ဝမ်းရေးတိုက်ပွဲ ဆင်နွှဲနေတဲ့ မိန်းမသားတွေ

“ မိန်းမတွေကို ငွေချေးတော့ ချေးငွေတွေယူကြတယ်၊ မိသားစုအတူ စားသောက်ကြတယ်၊ ပြန်ဆပ်ဖို့ အချိန်ကျတော့ တချို့ယောက်ျားတွေက နင်တို့ဟာတွေက ရှုပ်ရှုပ်ယှက်ယှက်လို့ ပြောတယ်လေ၊ သူတို့စိတ်မဝင်စားကြဘူး”

နွေဦးမှာ ပွင့်တဲ့နှင်းဆီ

ပြည်သူတွေကို စစ်အုပ်စုက အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးသတ်ဖြတ်တာတွေ နိုင်ငံတစ်ဝှမ်း ကျူးလွန်နေပါတယ်။ အထူးသဖြင့် နွေဦးတော်လှန်ရေးနဲ့ဆက်စပ်တဲ့သူတိုင်းကို စစ်အုပ်စုက အကြမ်းတမ်းဆုံး ကိုင်တွယ်နေခဲ့တာလည်း ဖြစ်ပါ တယ်။ ဒါပေမဲ့ နန်းခမ်းလုံကတော့ အခြေနေအားလုံးကို ဂရုမထားအားဘဲ သူလုပ်စရာရှိတာ ရဲရဲဝံ့ဝံ့လုပ်ကိုင်နေတဲ့ အမျိုး သမီးတစ်ဦးပါ။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ထဲ စစ်တပ်ကအာဏာသိမ်းတာနဲ့ သူလည်းရန်ကုန်မှာ ရှိနေခဲ့တယ်။ ဒါကြောင့် အသက်မွေးဝမ်း ကြောင်းအလုပ်ကနေ ထွက်လိုက်ပြီး လူမှုရေးအလုပ်တွေပဲ ဆက်တိုက်လုပ်နေခဲ့တာ ခုဆို တစ်နှစ်ကျော်ရှိပါပြီ။ သူဇောင်းပေးပြီးလုပ်ဖြစ်နေတဲ့ လူမှုရေးအလုပ်တွေက တခြားတော့မဟုတ်ပါဘူး။ နွေဦးတော်လှန်ရေးနဲ့ဆက်စပ်သူတွေရဲ့ အခက်အခဲကို နိုင်သမျှ ကူညီဖြေရှင်းပေးတာမျိုးပါ။

မိုင်းကိုင်ကတုန်လှုပ်ခြောက်ခြားဖွယ်အဖြစ်ဆိုး

“ ဒီဖြစ်စဥ်ကို ကြားရတော့ ကျမတို့ အနေနဲ့ တုန်လှုပ်၀မ်းနည်းရပါတယ်။ ဒီဖြစ်ရပ်လိုမျိုး ရှမ်းပြည်အနှံ့မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်သူတွေ အမျိုးသမီးတွေ၊ ကလေးငယ်တွေကစ ဓားစာခံဖြစ် အသက်တွေ စတေးခဲ့ရတာ မနည်းတော့ပါဘူး”

အမျိုးသမီး ဓမ္မအမှုတော်ဆောင် သင်းအုပ်အရာ သိက္ခတင်ခွင့်အပေါ်အမျိုးသားများ၏အမြင်များ

“ အမျိုးသမီးတစ်ယောက် Ordination (သင်းအုပ်အရာ သိက္ခာတင်ခွင့်)ရဖို့ တောင်းနေရတာကိုက သဘာဝမကျတာပါ။ Ordinationက အမျိုးသမီးအတွက်ဆို တောင်းမှရမယ်ဆိုတဲ့ အနေအထားက ဖြစ်ကိုမဖြစ်သင့်တော့တာပါ” ကိုသိန်ထွဋ်ပန် (ကရင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် - Karen Baptist Convention အသင်းသား)

