Home ဆောင်းပါး ဒစ်ဂျစ်တယ်တော်လှန်ရေးနောက်ကွယ်က အမျိုးသမီးတွေ

ဒစ်ဂျစ်တယ်တော်လှန်ရေးနောက်ကွယ်က အမျိုးသမီးတွေ

ခင်ဘုန်းမို့။ ။

“ Clickလုပ်တယ်” ဆိုတဲ့စကားလုံးဟာ နွေဦးတော်လှန်ရေးရဲ့ ဒစ်ဂျစ်တယ် Strike မှာ ပါဝင်သူတိုင်းနဲ့ အကျွမ်းတဝင် ဖြစ် နေတဲ့ စကားပါ။

တော်လှန်ရေးမှာ ငွေလှူဖို့အခက်အခဲရှိနေသူတွေ လှူရင်းအားလျော့လာသူတွေအတွက် ဖုန်းအသုံးပြုရင်း အချိန်အနည်း ငယ် ‘Click’ ပေးရုံနဲ့ တော်လှန်ရေးအတွက် သိန်းထောင်နဲ့ချီထောက်ပံ့နိုင်တဲ့ အခွင့်အရေးတွေ အခုနွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်နေတာပဲ ဖြစ်ပါတယ်။

လူငယ်တွေက ဂိမ်းတွေ၊YouTube Channel တွေ၊Website တွေဖန်တီးပြီး အဲ့ဒီကရတဲ့ဝင်ငွေတွေကို မြေပြင်က လိုအပ်တဲ့ နေရာတွေကို ထောက်ပံ့ပေးနေတာပဲဖြစ်ပါတယ်။

ဒီလုပ်ငန်းတွေမှာ အမျိုးသမီးတွေလည်းပါဝင်လုပ်ကိုင်နေကြပါတယ်။ ဒီအထဲမှာ Stella တစ်ယောက်လဲပါဝင်ပါတယ်။

Stella ဟာ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလကစပြီးတော့ ဆိုရှယ်မီဒီယာကတစ်ဆင့် စစ်အာဏာရှင်ဆန့်ကျင်မှုတွေ ပြသ တာ၊ ပြည်ပမှာပြုလုပ်တဲ့ဆန္ဒပြပွဲတွေ၊ လမ်းလျှောက်ပွဲတွေမှာပါဝင်တာ၊ နိုင်ငံတကာသံရုံးတွေကိုစာပို့တာ၊ ရန်ပုံငွေရှာတဲ့ လုပ်ငန်းတွေမှာပါဝင်တာ စတဲ့ စစ်အာဏာရှင်တော်လှန်ရေးလုပ်ငန်းတွေမှာ ပါဝင်ခဲ့ပါတယ်။

အဲ့ဒီနောက် ပြီးခဲ့တဲ့နှစ်အောက်တိုဘာလမှာတော့ Play 2 Donate ဆိုတဲ့အဖွဲ့လေးဖွဲ့စည်းကာ ဂိမ်း appတွေကို မိတ်ဆွေ တွေနဲ့အတူတီထွင်ပြီး အဲ့ဒီကရတဲ့ဝင်ငွေတွေနဲ့ မြေပြင်ကရဲဘော်တွေ လိုအပ်တဲ့အရာတွေကို ကူညီထောက်ပံ့ပေးနေပါ တယ်။

Play 2 Donate အနေနဲ့ Nway Oo Quiz၊ Cat Rescue၊ Nway Oo Candy၊ Nway Oo Videos စတဲ့ဂိမ်းapp တွေကိုဖန်တီးထားပါတယ်။

“ ပုံမှန်ဂိမ်းလေးတွေဆော့နေရင်းနဲ့ ကြော်ငြာလေးတွေတက်ပါတယ်။ ဂိမ်းထဲကိုမဝင်ခင်တက်ပါတယ်။ ဂိမ်းဆော့နေရင်းနဲ့ ကြော်ငြာတက်တယ်။ ဂိမ်းထဲကထွက်လိုက်ရင်ကြော်ငြာတက်တယ်။ ဂိမ်းနိုင်တာတွေ ရှုံးတာတွေမှာ ကြော်ငြာတက်တယ် ပေါ့နော်။ အဲ့တက်တဲ့ကြော်ငြာတွေကနေ ပိုက်ဆံရပါတယ်။ အဲ့ကရတဲ့ပိုက်ဆံနဲ့မြေပြင်ကို ထောက်ပံ့ခဲ့တယ်။ အများကြီး ထောက်ပံ့ခဲ့ပြီးပြီ အခုလည်းဆက်လက်လုပ်ဆောင်နေပါတယ်”လို့ Stella ကရှင်းပြပါတယ်။

