Entries by webmaster

အမျိုးသမီးတွေရဲ့ဘဝကို ခြိမ်းခြောက်နေတဲ့လုယက်မှုတွေ

“အခုဆိုညဘက်ဘယ်မှမသွားရဲတော့ဘူး။ နေ့ခင်းအော်ဒါတွေပဲ ပို့ပေးတော့တယ်။ လူပြတ်တဲ့နေရာတွေ မသွားဘူး။လမ်း မကြီးတွေကပဲ မောင်းတယ်။ အဲ့ဒါလည်း မလုံခြုံပါဘူး။ စစ်သားရန်ကရှိသေးတယ်”

ကရင်နီပြည်ကတော်လှန်ရေးစစ်သမီး

“မိုးအရမ်းရွာတဲ့ရက်တွေဆိုရင် ရေပေါ်မှာဘဲထမင်းတွေချက်ရတယ်။ ထမင်းမကျက်ဘဲစားရတဲ့ ရက်ဆိုလည်းမနည်းတော့ ဘူး။ မိုးကာလည်းအလုံအလောက်မရှိတဲ့အတွက် မိုးရွာတဲ့ညတွေဆိုရင် အိပ်ရင်လည်း မိုးကာ အောက်မှာရေတွေရှိတယ်။ အပေါ်ဖက်ကနေလည်း မိုးရည်တွေစီးကျလာတယ်”

ရေဆေးကမ္ဘာထဲက ပန်းသခင်မလေး

“ ပန်းချီပြပွဲတိုင်းမှာလိုလို ပန်းချီဆရာမဆိုလို့ ကျွန်မတစ်ဦးတည်းပဲ ပါဝင်လေ့ရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့ ပန်းချီလောကထဲမှာတော့ ကျား၊ မဆိုတဲ့ Gender ခွဲခြားဆက်ဆံမှုမျိုးမရှိပါဘူး။ ပန်းချီဆိုတဲ့ အနုပညာ တစ်ရပ်အပေါ်မှာပဲ တစ်ယောက်နဲ့တစ်ယောက်ညီအစ်ကို မောင်နှမတွေလို ခရီးဆက်ခဲ့ကြတာပါ။ ဒါပေမယ့် ပန်းချီပညာနဲ့ (Artist) တစ်ယောက်အဖြစ်ရပ်တည်မယ်ဆိုရင်တော့ ယောကျ်ားဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အခက်အခဲရှိကြမှာပါ”

မိဘတွေရဲ့ အစွန့်ပစ်ခံ ပြည်သူ့စစ်သည်တွေ

” မသွားစေချင်တာကို အတင်းထွက်သွားတာ သူကတော့သားသမီးအဖြစ်စွန့်လွှတ်လိုက်တယ်ဆိုပြီး ကြေငြာခိုင်းပေမယ့် ဘယ်လိုကြေငြာရက်မှာလဲ၊ ဒါပေမယ့်လည်း မိသားစုလုံခြုံရေးကိုလည်းတွက်ရတာရှိသေးတယ်”

မိုက်ခရိုဖုန်းအစား ပြည်သူ့အိပ်မက်တွေကိုပြောင်းလဲကိုင်ဆောင်ခဲ့သူ

“ကျနော်လျှောက်ခဲ့တဲ့ လမ်းကြောင့် ကျနော့မိသားစုမှာလည်း ဒုက္ခတွေရောက်ခဲ့ရတယ်။ ကိုယ်တိုင်လည်း သာသာယာယာလေးမနေရဘူး။ လှလှပပဝတ်စားတာမျိုးလည်း မနေရဘူး။ တွေးမိတယ် ငါမှားသွားပြီလားပေါ့၊ ဒါပေမယ့်ငါတို့သာ တကယ်တမ်း မတိုက်ထုတ်နိုင်ဘူးဆိုရင် နောင်ပိုဆိုးလာမယ်။ LGBT တွေရဲ့ ဖိနှိပ်ခံရမှုတွေက ပိုဆိုးလာမယ်”

