အောက်တိုဘာ ၁၆ ရက်မှ ၂၂ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်း အရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။ ဖလမ်းမှာ စစ်တပ်ကထောင်တဲ့မိုင်းကြောင့် ကလေး ၆ဦးမိခင်သေဆုံး ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်၊ဇောင်းလေရွာမှ အသက်(၄၈)နှစ် ဒေါ်ဗျက်ဇာနှမ်အပါအဝင် အမျိုးသမီးအဖော် ၄ ဦးနဲ့အတူ တောင်ယာထဲဆေးမြစ်လိုက်ရှာရင်း စစ်တပ်ထောင်ထားတဲ့မိုင်းနင်းမိပြီး ဒေါ်ဗျက်ဇာနှမ်ဟာ သေဆုံးသွားခဲ့ပါတယ်။ ဒေါ်ဗျက်ဇာနှမ်သည် ခြေတဖက်ဒူးအောက်မှ ပြတ်သွားပြီး သွေးထွက်လွန်ကာ သေဆုံးခဲ့ရတာဖြစ်တယ်။ သူကွယ်လွန်ချိန် မှာ သားသမီး ခြောက်ဦးကျန်ရစ်ခဲ့ကြောင်း သိရပါတယ်။ မိုင်းကွဲတဲ့နေရာဟာ ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၂၆၈)နဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းတပ်စွဲ ထားတဲ့ထင်ရှုးစခန်းအနီးမှာဖြစ်တယ်။ Source – Mizzima ဗန်းမော်မှာ ကေအိုင်အို အရာရှိဟောင်းနဲ့ ဇနီးကို စစ်တပ်က ဖမ်းဆီးပြီး နေအိမ်ကိုဗုံးခွဲဖျက်စီး […]