကြောင့်…


