ကျေးလက်ဒေသတွေအထိ ရောက်လာတဲ့ အွန်လိုင်းလိင်အကြမ်းဖက်မှုတွေ

ကျေးလက်ဒေသတွေအထိ ရောက်လာတဲ့ အွန်လိုင်းလိင်အကြမ်းဖက်မှုတွေ “မုဆိုးမတွေ တစ်ခုလတ်အမျိုးသမီးတွေကို လိုက်ပြီး နှောက်ယှက်တာ အဖော်လိုလားဆိုပြီးအထင်သေးတဲ့ပုံစံနဲ့ လိုင်းပေါ်ကနေလိုက်ပြီး စကားပြောတယ်။ ကိုယ်လည်း အထီးကျန်သလိုခံစားရတော့ နားမလည်ဘူး။

စကားလက်ခံပြောရင်းနဲ့ မကောင်းတဲ့ ပုံတွေ လိင်ပုံတွေပို့ခံရတယ် ကိုယ့်ကို ခြိမ်းခြောက်တယ်။ သူ့ကို ပြန်မပြောရင် လိုင်းပေါ်တင်မယ်လို့ခြိမ့်ခြောက်တယ် block လုပ်ပေမယ့် အခြားအကောင့်နဲ့ထပ်လုပ်တယ် report လည်းမလုပ်တတ်ဘူး ဘယ်သူ့ကိုမှလည်းမပြောပြရဲကြဘူး စိတ်ထိခိုက်တာပေါ့်၊ ကျမတို့ဘက်မှာ ဒီလို အွန်လိုင်းမသုံးတတ်၊ တတတ်သူတွေဒီလိုပုံစံပိုခံရပါတယ်။”

နည်းပညာလက်လှမ်းမှီတဲ့ မြို့ပြဒေသတွေမှာသာမက လူမှုကွန်ရက်နဲ့ အင်တာနက် အသုံးပြုမှု အကန့်အသတ်ရှိတဲ့ ကျေးလက်ဒေသက အမျိုးသမီးတွေဟာလည်း အွန်လိုင်းအကြမ်းဖက်မှုတွေကို ကြုံတွေ့လာနေရပါတယ်။

အွန်လိုင်းအကြမ်းဖက်မှုဆိုတာ ဘာလဲ၊ ဘယ်လိုကာကွယ်တားဆီးပြီး တိုင်ကြားနိုင်လဲ ဆိုတဲ့ အသိပညာပေးမှုတွေကတော့ မြေပြင်မှာ ပိုမိုလိုအပ်နေဆဲပါ။ ဒီအကြောင်းကို ဒီတပတ် ပေါ့ကတ်အစီအစဉ်မှာ တင်ဆက်ပေးလိုက်ပါတယ်။