ယနေ့ခေတ် အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့အကြမ်းဖက်မှုများ
“ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီး 3 ယောက်မှာ 1 ယောက် နှုန်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကြုံတွေ့ခံစားနေကြရတယ်လို့ ဆိုပါတယ်။” ကျမတို့ရဲ့ မြန်မာ့လူမှုပတ်ဝန်းကျင်မှာဆိုရင်လည်း အမျိုးသမီးတွေဟာ မိသားစုဝင်တွေမှာသာမကပဲ သမီးရည်းစားစုံတွဲတွေမှာလည်း ပုံစံမျိုးစုံနဲ့ အကြမ်းဖက်ခံရမှုတွေရှိနေပါတယ်။ ဒါကြောင့် ဒီကနေ့ရဲ့ “မှတ်သားစရာ အသိပညာ” အစီအစဉ်မှာတော့ ယနေ့ခေတ် အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့အကြမ်းဖက်မှုအကြောင်းအရာတွေအပြင် ဒါတွေကိုကြုံလာတဲ့အခါ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ၊ ပတ်ဝန်းကျင်မှာ ဒီလိုအကြမ်းဖက်မှုတွေကိုရင်ဆိုင်နေရတဲ့သူတွေကို ဘယ်လိုကူညီကြမလဲဆိုတာကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။
- “တော်လှန်ရေးထဲက တကျော့ပြန် Me too လှိုင်း” - 14/07/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 11/07/2025
- ဇွန်လအတွင်း ဆယ်ကျော်သက်တွေအပါအဝင် အမျိုးသမီး ၃၄ဦး စစ်ကောင်စီကြောင့်သေဆုံး - 10/07/2025