ဒီလိုလုပ်ငန်းတွေဆောင်ရွက်တဲ့အတွက် မိမိရဲ့လုံခြုံရေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး စိုးရိမ်မှုမရှိပေမယ့် မိသားစုရဲ့လုံခြုံရေး ကိုတော့ စိတ်ပူမိတယ်လို့ သူကဖွင့်ဟပါတယ်။

တစ်ဖက်မှာလည်းအသက်မွေးဝမ်းကျောင်းအလုပ်ကို အချိန်ပေးရတာဖြစ်တဲ့အတွက် ဒီတော်လှန်ရေးလုပ်ငန်းတွေကို အိပ်ချိန်ထဲကဖဲ့ပြီး ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာလည်း စိတ်ဖိစီးမှုတွေကရှောင်လွဲလို့ မရခဲ့ပါဘူး။

“ တော်လှန်ရေးကာလကြီးကျတော့မှ ဒီလိုဟာတွေလုပ်ဖူးတာလေ။ ရှာနိုင်တဲ့ပိုက်ဆံနဲ့မြေပြင်က ရဲဘော်တွေရဲ့လိုအပ်ချက် တွေက အများကြီးကွာတယ်။ မြေပြင်ကအဖွဲ့တွေက ရာနဲ့ချီပြီးရှိတယ်။ ကျွန်မတို့ကအများကြီးမထောက်ပံ့နိုင်သေးဘူး။ အဲ့ကနေအခက်အခဲတွေ စိတ်ဖိစီးတာတွေရှိတယ်”လို့Stella ကဖွင့်ဟပါတယ်။

နည်းပညာပိုင်းမှာလည်း နည်းပညာသမားတွေဆိုပေမယ့် နည်းပညာအကုန်လုံးကိုမသိနိုင်တာဖြစ်တဲ့အတွက် အခက်အခဲ တွေ၊ Error တွေကို အဖြေရှာရတာတွေလည်းရှိပါသေးတယ်။

ရရှိလာတဲ့ဝင်ငွေတွေကို မြေပြင်ကလိုအပ်တဲ့နေရာတွေကိုခွဲဝေပေးနိုင်မယ့်နည်းလမ်းနဲ့ လိုအပ်တဲ့နေရာကို လုံခြုံစွာပို့နိုင် မယ့် နည်းလမ်းတွေကိုဆောင်ရွက်ရတာတော့ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်တယ်လို့ Stella ကဖွင့်ဟပါတယ်။

Stella အပါအဝင်အဖွဲ့သားတွေအတွက် စိတ်ဓာတ်ကျရတဲ့အချိန်တွေကတော့ App ထဲကိုလူတွေဝင်မဆော့တဲ့ အချိန်တွေ ပါပဲ။

“ လူတွေကဝင်မဆော့ပေးကြဘူး။ ပြောရင်တော့မီးပျက်လို့ ဘာဖြစ်တယ်။ ညာဖြစ်တယ်။ ပြောနေကြပေမယ့်။ Celebrity တွေ ရေပေါ်ဆီလူတန်းစားတွေအတွက် Like တွေ၊comment တွေ၊ Love တွေကအများကြီးပဲဆိုတော့ အဲ့လိုအရာတွေက စိတ်ဓာတ်ကျတယ်” လို့သူကဖွင့်ဟပါတယ်။

ဒါပေမယ့်မြေပြင်မှာ အသက်ပေးထားတဲ့ရဲဘော်တွေအတွက် လုပ်ကိုလုပ်မှရမယ်၊ နိုင်ကိုနိုင်မှာပါဆိုတဲ့ စိတ်နဲ့အားပြန် တင်းပြီး ဖြတ်ကျော်ခဲ့ပါတယ်။ ရတဲ့ဝင်ငွေတွေကို လိုအပ်တဲ့နေရာတွေကိုပို့ပေးပြီး မြေပြင်ကရဲဘော်တွေလိုအပ်တဲ့ လက် နက်တွေ ဝယ်နိုင်ကြောင်း အကြောင်းပြန်လာကြတဲ့အချိန်ကတော့ အပျော်ဆုံးအချိန်ဖြစ်တယ်လို့ ဆိုပါတယ်။

