Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဒီဇင်ဘာ ၁၈ ရက်မှ ၂၄ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

  • ရခိုင်က မြို့နယ်သုံးခုမှာ ရက်ထဲ အမျိုးသမီး ဦးအပါအဝင် အရပ်သား ၁၅ ဦးဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ ပေါက်တော၊ သံတွဲနဲ့ တောင်ကုတ်မြို့နယ်မှာ ဒီဇင်ဘာလ ၂၁ ရက်(တစ်ရက်ထဲ) အမျိုးသမီး ၃ ဦးအပါ အဝင် အရပ်သား ၁၅ ဦးကို စစ်ကောင်စီ တပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သူတို့တွေဟာ စားနပ်ရိက္ခာလာဝယ်ရင်း ဖမ်းဆီးခံရတာဖြစ်ပြီး ရေတပ်ဟာ ဒေသခံတွေကို မြစ်အတွင်းသွားလာခွင့် ကန့် သတ်ထားပြီး အဲဒီလိုသွားလာသူတွေကို ဖမ်းဆီးနေတာဖြစ်တယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့  ဒီဇင်ဘာလ ၂၂ ရက်နေ့ည ထုတ်ပြန်ချက်ထဲမှာလည်း ပေါက်တောဒေသခံ ၁၁ ဦးကို ပေါက် တောမြို့၊ ရဖီးချပ်တောင်အောက်ဘက်မှာရပ်ထားတဲ့ စစ်ကောင်စီရေတပ်(၄၄၃)က ဖမ်းဆီးခဲ့တာဖြစ်ပြီး စစ်တွေမြို့  အမှတ် (၁) ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ရေးသားထားပါတယ်။

Source – RFA

  • ပဋိပက္ခတွေကြောင့် အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု၊ ကျန်းမာရေး အထောက်အပံ့ဆုံးရှုံးမှုတွေ ပိုဆိုးလာနိုင်

ပဋိပက္ခတွေမှာ ပိတ်မိနေတဲ့ မြန်မာအမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာအခြေပြုအကြမ်းဖက်မှု(GBV)တွေ ခံရနိုင်ခြေတွေ ပို များလာပြီး မျိုးဆက်ပွားကျန်းမာရေးထောက်ပံ့မှုတွေ ခံယူရရှိခွင့်လည်း ပိုမိုဆုံရှုံးလာနိုင်တယ်လို့ ကုလသမဂ္ဂရဲ့လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA)က သတိပေးပြောကြားပါတယ်။

စစ်အာဏာသိမ်းထားတဲ့ ၃ နှစ်တာကာလအတွင်း နေရာအနှံ့ ပဋိပက္ခတွေ ဖြစ်ပွားလာတာနဲ့အတူ နေရပ်စွန့်ခွာရွှေ့ပြောင်း ရတဲ့ စစ်ရှောင်ဦးရေကလည်း ၂ သန်းကျော် တိုးပွားလာပြီး အဲဒီထဲမှာ ထက်ဝက်လောက်ဟာ အမျိုးသမီးတွေဖြစ်တယ်လို့ UNFPA က ဆိုပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် မြန်မာအမျိုးသမီးနဲ့ မိန်းကလေးဦးရေ ၉.၂ သန်းလောက်ဟာ လူသားချင်းစာနာမှု အကူ အညီတွေ အပူတပြင်း လိုအပ်နေတယ်လို့လည်း UNFPA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

UNFPA အနေနဲ့ အနာဂတ်မှာလည်း မြန်မာ အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့၊ မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှု တွေ ထောက်ပံ့ဖို့ ရည်မှန်းချက်တွေကို မမှိတ်မသုန် အစွမ်းကုန်ဆက်လက်အကောင်အထည် ဖော်သွားမယ်လို့ ပြောကြားထား ပါတယ်။

Source – Myanmar Now

  • ဖရူဆိုမှာ မြွေကိုက်ခံရတဲ့စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး ဆေးဝါးမရှိလို့ အခက်ကြုံ

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲက အင်တောစစ်ဘေးရှောင်စခန်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ဒုတိယအပတ်ကနေ ဒီဇင်ဘာလ ဒုတိ ယအပတ်အထိ (၁)လအတွင်း မြွေကိုက်ခံရတဲ့ စစ်ဘေးရှောင် ၄ ဦးရှိနေပြီး စစ်ရှောင်စခန်းမှာ ဆေးဝါးမရှိတာကြောင့် ကုသဖို့ အခက်အခဲတွေ့ကြုံနေရပါတယ်။

