စစ်အုပ်ချုပ်မှုအောက်က LGBTIQ+အသိုက်အဝန်းရဲ့အတွေ့အကြုံကြံ့ကြံ့ခိုင်နိုင်စွမ်းနဲ့မျှော်လင့်ချက်တွေ
“LGBTတွေအတွက်လုံခြုံပြီး ပါဝင်ခွင့်ရှိဖို့ဆို အရင်ဆုံးပုဒ်မ ၃၇၇ ပယ်ဖျက်ဖို့လိုပါတယ်။ ဒါကဟိုး ကိုလိုနီခေတ်ကတည်းက ရှိတဲ့ အသုံးမဝင်တဲ့ဥပဒေတခုဆိုတာကို နားလည်ရမယ်။”
နှစ်စဉ် ဇွန်လဟာ “လိင်စိတ်ခံယူမှုကွဲပြားသူ(LGBTIQ+) ရဲ့အထိမ်းအမှတ်လ Pride Month ဖြစ်ပြီး ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတွေရဲ့ ဂုဏ်သိက္ခာ၊ စုံလင်ကွဲပြားမှု၊ ဖြစ်တည်မှုတွေကြောင့် ကြုံတွေ့ရတဲ့အခက်အခဲတွေအပေါ် ကြံ့ခိုင်စွာဖြတ်ကျော်နေမှုတွေကို အားပေးဂုဏ်ပြုကြတဲ့ လပဲဖြစ်ပါတယ်။
ဒီတပတ်ပေါ့ကတ်စ်အစီအစဉ်မှာတော့ မြန်မာနိုင်ငံအတွင်းက လိင်စိတ်ခံယူမှုကွဲပြားသူတွေဟာ စစ်အုပ်ချုပ်မှု အောက်မှာ တရားမဲ့ဖမ်းဆီးခံရတာ၊ နှိပ်စက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာစော်ကားပြုကျင့်ခံရတာ၊ နေရပ်စွန့်ခွါရတာတွေနဲ့ အသက်အိုးအိမ် ဆုံးရှုံးမှုတွေ ကြုံတွေ့နေရတဲ့အပေါ် LGBTIQ+ အရေးလုပ်ဆောင်နေသူတွေရဲ့ အမှတ်တရစကားသံကို ဖော်ပြလိုက်ပါတယ်။