နွေဦးတော်လှန်ရေးထဲ ခေတ်ဝန်ကိုထမ်းကာ ခရောင်းလမ်းကိုလျှောက်နေသူ

“ပြည်သူတစ်ရပ်လုံးအဖော်အပေါင်းနဲ့ တော်လှန်ရတာ ဘယ်လောက်စိတ်ခွန်အား တက်စရာ ကောင်းလိုက်သလဲ။ ပြည်သူတစ်ရပ်လုံးပါတဲ့တိုက်ပွဲမို့နိုင်မှာ ကျွန်မယုံကြည်တယ်။”

အစဉ်အလာကနေထိုးဖောက်ခဲ့တဲ့ အမျိုးသမီးကယ်ရီ

“အပျိုတုန်းက ကျော့ကျော့မော့မော့ နေခဲ့တော့ ဒီလိုကယ်ရီဆွဲရမယ်လို့လည်း မထင်ထားခဲ့ပါဘူး။ ဆိုင်ကယ်ကယ်ရီစဆွဲတဲ့ နေ့မှာဆိုလည်း ကယ်ရီဆွဲတဲ့အလုပ်က အမျိုးသမီးတွေက တော်ရုံနဲ့ မလုပ်ကြတော့ အရမ်းရှက်နေမိတယ်”

၂၀၂၁ ကိုကိုင်လှုပ်ခဲ့သောမြန်မာအမျိုးသမီးများ

၂၀၂၁ ခုနှစ်ဟာ သွေးစွန်းတဲ့နေ့ရက်များအဖြစ် ကုန်ဆုံးခဲ့လေပြီ။ စစ်အာဏာသိမ်းမှုကြောင့် လွှတ်တော်ထဲခြေလှမ်းစမယ့် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ နိုင်ငံရေးအိပ်မက်တွေဟာလည်း ဖေဖော်ဝါရီလ(၁)ရက်နေ့မှာ ပြယ်လွှင့်ခဲ့ရပါတယ်။ အမျိုးသမီးတွေဟာ အကြမ်းဖက်မှု၊ ဖိနှိပ်မှုတွေကို ခါးစည်းခံခဲ့ရသလို အမျိုးသမီးတွေရဲ့ အင်အားကလည်း ထင်မထား လောက်အောင် တော်လှန်ရေးမှာ ကြီးမားခဲ့ကြပါတယ်။၂၀၂၁ ကို အလှည့်အပြောင်းအချိုးအကွေ့ဖြစ်စေခဲ့တဲ့ အမျိုးသမီးတွေ အကြောင်း Hi သတင်းဌာန ကစုစည်းဖော်ပြလိုက်ပါတယ်။ (၁) တော်လှန်ရေးတပ်ဦးကအလုပ်သမများ အာဏာသိမ်းပြီး ငါးရက်အကြာ ဖေဖော်ဝါရီ ၆ ရက်မှာ ရန်ကုန်မြို့စွန်စက်ရုံတွေက အလုပ်သမတွေဟာ ထမင်းချိုင့် ကိုယ်စီဆွဲရင်း လမ်းမပေါ်ထွက်လာခဲ့ကြပါတယ်။ သူတို့တွေဟာ ရန်ကုန်-အင်းစိန် လမ်းမဆီချီတက်သွားခဲ့ကြပြီး လမ်းတလျှောက်မှာလည်း စစ်ကောင်စီကိုဆန့်ကျင်ဖို့ ပြည်သူလူထုကို စည်းရုံးခဲ့ကြပါတယ်။ သူတို့ရဲ့အဆိုပါလှုပ်ရှားမှုက  စစ်တပ်အာဏာသိမ်းပြီးနောက် ငြိမ်သက်နေခဲ့သည့် ပြည်သူလူထုကို လှုပ်နှိုးသလိုဖြစ်ခဲ့ပြီး နွေဦးတော်လှန်ရေးကို အရှိန်အမြင့်ဆုံးဖြစ်အောင် တွန်းတင်ခဲ့ကြပါတယ်။ […]