မြွေကိုက်ခံထားရတဲ့ ၄ ဦးမှာ အသက် ၅၀ အရွယ်အမျိုးသမီးတစ်ဦးလည်းပါဝင်နေတာဖြစ်တယ်။ မြွေဆိပ်ဖြေဆေးနဲ့ တခြား ကုသရမယ့် ဆေးဝါးတွေကို အင်တောစစ်ရှောင်စခန်းမှာ မရရှိနိုင်တာကြောင့် တခြားဆေးရုံဆေး ပေးခန်းတွေကို ပို့ဆောင်နေ ရတာဖြစ်တယ်။

အင်တောစစ်ရှောင်စခန်းဟာ တောတောင်အနီးမှာရှိတာဖြစ်ပြီး စစ်ရှောင်တွေဟာလည်း တောတောင်တွေမှာ သွားလာနေ ရတာကြောင့် မကြာခဏမြွေကိုက်ခံနေရတာဖြစ်တယ်။

Source – ကန္တာရဝတီတိုင်း(မ်)

  • မဏိပူရ်မှာ အစာငတ်ခံဆန္ဒပြတဲ့မြန်မာအမျိုးသမီးတွေ ရိုက်နှက်ခံရ

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာထောင်မှာ အကျဉ်းကျခံနေရတဲ့မြန်မာနိုင်ငံသားအမျိုးသမီး ၃၆ဦး အပါအဝင် စုစု ပေါင်း ၈၆ ဦးဟာအစာငတ်ခံဆန္ဒပြတဲ့အတွက် ရိုက်နှက်ခံနေရတယ်လို့ India For Myanmar အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ဒိုခါရ်က ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့မြန်မာနိုင်ငံသားတွေဟာ အိန္ဒိယနိုင်ငံမှာ ရက်ကန်းလုပ်ငန်းလာရောက်လုပ်ကိုင်နေသူတွေဖြစ်ပြီး သူတို့ဟာ Foreigner Act နဲ့ အကျဥ်းကျခံနေရသူတွေဖြစ်တယ်။ ဒီအကျဉ်းသားတွေဟာ လွတ်ရက်စေ့ပြီးဖြစ်ပေမယ့် အာဏာပိုင်တွေက သူတို့ကို နှစ်နဲ့ချီထိန်းသိမ်းထားတာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်က ပြန်လွတ်ပေးဖို့တောင်းခံရင်း အစာငတ်ခံဆန္ဒပြ နေကြတာပါ။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့မြန်မာနိုင်ငံသား အမျိုးသမီးတွေဆန္ဒပြနေတဲ့အချိန်မှာ ထောင်အာဏာပိုင်တွေက ရိုက်နှက်ခဲ့ တာဖြစ်တယ်။ ဖမ်းဆီးထိန်းသိမ်းခံရသူအများစုက ကလေး၊ တမူး ၊ ဘုတလင်၊ မုံရွာ၊ တီးတိန် နဲ့ တွန်းဇံမြို့မှ ဒေသခံတွေဖြစ် ကြပါတယ်။

အစာငတ်ဆန္ဒပြနေတဲ့သူတွေအရေးကို အိန္ဒိယအစိုးရအနေနဲ့ အလေးနက်ထားစဉ်းစားပေးဖို့၊ မြန်မာနိုင်ငံသားတွေဟာ ထောင်ထဲမှာ အခွင့်အရေးတွေချိုးဖောက်ခံနေရပြီး မြန်မာနိုင်ငံအခြေအနေကောင်းမှ ပြန်ပို့မယ်ဆိုရင် ဘယ်ချိန်ထိ အကျဉ်းချ ခံနေရမလဲဆိုတာ မသိတာကြောင့် လူသားချင်းစာနာတဲ့အနေနဲ့ အမြန်ဆုံးလွှတ်ပေးဖို့ အကူအညီပေးနေသူတွေနဲ့ မိသားစု ဝင်တွေက တောင်းဆိုကြပါတယ်။

