
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် အမျိုးသမီးများရဲ့အသံ
"ကျနော်တို့အမျိုးသမီးထုဟာ ခွန်အားအရာမှာတော့ အကြမ်းဖက်စစ်ကောင်စီထက် နည်းကောင်းနည်း လိမ့်မယ်။ သို့သော် ငြားလည်း တော်လှန်လိုစိတ်၊ သတ္တိတွေဟာ လုံးဝဘယ်သူမှ မယှဉ်နိုင်တာမျိုးရရှိတယ်။ ကျဆုံးသွားရတဲ့အမျိုးသမီးတွေ အတွက် သူတို့ထက်ပိုပြီးတော့ နှစ်ဆပိုတိုက်ပေးရလိမ့်မယ်။ သူတို့ရဲ့ဝိဉာဉ်တွေ ကျနော်တို့မှာ ပူးကပ်စွဲဝင်နေပြီးတော့ ဒီတော်လှန်ရေးကို အဆုံးစွန်အထိတိုက်သွားမယ်။"

အမေများနေ့မှာ အမေနဲ့အတူမရှိနိုင်တဲ့ နွေဦးတော်လှန်ရေးထဲက အဝေးရောက်သူရဲကောင်းတို့ရဲ့ရင်ဖွင့်သံများ
“အမေတို့ကလည်း (၈၈)တုန်းက တက်တက်ကြွကြွနဲ့ပါဝင်ခဲ့ကြတဲ့ သူတွေဆိုတော့ ကိုယ်တွေ နိုင်ငံရေးလုပ်တာကိုနားလည်တယ်။အပစ်အခတ်တွေ ကြမ်းကြမ်းတမ်းတမ်းမရှိခင်တုန်းကဆိုရင် မနက်ဆန္ဒထွက်ပြမယ်ဆိုရင် အမေက အဝတ်အစားပြင်ဆင်ပေးတာက အစစီစဉ်ပေးတယ်။ ဆောင်ရရှောင်ရမှာတွေကို အမေကပြောပြပေးတယ်။ အမေနဲ့ပြန်တွေ့ရင် အလုပ်ချင်ဆုံးအရာကတော့ အမေနဲ့အတူတူ အေးအေးချမ်းချမ်းနဲ့ ခရီးသွားချင်တယ်။ ” (ကိုသွေးသစ် )

နေပြည်တော်က မဲပေးခဲ့တဲ့ အမျိုးသမီးတွေရဲ့ အသံများ
နေပြည်တော်က မဲပေးခဲ့တဲ့…

ကိုရိုနာနဲ့ တိုက်ပွဲ ဘယ်အရာ ပိုကြောက်လဲ
“လက်နက်ကြီးပစ်ချတာက ကြောက်စရာအကောင်းဆုံးပဲ။…

အမှောင်ထုမှ အလင်းဆောင်သူ နော် ဘလူးမေနိုက်ဇန် – Blooming Night Zan
῝ကရင်ပြည်သူလူထု၊ ကရင်အမျိုးသားတွေ အကြီးအကျယ် ဒုက္ခရောက်နေတာကို မကြည့်ရက်တော့ဘူး။ ပြေး လွှားရ၊ မုဒိန်းကျင့်ခံရ၊ သတ်ဖြတ်ခံရ၊ ကိုယ်ဝန်သည်တွေလည်း ကိုယ်ဝန်ပျက်ကျ၊ ပေါ်တာဆွဲရခံရနဲ့ အဲဒါတွေ ကြည့်ပြီး ကျမရင်ထဲမှာဆို့ပြီး ကွဲအက်မတတ် ခံစားခဲ့ရတယ်။

မြေပြန့်ဒေသမှ အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနေ့ စကားသံများ
လက်နက်ကိုင်တွေကြားထဲမှာမြေစာပင်ဖြစ်ခဲ့ရတာတွေ အရင်က မသိခဲ့ဘူး။ တိုင်းရင်းသားဒေသက မိခင်၊ ကလေး၊ အထူးသဖြင့် အမျိုးသမီးတွေ တိုက်ပွဲကြောင့် ဆုံးရှုံးခဲ့တာတွေအတွက် စိတ်မကောင်းဖြစ်ရတယ်။ အကုန်လုံးကို ငြိမ်းချမ်းစေချင်တယ်။ ငြိမ်းချမ်းမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ အကုန်လုံးကို ရှင်သန်စေချင်တယ်῎


