Home သတင်း မြိုင်မှာ ဒေသခံအမျိုးသမီးနှစ်ဦးက ရဲတွေသောက်မယ့် ထန်းရေထဲ ဆေးခပ်ပြီး သေနတ်တစ်လက်ယူပြေး

မြိုင်မှာ ဒေသခံအမျိုးသမီးနှစ်ဦးက ရဲတွေသောက်မယ့် ထန်းရေထဲ ဆေးခပ်ပြီး သေနတ်တစ်လက်ယူပြေး

နွေဦးမောင်။ ။

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ထန်းရေသောက်ရန်လာသည့် ရဲနှစ်ဦးအား ဒေသခံအမျိုးသမီးနှစ်ဦးက ထန်းရေထဲဆေးခပ်တိုက်ပြီး သေနတ်တစ်လက်ရအောင် စွမ်းဆောင် နိုင်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ယမန်နေ့ ဇန်နဝါရီ ၃ ရက်နေ့ နေ့လယ် ၃ နာရီ ၄၅ မိနစ်ခန့်က မြိုင်မြို့မရဲစခန်းမှ ရဲတပ်သားနှစ်ဦးဖြစ်သော မြတ်စိုးကျော်နှင့် မျိုးမင်းသိန်းတို့သည် အရက်သေစာသောက် စားရန် ပြည်သူလူထုထံသို့တောင်းဆိုစဉ် အမျိုးသမီးနှစ်ဦးက ရဲနှစ်ဦးသောက်မည့် ထန်းရည်ထဲ ဆေးခပ်တိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရဲနှစ်ဦးသည် ဒေသခံပြည်သူများထံ အနိုင်ကျင့်ဗိုလ်ကျ၍ အရက်သေစာသောက်စားရန် မကြာခဏပြင်ဆင်ခိုင်းလေ့ရှိသောကြောင့် ဖြစ်စဥ်ပါအမျိုးသမီးနှစ်ဦးက မခံရပ်နိုင်ဖြစ်ရာမှ ထန်းရည်ထဲဆေးခပ်ကာ ၎င်းတို့ကိုယ်တိုင်လည်း ရဲများယုံကြည်အောင် ထန်းရည်အတူသောက်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်လကျ်ာက ပြောသည်။

“ခွေးက သူတို့ဆီ ထန်းရေလာလာသောက်လို့ တိုင်ပင်ထားတာ သုံးလ ကျော်ပြီ။ ဒီတစ်ခေါက်တော့ ကိုယ်ဆင်တဲ့အကွက်ထဲ ဝင်သွားတာပေါ့”ဟု ဗိုလ်လကျ်ာက ဆို သည်။

အထက်ပါ အမျိုးသမီးနှစ်ဦးသည် ၎င်းတို့ကိုယ်တိုင် ထန်းရေထဲခပ်ခဲ့သော ဆေးကြောင့် အဆိပ်သင့်ကာ ဆေးကုသမှုခံယူနေရသော်လည်း စိုးရိမ်ရသည့်အခြေအနေမဟုတ်ဘဲ သက်သာလာပြီဖြစ်ကြောင်းမြိုင်မြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရှင်းပြသည်။

ထို့အပြင် စစ်ကောင်စီလက်အောက်ခံ ရဲနှစ်ဦးထံမှ အဆို ပါအမျိုးသမီးနှစ်ဦး လုယူရရှိခဲ့သော G3 သေနတ်တစ်လက်၊ ကျည်ဘောက်တစ်ခု၊ ကျည် (၁၇)တောင့်နှင့် ဖုန်းနှစ်လုံးတို့ကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံလာရောက်အပ်နှံခဲ့ပြီး ၎င်းအမျိုးသမီးနှစ်ဦးအား ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားသည်ဟုဆိုသည်။

Author:

Related Articles