Source – RFA

  • လက်နက်ကြီးကျည်ထိမှန်ပြီး ကျောက်ကပ်တစ်လုံးဖြုတ်လိုက်ရတဲ့အမျိုးသမီးအတွက် ဆေးကုသစရိတ်လိုအပ်

ဆွမ်းကပ်ဖို့အတွက် ဘုန်းကြီးကို သွားပင့်နေချိန် စစ်တပ်က ပစ်လိုက်တဲ့ကျည်ကြောင့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်မှ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ကျည်ထိမှန်ကာ ကျောက်ကပ်တစ်လုံးဖြုတ်လိုက်ရပါတယ်။

လက်ရှိ သူ့ကို မူဆယ်မြို့ရှိ ဗဟိုဆေးရုံမှာ ကုသပေးနေပြီး ဆေးကုသစရိတ်အတွက်လည်း အကူအညီ လိုအပ်နေတယ် လို့ မိခင်ဖြစ်သူကု ပြောပါတယ်။

ဆွမ်းချိုင့် ပို့ချိန်ဟာ ဒီဇင်ဘာ ၁၇ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်ဖြစ်ပြီး တအာင်းတပ်မတော်- TNLA နဲ့ စခန်းသစ်ကုန်းမှာ တပ်စွဲထားတဲ့ စစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားနေချိန်လည်းဖြစ်ပါတယ်။

Source – ရွှေဖီမြေ

  • ရေဖြူမြို့မှာ ရေတပ်ဌာနချုပ်တိုက်ခိုက်ခံရပြီး အရပ်သားအမျိုးသမီး ဦးနဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာမှာ ဒီဇင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ (၅) ရက်အတွင်း ရေတပ်က ဖမ်း ဆီးသွားတဲ့ ဒေသခံ(၆)ဦးရှိပြီဖြစ်တယ်။

ကံပေါက်ရွာနဲ့ ကပ်လျက် အုန်းပင်ကွင်းရွာရှိ မောရဝတီ ရေတပ်ဌာနချုပ်ကို ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အခုလ ၁၅ ရက်မှာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ပြီးနောက် အခုလိုဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရသူတွေက ကံပေါက်ရွာထဲက အသက် ၄၀ ဝန်းကျင်ရှိကြတဲ့ ဦးသားကြီးနဲ့ ဇနီးဒေါ်တင်တင်ဝေ၊ ဒေါ်သဲစုမိုး၊ ဒေါ် သန်းသန်းစိုး၊ ဒေါ်မော်မော်ရှိန်နဲ့ ဒေါ်နော်နော်ရှိန်တို့ဖြစ်တယ်။

သူတို့ခြောက်ဦးစလုံးကို မောရဝတီ ရေတပ်ဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်း သွားပြီးနောက်ပိုင်း မိသားစုဝင်တွေနဲ့ လုံးဝအဆက်အသွယ်မရသေးသလို ဘယ်နေရာမှာ ဖမ်းဆီးထားလဲဆိုတာလည်း အတိအကျမသိရပါဘူး။

စစ်ကောင်စီတပ်ရဲ့ အခုလိုဖမ်းဆီးခံရတဲ့ဒေသခံတွေထဲက တချို့ပြန်လွတ်လာတာရှိပေမယ့် ဖမ်းသွားပြီးနောက် အမှုဖွင့် တရားစွဲပြီး ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ကံပေါက်ရွာခံလည်း လေးဦးထက်မနည်း ရှိတယ်လို့ သိရပါတယ်။

Source – Delta News Agency   

  • PDF တစ်ဦးရဲ့လူမှုကွန်ရက်အကောင့်မှာမှတ်ချက်ဝင်ရေးတဲ့အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

ပြည်သူ့ကာကွယ်ရေး(PDF)တပ်ဖွဲ့ ဝင်တဦးရဲ့လူမှုကွန်ရက်ပို့စ်အောက်မှာ မှတ်ချက်ဝင်ရေးခဲ့တဲ့ မွန်ပြည်နယ်၊ သထုံမြို့ နယ်က လူမှုကူညီရေးအသင်းဥက္ကဌ ဒေါ်စုစုထွေးကို စစ်တပ်ကဖမ်းဆီးသွားပြီး ၄ ရက်ကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။

