Entries by webmaster

၂၀၂၃ ခုနှစ်အတွင်း အခက်အခဲအကျပ်အတည်းကြားက အမျိုးသမီးများအခြေအနေ အနှစ်ချုပ်

၂၀၂၃ခုနှစ်အတွင်း စစ်အာဏာသိမ်းမှုအောက်မှာ ဖိနှိပ်မှုပေါင်းစုံနဲ့ရင်ဆိုင်နေရတဲ့ အမျိုးသမီးတွေရဲ့အခြေအနေတွေ၊ စစ်ပွဲပဋိ ပက္ခတွေကြား အခက်အခဲတွေနဲ့ဖြတ်သန်းနေရတဲ့ အမျိုးသမီးတွေ၊နယ်ပယ်အသီးသီးက ထူးချွန်ထင်ရှားတဲ့အမျိုးသမီးတွေ စတဲ့ ဖြစ်ရပ်တွေကို စုစည်းဖော်ပြလိုက်ပါတယ်။

ဆေးဝါး ပြတ်လပ်မှုဒဏ် ခါးစည်းခံရတဲ့ ပြည်သူတွေရဲ့ ဒုက္ခ

ရေရှည် သုံးစွဲရတဲ့ ဆေးတချို့ ပြတ်လပ်တာ၊ ဆီးချိုသမားတွေ သုံးရတဲ့ အင်ဆူလင်ထိုးဆေး ပြတ်လပ်တာ၊ ဝမ်းအိတ်တွေ ပစ္စည်းပြတ်တာ စျေးနှုန်းကြီးမြင့်တာတွေကိုလည်း ဆေးဝါး ပုံမှန်သောက်နေရတဲ့ နာတာရှည် ဝေဒနာရှင်တွေ ကြုံနေရပါတယ်။

အမှိုက်ကနေ ထောက်ပို့ငွေ လှူပေးနေတဲ့ ထိုင်းရောက် မြန်မာတွေ

စွန့်ပစ် ပုလင်းခွံ ဘူးခွံတွေ ကောက်ယူရတဲ့အခါ အများစုက အညစ်အကြးတွေ အကွဲအရှတွေကြား ရောက်နေတတ်တော့ လက်တွေ ထိခိုက်ဒဏ်ရာရတာတွေ ကြုံရသလို၊ ရောဂါပိုးတွေ မကူးစက်အောင် လက်အိတ်တွေဝတ် ပိုးသတ်ဆေးတွေနဲ့ ဆေးကြောတာတွေ လုပ်ရပါတယ်။

ရိက္ခာပြတ်လို့ အငတ်ဘေး ကြုံရတော့မယ့် ရခိုင်ပြည်သူတွေ

သန့်ရှင်းထွန်း အုတ်အော်သောင်းနင်းဖြစ်နေတဲ့ လူစုလူဝေးရှိရာအရပ်ကို အသက် ၃၀ အရွယ် မဘော်စင်တီဟာ ပုံမှန်သွားနေကျ ခြေလှမ်းထက်မြန်တဲ့ ခြေလှမ်းနဲ့ ခပ်သွက်သွက် လမ်းလျှောက်လာခဲ့ပါတယ်။ လူအများစုဝေးနေတဲ့နေရာမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို မသိပေမယ့် သူ့မှာလည်း ရည်ရွယ်ချက် တစ်ခုနဲ့ အဲဒီနေရာကို လျှောက်လှမ်းခဲ့တာလို့ မဘော်စင်တီကပြောပါတယ်။ “ဒီအချိန်မှာ ဆန်တစ်ဘူးရနိုင်ဖို့က လူများတွေထက် ခြေလှမ်းသာဖို့ လိုပါတယ်။ လက်ရှိ ကျမတို့ရဲ့ နေ့စဉ်ဘဝက ထမင်းနှပ် မမှန်တော့ပါဘူး။ လူကြီးတွေ စားဖို့ထက် ကလေးအတွက် ဆန်တစ်ဘူး ရဖို့က ဒီအချိန်မှာအရေးကြီးဆုံးဖြစ်နေတယ်။”လို့ သူက ပြောပါတယ်။ မဘော်စင်တီဟာ လူတွေစုဝေးပြီး ဝယ်ယူနေတဲ့ ဆန်ဆိုင်ကို အပြေးအလွှားသွားပြီး ရှိတဲ့ငွေနဲ့ ရသလောက်ဆန်ကို ဝယ်ယူခဲ့တာလို့ ဆိုပါတယ်။ မဘော်စင်တီဟာ ရခိုင်ပြည်နယ်ထဲက မြို့နယ်တစ်ခုမှာနေထိုင်နေသူဖြစ်ပြီး သူ့မှာ အရွယ်မရောက်သေးတဲ့ သားသမီးသုံးယောက်ကို တခြားအိမ်မှာ […]

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး တရားမျှတမှု ရရှိဖို့ထည့်သွင်းစဉ်းစားရမယ့် အချက်အများ

