Home သတင်း စစ်ကိုင်းပညာရေးတက္ကသိုလ်မှ အမျိုးသမီးရည်းစားနှင့်ချိန်းတွေ့စဥ် အုတ်ခဲဖြင့်ထုပြီး ဓာတ်ဆီလောင်း မီးရှို့ခံရ

စစ်ကိုင်းပညာရေးတက္ကသိုလ်မှ အမျိုးသမီးရည်းစားနှင့်ချိန်းတွေ့စဥ် အုတ်ခဲဖြင့်ထုပြီး ဓာတ်ဆီလောင်း မီးရှို့ခံရ

နွေဦးမောင်

ဒီဇင်ဘာ ၈

စစ်ကိုင်းပညာရေးတက္ကသိုလ်မှ စစ်ကောင်စီလက် အောက်ခံ အမျိုးသမီးတစ်ဦးအား အွန်လိုင်းမှချစ်ကြိုက်ခဲ့သော ရည်းစားက ဦးခေါင်းကို အုတ် ခဲဖြင့်ထု၍ ဓာတ်ဆီလောင်းမီးရှို့မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါအမျိုးသမီးသည် ယမန်နေ့ ဒီဇင်ဘာ ၅ ရက်နေ့ညပိုင်းက အွန်လိုင်းမှချစ်ကြိုက်ခဲ့သည်မှာ နှစ်ရက်ခန့်သာရှိသေးသော ရည်းစားဖြစ်သူနှင့် ချိန်းတွေ့ရင်း ယခုကဲ့သို့ အသက်အန္တရာယ်နှင့် ကြုံရခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။

photo – Supplied

၎င်း၏ရည်းစားဖြစ်သူက ကာမဆန္ဒရယူရန်ပြုမူသည်ကို မလိုက်ရောသဖြင့် အုတ်ခဲဖြင့် အထုခံရခြင်းဖြစ်ပြီး ယင်းနောက် ရည်းစားဆိုသူက ဓာတ်ဆီလောင်းမီးရှို့၍ သတ်ဖြတ်ရန်ကြံသဖြင့် ဘေးပတ်ဝန်းကျင်သို့ အကူအညီတောင်းရာမှ အသက်ဘေးနှင့် လွတ်မြောက်ခဲ့သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

သို့သော် အဆိုပါအမျိုးသမီး၏ခန္ဓာကိုမှ အဝတ်အစားများမှာ စုပ်ဖြဲခံထားရခြင်း၊ မီးစွဲလောင်၍ အဝတ်အစားများပေါက်ပြဲနေခြင်းအပါအဝင် ခန္ဓာကိုယ်အနှံ့ မီးလောင်ဒဏ်ရာများရရှိထားသောကြောင့် စစ်ကိုင်းဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

photo – Supplied

ပညာရေးတက္ကသိုလ်မှ အမျိုးသမီးအား ကာမဆန္ဒရယူရန် ကြိုးပမ်းသူနှင့် အသက်သေဆုံးနိုင်သည်အထိ ကျူးလွန်ခဲ့သော အမျိုးသားမှာ အခင်းဖြစ်နေရာမှ ထွက်ပြေးခဲ့သော်လည်း စစ်ကောင်စီရဲများက ၁၃ နာရီခန့်အကြာတွင် ဖမ်းဆီးနိုင်ခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့်သတင်းဌာနများတွင် ဖော်ပြထားသည်။

အမျိုးသမီးတစ်ဦးအား အလိုမတူဘဲ ကာမဆန္ဒရယူရန် ကြိုးပမ်းသူနှင့် လူသတ်ရန်ကြံစီသူမှာ စစ်ကိုင်းမြို့နယ်ကနားတော်ကျေးရွာမှ ၂၄ နှစ်အရွယ် ဇာနည်ထွန်း(ခ)ရဲရင့်ဆိုသူဖြစ်ပြီး ကျောက်ဖြတ်လုပ်သားတစ်ဦးဖြစ်သည်။

Author:

Related Articles