သထုံမြို့နယ်အခြေစိုက် ရှင်သန်ခြင်းတွဲလက် လူမှုကူညီရေးအသင်းဥက္ကဌ ဒေါ်ချောစုစုထွေးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်၊ မနက်ပိုင်းက သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်မှာရှိတဲ့ နေအိမ်ကနေ ဖမ်းဆီးသွားတာဖြစ်တယ်။

ဒေါ်ချောစုစုထွေးဟာ အရင်ကလုပ်ဖော်ကိုင်ဟောင်း ယခုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုမှာ တာဝန်ထမ်းဆောင်နေတဲ့ မိတ်ဆွေတစ်ဦးရဲ့ ပို့စ်အောက်မှာ “အမြန်ပြန်လည်ဆုံတွေ့ပါစေ” လို့ သဘောထားမှတ်ချက်ရေးသားခဲ့တာပါ။

Source – Delta News Agency   

  • ကျောက်တံခါးမှာ လက်နက်ကြီးကျလို့ အမျိုးသမီး ဦးသေ၊ ကလေးငယ် ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းကျေးရွာမှာ စစ်သားတွေက လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

” အိမ်က ထရံကာဖက်မိုးအိမ်ဆိုတော့ လက်နက်ကြီးကအိမ်ပေါ်ကျလို့ အိမ်ထဲရှိနေတဲ့သူတွေထိသွားတာ။ သမီးနဲ့အမေနဲ့ သေ တယ်။ မြေးက ဒဏ်ရာရတယ်” လို့ ဒေသခံတဦးကပြောပါတယ်။

လက်နက်ကြီးထိလို့ အသက် ၆၅ နှစ်အရွယ် ဒေါ်ညိုဟာ ရရှိဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးသွားပြီး သမီးဖြစ်သူ မေအိ အိမော်ကတော့ ကျောက်တံခါးဆေးရုံရောက်မှ သေဆုံးခဲ့ကာ မြေးဖြစ်သူ မောင်ဟိန်းသူအောင် ၃ နှစ်မှာလည်း ဒဏ်ရာရ သွားခဲ့တာဖြစ်တယ်။

Source – မြေလတ်အသံ

  • လေကြောင်းရန်ကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ဦးသေဆုံး

ချင်းပြည်နယ်၊ မတူပီနဲ့ ပလက်ဝအစပ် ထယ်ဘွေးရွာအခြေစိုက် စစ်တပ်စခန်းကို ဒီဇင်ဘာ ၁၉ရက်က ချင်းတော်လှန်ရေး အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်နိုင်ရာမှာ အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၄ ဦးသေဆုံးခဲ့ပါတယ်။

”ထယ်ဘွေးမှာတိုက်ပွဲဖြစ်ပေမဲ့ လေစင်ရွာနဲ့ ဗန်ကိုင်းရွာတွေဘက်ကို ဗုံးဆက်တိုက်ကြဲခဲ့တာပါ။ လေစင်မှာက ကျောင်း ဆောင်ပဲထိတာ၊ ဗန်ကိုင်းမှာတော့အရပ်သားလေးဦး ထိပြီးသေဆုံးခဲ့ပါတယ်”လို့ ပြောပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသေဆုံးသူတွေဟာ အသက် ၇၀ နဲ့ အသက် ၅၀ အရွယ်တွေ ဖြစ်ကြပြီး အမျိုးသမီးတစ်ဦးလည်းပါဝင်နေတာဖြစ်တယ်။ ဗန်ကိုင်းရွာသားသုံးဦးထက်မနည်းလည်း ကျည်စထိမှန်ပြီး ပြင်းထန်ဒဏ်ရာ ရရှိထားပါတယ်။

Source – BBC

  • ရမ်းဗြဲမြို့မှာ ဗုံးလာကြဲလို့ အသက်မပြည့်သေးတဲ့အမျိုးသမီး ဦးထိခိုက်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ လောင်းချောင်းရပ်ကွက်ထဲ စစ်တပ်က လေယာဉ်နဲ့လာရောက်ဗုံးကြဲခဲ့တာကြောင့် အသက် မပြည့် သေးတဲ့အမျိုးသမီး ၂ ဦးအပါအဝင် အရပ်သား ၄ ဦးပြင်းထန်ဒဏ်ရာတွေရခဲ့တယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေ ကြရတာဖြစ်တယ်။