ဒီကနေ့မှာတော့ မှတ်သားစရာ အသိပညာ အစီအစဉ်ကနေ ပဋိပက္ခကာလအတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး တရားမျှတမှု အတွက်စီမံဆောင်ရွက်ရာမှာ ထည့်သွင်းစဉ်းစားရမယ့် လိုအပ်ချက် အခြေအနေလေးတွေကို ဆွေးနွေးပေးသွားမှာပဲ ဖြစ်ပါတယ်။

“ရင်ထဲက ဆူညံသံ”

 ဖြစ်စဉ်(၁)                                                          တဝုန်းဝုန်း တဖြန်းဖြန်း ဘေးတိုက်ခန်းဆီက အိမ်တွင်းအကြမ်းဖက်မှု အမျိုးသားရဲ့ အမျိုးသမီးအပေါ် ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှု ကိုယ်တွယ်ပြသမရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု သာမန်ဖြစ်ရိုးဖြစ်စဉ်ထက် မပိုတဲ့ ဒီလူ့အသိုင်းအဝိုင်း ဘယ်သူမှ ဝင်မဆွဲရဲကြဘူး ဘယ်သူမှ ဝင်မပြောရဲကြဘူး လှောင်ချိုင့်ထဲ မွန်းကြပ်နေတဲ့ ငှက်ငယ်လေးကို ကြည့်သလို အကုန်လုံး တိတ်တိတ်လေး ထိုင်ကြည့်နေခဲ့ကြတယ် ဒါဟာ လင်မယားကိစ္စ၊ သဘာဝ ပါလို့ ပြောနေကြတယ်။ ဖြစ်စဉ်(၂) ငယ်စဥ်အချိန် ကျောင်းကဆရာ စာစီစာကုံးပြိုင်ပွဲလေးမှာ ပြိုင်ရဖို့ ထူးချွန်ပြိုင်ရဖို့ ထိကပါး ရိကပါး အခုတော့ အထက်လူကြီး အလုပ်တစ်နေရာအတွက် ခန္ဓာကိုယ်ကို ပေးရမှာ သူစိတ်မကြည်ရင် ငါ့ဘဝပါ မကြည်လင်တော့မှာလား ခေါင်းထဲမှာ ထူပူမှုတွေနဲ့ ဘာဆို ဘာမှမမြင်နိုင်တော့ ငါ့အမှားလား ငါဒီလို ဝတ်ဆင်မိလို့လား ငါဒီလို […]

“၁၁၁၁”စစ်ဆင်ရေးအတွင်း အမျိုးသမီး ၃၆ ဦးအပါအဝင် အရပ်သား ၁၅၈ ဦးသေဆုံး

ကရင်နီဒေသက စစ်ဘေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်မှုဆိုင်ရာ အကူအညီတွေ အထူးလိုအပ်နေ  ဝသုန် ကရင်နီပြည်မှာ “၁၁၁၁”စစ်ဆင်ရေး စတင်တဲ့ရက်ပေါင်း ၄၀ အတွင်း စစ်တပ်ရဲ့လက်ချက်နဲ့ အမျိုးသမီး  ၃၆ ဦး၊ အသက်မပြည့်သေးတဲ့ကလေးငယ်၂၄ ဦးအပါအဝင် အရပ်သား ၁၅၈ ဦးသေဆုံးခဲ့ရတယ်လို့ ကရင်နီလူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့(KHAI)က ထုတ်ပြန်ထားပါတယ်။ သူတို့တွေဟာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံနဲ့ မိုးဗြဲ မြို့နယ်မှ အရပ်သားပြည်သူတွေဖြစ်ပြီး သေဆုံးတဲ့ သူတွေ ထဲမှာ အသက် ၁၈ နှစ်အောက်ရှိတဲ့အမျိုးသမီး ခုနစ် ဦးပါဝင်ကာ အသက် ၅၀ ကျော်၊ ၆၀ အရွယ်အမျိုးသမီး တွေလည်း ပါဝင်တယ်လို့ KHAI မှ တာဝန်ရှိသူတစ်ဦးက HI ကို ပြောပါတယ်။ စစ်တပ်လက်ချက်နဲ့ သေဆုံးရသူတွေထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ […]

ယနေ့ခေတ် အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့အကြမ်းဖက်မှုများ

ဒီကနေ့ရဲ့ “မှတ်သားစရာ အသိပညာ” အစီအစဉ်မှာတော့ ယနေ့ခေတ် အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့အကြမ်းဖက်မှုအကြောင်းအရာတွေအပြင် ဒါတွေကိုကြုံလာတဲ့အခါ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ၊ ပတ်ဝန်းကျင်မှာ ဒီလိုအကြမ်းဖက်မှုတွေကိုရင်ဆိုင်နေရတဲ့သူတွေကို ဘယ်လိုကူညီကြမလဲဆိုတာကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။