“စေတန်ရဲ့ကချေသည်” ဇာတ်ကားကိုဂျဲန်ဒါရှုထောင့်ကသုံးသပ်ချက်
” စိတ်ဒဏ်ရာဆိုတဲ့ ခေါင်းစဥ်အောက်မှာ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်တာနဲ့ တစ်ပါးသူရဲ့ လွတ်လပ်ပိုင်ခွင့် တွေကို ထိပါးနှောင့်ယှက်တာက တကယ်တမ်း အန္တရာယ်ကြီးမားတယ်ဆိုတာကို ဒီဇာတ်၀င်ခန်းကတစ်ဆင့် သတိပြုမိရပါတယ်။”
ဒီတစ်ပတ်ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ နေတိုး၊ သက်မွန်မြင့်တို့လို နာမည်ကြီး သရုပ်ဆောင် တွေ ပါ၀င်ထားတဲ့ “စေတန်ရဲ့ ကချေသည်” ဇာတ်ကားကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေးပေးသွားမှာပဲ ဖြစ်ပါတယ်။