မြို့တောင်ဘက် သိမ်တောင်စေတီကုန်းရှိ စစ်တပ်တပ်စွဲထားတဲ့နေရာကို AA သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် မြို့ပေါ် အမှတ် (၅) ရပ်ကွက်အနီးနဲ့ မြို့မဈေးတို့ အနီးဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

လေယာဉ် ၂ စီးက ရမ်းဗြဲမြို့နဲ့ အနီးအနား ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့ပေါ်ရပ်ကွက်မှ နေအိမ်တချို့နဲ့ ဆီဆိုင်တန်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

Source – Myanmar Now

  • ဖောင်းပြင်လေကြောင်း တိုက်ခိုက်မှုအတွင်း အမျိုးသမီး ဦးနဲ့ အမျိုးသား ဦးထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်မှာ ဒီဇင်ဘာလ ၁၆ နဲ့  ၂၁ ရက်နေ့တွေက စစ်တပ်ရဲ့  လေကြောင်းတိုက်ခိုက်မှု တွေကြောင့် အမျိုးသား ၂ ဦးသေဆုံးပြီး အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိထားသူတွေကို ဖောင်းပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့  လူသားချင်း စာနာထောက်ထားရေးအဖွဲ့ကနေ ဆေး ကုသပေးထားတယ်လို့ ဆိုပါတယ်။

ဖောင်းပြင်မြို့နယ် အနောက်ခမိုင်းရွာဘက်မှာ စစ်တပ်က လေကြောင်းကနေပစ်ခတ်ခဲ့လို့ အသက် ၇ နှစ်အရွယ် မိန်းကလေး ငယ်တစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တာဖြစ်တယ်။

Source – RFA

  • လားရှိုးမှာ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလာတာကြောင့် အမျိုးသမီး ဦးနဲ့ အမျိုးသား ဦးထိခိုက်ဒဏ်ရာရ

ရှမ်းမြောက် လားရှိုးမြို့နယ် အီနိုင်းကျေးရွာမှာ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦး ထိခိုက်မိပြီး ဒဏ်ရာအပြင်းအထန်ရသွားခဲ့ပါတယ်။

ဒီဇင်ဘာ ၂၁ ရက် မနက် ၁ဝ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့ပြီးတော့ ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဒရုန်းဗုံး ကြဲချမှုကြောင့် အိမ်ရှေ့မှာ ပြောင်းဖူးလှန်းနေတဲ့ ဒေသခံတွေထိခိုက်ဒဏ်ရာရခဲ့တာဖြစ်တယ်။

ဗုံးစ ထိမှန်တဲ့ ဒေသခံတွေဟာ အသက် ၄၅ နှစ်အရွယ် အမျိုးသား ၁ ဦး၊ ၃၆ နှစ်အရွယ် အမျိုးသမီး ၂ ဦးနဲ့ ၅ နှစ်အရွယ် ကလေး ငယ် ၁ ဦးတို့ဖြစ်ပြီး လက်ရှိ လားရှိုးပြည်သူ့ဆေးရုံမှာ ကုသနေတယ်လို့ သိရပါတယ်။

Source – ရွှေဖီမြေ

  • ထီးချိုင့်မှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့အနီးက ကျေးရွာတွေကို စစ်တပ်က လကြောင်းကနေ ပစ်ခတ်တိုက်ခိုက်လို့ ဒေသခံအမျိုးသမီး ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

သေဆုံးသူအမျိုးသမီးမှာ ဦးခေါင်းပြတ်ထွက်သေဆုံးခဲ့တာဖြစ်ပြီး နောက်ထပ် အမျိုးသမီးတဦးနဲ့ ၇ နှစ်အရွယ်အမျိုးသား တစ်ဦးလည်း ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ နေအိမ် ၁ လုံးပျက်စီးခဲ့ပြီး ကျွဲ ၂ ကောင်ထိခိုက်ကာ နွား ၁ ကောင်လည်း ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၁၀ ရက်ကစတင်ခဲ့ကာ လက်ရှိအချိန်မှာတော့ ကာကွယ်ရေးတပ်တွေဘက်က တိုက်ပွဲ တွေ ယာယီရပ်နားထားပေမယ့် စစ်တပ်ဘက်ကတော့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို ဆက် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

Source – မြေလတ်အသံ

Author:

Related Articles