Stella နည်းတူ ဒစ်ဂျစ်တယ်တော်လှန်ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေသူကတော့ မေလေး (အမည်လွှဲ)ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုစတင်တဲ့ ဖေဖော်ဝါရီလကစပြီးဆန္ဒပြပွဲတွေမှာပါဝင်တာ နောက်ပိုင်းမှာတော်လှန်ရေးအတွက် လိုအပ်တဲ့ နေရာတွေကို လှူဒါန်းတာစတာတွေကိုဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိမှာတော့ Pa Day Thar Pin -ပဒေသာပင်လို့ အမည် ရတဲ့ တော်လှန်ရေးရဲဘော်တွေအတွက် ကူညီပံ့ပိုးပေးနိုင်ဖို့ Funding (ငွေကြေးထောက်ပံ့ရန်) ရှာတဲ့ အွန်လိုင်းပလက် ဖောင်းတစ်ခုမှာ ပါဝင်လုပ်ကိုင်နေပါတယ်။

photo credit- KPM

မေလေးက အဲ့ဒီအွန်လိုင်းပလက်ဖောင်းတွေဖြစ်တဲ့ YouTube Channel နဲ့ Website မှာတင်ဖို့အကြောင်းအရာတွေရှာတာ တင်ပေးတာ၊ကိုယ်တိုင် Audiobookတွေ ဖတ်ပေးတာတွေအပြင် လိုအပ်တာမှန်သမျှပါဝင်ဆောင်ရွက်နေပါတယ်။

မူလက လွတ်မြောက်နယ်မြေသွားပြီး မွေးမြူရေး၊စီးပွားရေးလုပ်ကာ ထောက်ပို့အဖြစ်ဆောင်ရွက်မယ်လို့တွေးထားခဲ့ပေမယ့် ကိုယ်တိုင်ကလည်းDigital Marketing နယ်ပယ်ကဖြစ်တာကြောင့် မိတ်ဆွေတွေနဲ့တိုင်ပင်ပြီး ဒီလုပ်ငန်းတွေကိုဆောင်ရွက် ခဲ့တာ ဖြစ်တယ်လို့ မေလေးကပြောပါတယ်။

ဒီလုပ်ငန်းတွေကို တောထဲကနေ လုပ်ကိုင်ရတာဖြစ်တဲ့အတွက် အခက်အခဲတွေရှိပါတယ်။ အင်တာနက်အခက်အခဲ၊ လျှပ်စစ်မီး အခက်အခဲတွေကတော့ ပြောလို့မကုန်နိုင်ပါဘူး။ ဒါ့အပြင် YouTube Channelနဲ့ Website ပုံမှန်လည်ပတ်နိုင်ဖို့ အတွက်နည်းပညာအခက်အခဲတွေကလည်း အမြဲကြုံတွေ့နေရပါတယ်။

စစ်ကောင်စီဘက် ထိုးစစ်ဆင်လာတဲ့အချိန် ရဲဘော်တွေမှာလက်နက်အပြည့်အစုံမရှိဘူးလို့ ကြားရတဲ့အချိန်တွေက မေလေးအတွက် စိတ်ဓာတ်အကျရဆုံးအချိန်တွေပါပဲ။ ဒါပေမယ့် အလုပ်ပိုလုပ်ကြမယ်ဆိုပြီး အပြန်အလှန်အားတင်းရင်း ကျော်ဖြတ်ကြတယ်လို့ မေလေးကဖွင့်ဟပါတယ်။

ရှေ့ဆက်ပြီး YouTube channel နှစ်ခု ၊ website နှစ်ခုနဲ့ web app တစ်ခု၊ limited edition တစ်ခုပြုလုပ်နေပြီး Quizz app တစ်ခုလည်း ဆက်ထုတ်နိုင်ဖို့လုပ်နေတယ်လို့ဆိုပါတယ်။

ကိုယ်တိုင်ပါဝင်ကူညီချင်တဲ့ ပြည်သူတွေ အနေနဲ့လည်းကိုယ့်မှာရှိတဲ့ talent တွေ၊ သီချင်း၊ ဆောင်းပါး၊ကဗျာ၊audiobook တွေ ပို့ပေးလို့ရပြီး Padaythar P2P channelနဲ့ websiteမှာ ပြန်တင်ပေးမှာဖြစ်ပါတယ်။

“ ဘယ်လောက်ပဲစိတ်ပင်ပန်းနေပါစေ။ ဒီကရတဲ့ဟာအားလုံးက အတိုအရှည် ဖြစ်လာမှာရယ်။ ကိုယ်ပိုင်သေနတ် မဝယ်နိုင် သေးတဲ့ ရဲဘော်တွေ သေနတ်တစ်လက်ရရင် ဘယ်လိုပျော်မယ်ဆိုတာသိနေတော့ ဘယ် platform ကမဆို ပိုအားစိုက်ပြီး ပြည်သူကလည်း ပူပေါင်းပေးရင်ဘာမှ မလုပ်နိုင်တာထက်စာရင်တော့ ထင်တာထက်ပိုပြည့်စုံလာမှာပါ” လို့မေလေးက ပြောပါတယ်။

Stellaနဲ့မေလေးနည်းတူ ဒစ်ဂျစ်တယ်တော်လှန်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေသူ Theoကလည်း “ဒီလို လုပ်ငန်း မှာ ပါဝင်တဲ့အတွက် လုံခြုံရေးအတွက်စိုးရိမ်ရတာ၊ အင်တာနက်လိုင်းမကောင်းတာတွေကြောင့် တခါတလေစိတ်ဓာတ်ကျမိ တယ်” လို့ဆိုပါတယ်။

