အရိုးကွဲအောင်ရိုက်တာ အသည်းစွဲအောင်ချစ်ဖို့တဲ့လား

"လင်မယားရန်ဖြစ်တဲ့အချိန်က အဝတ်လျှော်နေရင်းဖြစ်တယ်။ခင်ပွန်းဖြစ်သူက တွေ့တဲ့ ခုံနဲ့ ကောက်ထုတယ်။ ဒါကို မျက်မြင်သက်သေမရှိလို့ဆိုတဲ့အခ်က်နဲ့ တရားသေလွှတ်လိုက်တယ်။ ဒဏ်ရာတွေကလည်း ၁၀ ရက်ခြားပြီးတိုင်တာဖြစ်လို့ ယုတ္တိမရှိဘူးလို့ပြောတယ်။ ရဲစခန်း သွားတိုင်တုန်းက ရဲသက်သေလည်းရှိတယ်။ ဆေးစာအတူလိုက်ပါတဲ့ ရဲကလည်း သက်သေ ထွက်ဆိုထားတယ်။ အဲ့ဒါကိုအမှုက တရား သေလွှတ်လိုက်တယ်။ ပတ်ဝန်းကျင်သက်သေကို ထည့်သွင်း မသုံးသပ်တာကတော့ အမျဳိးသမီးတစ်ယောက်အတွက် နစ်နာတယ်"

ကိုဗစ်နဲ့စစ် အကြားဗျာများနေရသော ရခိုင်စစ်ဘေးရှောင်များ

“ကိုဗစ်အကြောင်း သိပ်မသိဘူး။ ကျွန်မတို့ ခုဆန်ပဲရှိတော့တာ၊ ဟင်းက အလှည့်ကျ အုပ်စုလိုက် အပြင်ထွက် ပြီး အသီးအရွက်တွေ ခူးကြ ချက်ကြရတယ်။ အလှုရှင်တွေက လက်ဆေးရည်တို့ ဘာတို့ လာပေးကြပေမယ့် တကယ်လိုနေတာက စားစရာပါ။ ။ ပြီးတော့ ကျွန်မတို့ တကယ်လိုနေတာတွေက အတွင်းခံတို့ အမျိုးသမီးလစဉ်သုံး ပစ္စည်းတို့ပါ။ နှာခေါင်းစည်းတွေ ဘာတွေကျ လာပေးလည်း ကိုယ့်အချင်းချင်းတွေ ဘယ်သူမှ တပ်မနေကြပါဘူး”

အဓမ္ဓပြုကျင့်ခံ မသန်စွမ်းအမျိုးသမီးအတွက် မီးဖွားစရိတ်က ငွေတသိန်းနဲ့ ကျေအေးသတဲ့လား

“သူတို့က အခုလို အကာအကွယ်မဲ့တောင်းစားရတဲ့ ဘဝဆိုတော့ မသန်စွမ်းခြင်းတူတာတောင် သူတို့မှာ အန္တရာယ် ပိုများ တာပေါ့။ အမတို့မှာ ပြန်ခုခံဖို့ စွမ်းအားမရှိဘူးလေ။ ဒီလိုမျိုးတွေ ဖြစ်လာပြီဆိုရင် ထိရောက်တဲ့ ပြစ်ဒဏ်ပေးတာမျိုးတော့ ဖြစ်စေချင်တယ်”

တပ်မတော်သား ၃ဦး အဓမ္မပြုကျင့်မှု ပွင့်လင်းစွာစစ်ဆေးရန်တောင်းဆို

“ဒါမျိုးတွေ အတွက် ပွင့်လင်းမြင်သာမှု ရှိရဲ့လား၊ တရားမျှတမှု ရှိရဲ့လားဆိုတော့ ဒါမျိုးတွေက မကြာခဏ ဥပမာတွေ ရှိခဲ့ပြီးသားပဲ။ အင်းဒင် လူသတ်မှုကို ကြည့်ရင် အစက မဖြစ်ဘူးပြောတယ်။ နောက်ပိုင်း ဖြစ်ပါတယ်ဆိုပြီး ဝန်ခံတော့ တပ်တွင်း ကအပြစ်ပေးတယ်လို့ ပြောတယ်။ ဘယ်သူမှလည်း ဘာမှ မသိလိုက်ရဘူး။ နားလည်း မထောင်လိုက်ရဘူး”

