“ပအိုဝ်းရိုးရာ ပအိုဝ်းအမျိုးသမီးများရဲ့ လှုပ်ရှားမူ ပုံရိပ်များ “

ယခင်ချိန်တွေမှာ ပအိုဝ်းကျေးရွာအများစုကတော့ ပအိုဝ်းရိုးရာ အိုးစည်တွေကို အမျိုးသားတွေကသာ အမြဲတီးလေ့ ရှိကြပါတယ်။ အမျိုးသမီးတွေ အဲ့ဒီအိုးစည်ကို တီးရင် ဘုန်းနိမ့်တယ်၊ နတ်မကြိုက်ဘူး၊ အိုးစည် အသံကောင်းကောင်း မထွက်ဘူးဆိုပြီး အယူရှိကြတဲ့အတွက် အမျိုးသမီးတွေကို တီးဖို့ နေနေသာသာ ထိတောင် ပေးမထိ ခဲ့ပါဘူး။

သားဦးမိခင်

“ကျမတို့ မိခင်တွေဟာ အဲဒီလို အယူလွဲနေတဲ့ ရှေးရိုးယုံကြည်မှုတွေထဲကနေ ရုန်းထွက်ပြီး၊ တော်သင့်မှန်ကန်တဲ့ နည်းလမ်း တွေကိုသာ လက်တွေ့အသုံးချဖို့လိုအပ်ပါတယ်။”

ဧည့်မျှော်နေတဲ့ ပုဂံက ဈေးသည်တွေရဲ့သောက

“ဒီကာလ အားလုံးကခက်ခဲကြတယ်ဆိုပေမယ့် ကျမတို့လို ဧည့်မျှော်ပြီး အလုပ်လုပ်ရတဲ့သူတွေကတော့ ပိုကျပ် တည်းတာပေါ့။ အရင်ကိုဗစ်ထက် စစ်တပ်ခေတ်မှာ ရှာဖွေရတာ ပိုခက်ခဲတယ်။ ခုဆို အလုပ်မရှိတာ ၂ နှစ်နီးပါး ရှိပြီ။ ရှိတာလေးတွေ ရောင်းစားရင်းနေရတာပေါ့”

Women with disability faced more difficulty

“Some people with disability and elder people are staying in a monastery or hiding in the safe places, but if something happens, some people will be ok to move away but some are not. Some people said they will die here.”

ဇာတ်ခုံကို လွမ်းနေကြသူများ

“ ပညာတွေရဖို့ကမနည်း ကြိုးစားသင်ခဲ့ရတာထမင်းမစားဘဲနဲ့လေ့ကျင့်ခဲ့ရတာ။ အမြဲတမ်းပြန်လုပ်နေချင်တယ်။ အသက် ကြီးလို့ မကနိုင်တော့ဘူးဆိုတဲ့အချိန်မှနားချင်တယ်။ ဒီပညာကလည်းလွယ်လွယ်နဲ့ရတာ မဟုတ်တော့ အခုလိုနားနေချိန်မှာ ပိုနှမြောမိတယ်”

ဧည့်မျှော်ပြီး လုပ်ကိုင်ရတဲ့ အသေးစားလုပ်ငန်းတွေက ပြိုလဲကုန်ပြီ

"ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းဖြစ်တဲ့ အချိန်တုန်းက အကန့်အသတ်တွေ လုပ်ထားပေမယ့် ပြည်တွင်းခရီးသွားဧည့်သည်တွေ လာသေးတော့ တစ်လမှာ နှစ်ခေါက်သုံးခေါက်ထွက်ရုံနဲ့ စားဝတ်နေရေးက ဖြေရှင်းလို့ ရသေးတယ်။ အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်းကျတော့ လုံးဝမထွက်ရတော့ဘူး။ အာဏာသိမ်းတာရဲ့ ရိုက်ခတ်မှုက ကျွန်မတို့လို အောက်ခြေလူတန်းစားတွေကို တော်တော်ကြီးကြီးကို ထိတယ်။ မြင်းလှည်းတောင် ရောင်းလိုက်ရတဲ့ ဘဝရောက်သွားတယ်"

မြို့ပြနေပြည်သူတွေရဲ့ စိုးထိတ်နေ့စွဲများ

" အပြင်ထွက်တဲ့အချိန် သူတို့ကို မြင်တာနဲ့ ဘာရယ်မဟုတ်ဘူး စိတ်ကလန့်နေတာ၊ နောက်ပြီး ပစ်ခတ်တာတွေ ဗုံးပေါက်ကွဲ ဘာညာလည်း ကြားနေရတော့ ကိုယ့်ထိမလားဆိုတဲ့အတွေးနဲ့ စိတ်ကမလုံခြုံတာအမှန်ပဲ "

ပအိုဝ်း တောင်သူအမျိုးသမီးများရဲ့ နေ့စဉ်ဖြတ်သန်းမှု ဓာတ်ပုံအက်ဆေး

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အသွားအလာ ပိတ်ပင်ထားပြီး မလွတ်လပ်သည့်အပြင် နေရာတိုင်းမှာလည်း စစ်ဆေးရေးဂိတ်တွေလည်း အများပြားရှိလာပါတယ်။ ယခုဆိုရင်ကိုဗစ်-၁၉ ရောဂါ ပျံနှံ့နေမှုကြောင့် ဟိုပုံး တောင်ကြီးစစ်ဆေးရေးဂိတ်အနီး တောင်ကြီးမြို့သို့ သွားမည့် မည်သူမဆို ကိုဗစ်-၁၉ ရောဂါရှိမရှိ စစ်ဆေးရမည် ဖြစ်ပြီး စစ်ဆေးခ ၁၀,၀၀၀ ကျပ်လည်း ပေးဆောင်ရမယ်လို့ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်‌ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတွေက ထုတ်ပြန်ထားပါတယ်။ ဒီထုတ်ပြန်မှုကြောင့် ဆန်၊ ဆီး၊ ဆားကုန်ရင် တောင်ကြီးကို တက်လာပြီးဈေးသုံးနိုင်ဖို့ အတွက် အခက်တွေ့ နေရပါတယ်။ ဘာလို့လည်းဆိုတော့ ငွေကျပ် ၁၀,၀၀၀ ဆိုတာဟာ တောင်သူတွေရဲ့ ၃ ရက်စာ လုပ်အားခလောက်ဖြစ်နေလို့ပါပဲ။