Theo က Click for Revolution လို့အမည်ရတဲ့ အွန်လိုင်းပလက်ဖောင်းမှာပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

“ ပုံမှန်အနေအထားအတိုင်းပြန်နေနေတဲ့သူတွေနဲ့ ရေပေါ်ဆီတွေကို တွေ့တဲ့အခါမျိုး၊ ကိုယ့်ရဲဘော်တွေအထိအခိုက်များတဲ့ အခါမျိုး၊ ကိုယ့်အနာဂတ်ကိုတွေးမိတဲ့အခါမျိုးတွေမှာ တစ်ခါတလေတော့စိတ်ဓာတ်ကျမိတယ်”လို့ Theo ကဖွင့်ဟပါတယ်။

ဒါပေမယ့် ဒီတစ်ခါရှုံးရင် နိုင်ငံရဲ့အနာဂတ်ရော၊ ကိုယ့်အနာဂတ်ရော လုံးဝပျက်စီးမှာဖြစ်တဲ့အတွက် သေချာပေါက်နိုင်မှဖြစ် မယ်လို့ တွေးကာအားတင်းကျော်ဖြတ်နေပါတယ်။

ငွေကြေးသပ်သပ်မထောက်ပံ့နိုင်ရင်တောင် ကိုယ့်နေ့စဉ် ဆိုရှယ်မီဒီယာအသုံးပြုတဲ့အချိန် တစ်ချို့ထဲကနေ ကူညီထောက်ပံ့ နိုင်တဲ့ အဆင်ပြေပြီး ကိုယ်တိုင်လည်းနေ့စဉ် ပုံမှန်အလုပ်တစ်ခုလို မဖြစ်ဖြစ်အောင် လုပ်နေတယ်လို့ ဒီပလက်ဖောင်းတွေ ကို အသုံးပြုသူတစ်ဦးကမှတ်ချက်ပေးပါတယ်။

“ ကိုယ်ကိုတိုင်လှူချင်ရင်တောင် ချိတ်ဆက်နေဖို့ကအဆင်မပြေနိုင်ဘူးလေ။ တစ်နည်းအားဖြင့် ဒါဟာ ကိုယ့်လုပ်အားနဲ့ ထောက်ပံ့ခြင်း တစ်မျိုးပဲမို့ ကျန်သူများကိုလည်း အချိန်လေးနည်းနည်းပေးပြီး Click စေချင်ပါတယ်”လို့သူကဆိုပါတယ်။

နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ ဒစ်ဂျစ်တယ်တော်လှန်ရေးနောက်ကွယ်ကလုပ်ငန်းတွေမှာ ပါဝင်နေတဲ့ အမျိုး သမီးတွေဟာ အခက်အခဲအချို့ရှိပေမယ့်လည်း တော်လှန်ရေးအောင်မြင်ဖို့သာ ဆန္ဒရှိနေကြပြီး ပြည်သူတွေများများပါဝင်ဖို့ တိုက်တွန်းပါတယ်။

“ Digital Strike ကရတဲ့ငွေပမာဏတွေက တော်တော်များတာမို့ ရဲဘော်တွေကိုလည်း ပမာဏများများထောက်ပံ့ပေးနိုင် တယ်။ ဒါကြောင့်ပြည်သူတွေအနေနဲ့ Digital strikeတွေမှာ ပိုပြီးပါဝင်ပေးဖို့တောင်းဆိုချင်ပါတယ်”လို့ Theoက ဆိုပါတယ်။

မေလေးကလည်း “ ပြည်သူတွေ ပင်ပန်းနေတာသိလို့ကို လုံးဝအလှူငွေမကောက်ဘဲ YouTube ပဲ ကြည့်ပေးပါ၊ click ပဲ click ပေးပါလို့ တောင်းဆိုပြီး တောထဲကနေအချိန်မရှိတဲ့ကြားထဲ ဘယ်အချိန်လေယာဉ်လာမလဲမသိတဲ့ကြားက ရဲဘော် တွေ ကြိုးစားပေးနေတာမို့ ပြည်သူတွေကတတ်နိုင်တာထက်ပိုပြီးကူညီပေးကြပါ။ အချိန်ပေးကြဖို့ပြောချင်ပါတယ်။ ကိုယ် တိုင်လည်းကြည့်ပြီး ကိုယ့်ပတ်ဝန်းကျင်ကသူတွေကိုပါ တိုက်တွန်းပေးကြဖို့တောင်းဆိုချင်ပါတယ်”လို့ ဆိုပါတော့တယ်။

Author:

Related Articles