ကြွေလွင့်ခဲ့ရတဲ့ တော်လှန်ရေးကြယ်တစ်ပွင့်

"တကယ်တော့ သူဟာ တာဝန်ကျေတဲ့သူရဲကောင်းပါ။ သူသေဆုံး ရတာဟာ ကျနော်တို့အတွက်တော့ အစားထိုးမရတဲ့ဆုံးရှုံးမှုကြီးတစ်ခုပါပဲ”

ဒစ်ဂျစ်တယ်တော်လှန်ရေးနောက်ကွယ်က အမျိုးသမီးတွေ

“ Digital Strike ကရတဲ့ငွေပမာဏတွေက တော်တော်များတာမို့ ရဲဘော်တွေကိုလည်း ပမာဏများများထောက်ပံ့ပေးနိုင် တယ်။ ဒါကြောင့်ပြည်သူတွေအနေနဲ့ Digital strikeတွေမှာ ပိုပြီးပါဝင်ပေးဖို့တောင်းဆိုချင်ပါတယ်”

ကျားမတန်းတူရေးနဲ့ အမျိုးသမီးသင်းအုပ်ဖြစ်ခွင့်

" နှစ်တွေအများကြီး သုတေတနတွေ ကျမ်းစာတွေက အမျိုးသမီးကို ordination မပေးရဘူးလို့ ဆိုထားတာမရှိဘူး။ အချက်အလက်တွေလည်းအမျာကြီးရှိတယ်၊ ကမ္ဘာ့နိုင်ငံတွေမှာ အမျိုးသမီးတွေကို ordination ပေးနေတာ နှစ်ရာထောင်ချီ ကြာပြီ။ မြန်မာနိုင်ငံမှာလည်းအခြား ခရစ်ယာန်အဖွဲ့ချုပ် Conventionတွေက ပေးနေတာ နှစ်ဆယ်ချီကြာပြီ၊ ကချင်မှာက ဇီးရိုးတောင်မကွဲသေးဘူး။"

အာကျိတ်တော်ကုန်းကငိုကြွေးသံများ

“နို့တစ်စာရတည်းက ကျနော့် မိန်းမက ငါတို့မှာနေစရာမရှိတော့ဘူး။ ငါအဆိပ်သောက်သေတော့မယ်လို့ ခဏခဏ ပြောနေခဲ့တယ်။ ကျနော်ကတော့ အမှန်တကယ်လုပ်မယ်လို့ မထင်ခဲ့ဘူး။ နောက်ဆုံးတော့ သူထွက်ပေါက်ရှာတွေ့ သွားခဲ့တယ်”

ပေးဆပ်သူတို့ ကျန်ရစ်ဇနီးသည်တွေရဲ့ ဘဝခရီးကြမ်း

“သူက သေတာတောင်ကောင်းကောင်းမသေရပါဘူး။ ကိုယ်သဂြိုလ်မယ်ဆိုမှ သချိုင်းကိုလည်းစစ်တပ်ကဝင်စီးထားတော့ သဂြိုလ်ပေးမယ့်သူကမလုပ်ပေးရဲလို့ တောင်းတောင်းပန်ပန်နဲ့ တော်တော်ကို ခဲရာခဲဆစ်သဂြိုလ်ခဲ့ရတယ်”

ခက်ခဲကြမ်းတမ်း ထိုင်းအဝင်လမ်း

“ကျမတို့ နေတဲ့နေရာကလည်း တိုက်ပွဲဖြစ်တော့ ဘာမှလုပ်ကိုင်လို့ မရဘူး။ စစ်ရှောင်ရတယ်။ ဒီဘက်မှာ အလုပ်လာလုပ်ဖို့ ထိုင်းဘတ် နှစ်သောင်းခွဲ ပေးရတယ်။ ငါးနှစ်အရွယ် သမီးရောပါတယ်”