လွှတ်တော်ထဲရောက်ဖို့ကြိုးစားနေတဲ့ ပအိုဝ်းအမျိုးသမီးလူငယ်အမတ်လောင်း

“အမျိုးသမီးအခွင့်အရေးဆိုတာ အနောက်တိုင်းအယူအဆဘဲ ငါတို့ အယူအဆနဲ့ မတူဘူး ငါတို့ ဘာသာရေးနဲ့ ကိုက်ညီမူမရှိဘူး လို့ ပြောလာတဲ့ ဟာကကလည်း အတိတ်ဆိုးတစ်ခုဖြစ်တယ်”

ယမ်းငွေ့တွေကြားက အကာအကွယ်မဲ့မိခင်များ

"သေနတ်သံတွေမကြားရတော့ရင် အိမ်ပြန်ချင်ပါတယ်။'' လို့ မစန္ဒာအေးက သူမရဲ့လသားအရွယ်ကလေးလေးကို နို့တိုက်နေရင်း မှောင်မည်းလာနေတဲ့မိုးတိမ်တွေကိုကြည့်ရင်း ဆိုပါတယ်။

ရဲရင့်သောရခိုင်အမျိုးသမီး၏တရားမျှတမှုရှာပုံတော်

“ တပ်မတော်သားဆိုရင် တပ်မတော် ဆိုင်ရာ ဥပဒေနဲ့ဆိုင်တယ်။ တပ်မတော်သားကို တပ်မတော် ဆိုင်ရာ ဥပဒေ နဲ့စစ်ဆေးတဲ့အခါမှာ က မျှတတဲ့ တရားစီရင်နဲ့ကိုက်ညီဖို့လိုတယ်။ အရပ်ဖက် တရားရုံးတွေမှာ စစ်ဆေးရမယ်”

လော့ဒေါင်းမိနေတဲ့ရန်ကုန်မြို့တော်က အမျိုးသမီးများ၏ ဝမ်းရေးတိုက်ပွဲ

ကိုယ့်ဘဝကို အရမ်းဆိုးနေတယ်လို့တော့ မခံစားနေတော့ပါဘူး။ အမေ့အိမ်နောက်မှာကပ်နေရင်း အိမ်လခမပေးရတာနဲ့တင် အမေ့ကိုထိုင်ကန်တော့ချင်နေပါပြီ။

ပရဟိတ ဆရာမတစ်ယောက်ရဲ့ ပြန်လိုချင်တဲ့ ငြိမ်းချမ်းနေ့ရက်များ

'' ပညာရေး ကျန်းမာရေး လူမှုရေးကအစ တိုင်းရင်းသားတွေထဲမှာ ဖြစ်ပျက်နေတဲ့ဟာက တော်တော်ကြောက်ဖို့ကောင်းနေပြီ။ အားလုံးထဲမှာ ရခိုင်ပြည်သူတွေက အနိမ့်ကျဆုံး ကျန်ခဲ့တော့မယ်။ ရခိုင်ပြည်နယ်ထဲမှာ ချင်း၊ မြို၊ သက်၊ ဒိုင်းနက် လူမျိုးပေါင်းစုံ ရှိတယ်လေ။ အားလုံးခံစားနေရတာကိုပြောတာပါ။ ဒီလူတွေရဲ့ ခံစားချက်ကို ဦးစားပေးပြီးတော့ နည်းနည်းဖြေလျော့ပြီးတော့ စဉ်းစားပေးကြပါ"

ကိုဗစ်တိုက်ပွဲကြားက မသန်စွမ်းအမျိုးသမီးများ

“FQ မှာ အမျိုးသမီးတွေက အိမ်သာကအစ သက်တောင့် သက်သာ မရှိဘူး။ အမျိုးသား မသန်စွမ်းက ဖြစ်သလိုဖြေရှင်း လို့ရပေမယ့်၊ အမျိုးသမီးကျတော့ ဖြေရှင်းဖို့ ခက်တာတွေ ရှိပါတယ်”