သတင်းဆောင်းပါး

သဘာဝပတ်ဝန်းကျင်ပျက်ဆီးမှုကိုကျားကန်ပေးဖို့ ကြိုးစားနေရတဲ့အမျိုးသမီးပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများ

"တိုင်းပြည်ရှုပ်ထွေးနေချိန်မှာ ထိန်းသိမ်းရေးကို ဦးစားပေးရမယ်လို့ မပြောရဲဘူးလေ။ ပြည်သူတစ်ဦးအနေနဲ့ အသက်ရှင်ရပ်တည်ဖို့တောင် ခက်ခဲနေတဲ့အချိန်မှာ တောမီးလောင်တောကြောင် လက်ခမောင်းခတ်ဆိုတဲ့အတိုင်း မသမာသူတွေက လွယ်လွယ်နဲ့ ချိုးဖောက်နေတာ၊ ဒို့မှာဘယ်အချိန် ရိုက်သတ်ခံရမလဲမသိဘူး။ ခိုးနေတာမြင်လည်း သွားမတားရဲဘူး"

ရင်ထဲမှာ အမုန်းပင်တွေစိုက်ခံထားရတဲ့ အနာဂါတ်ရင်သွေးငယ်တွေ

တစ်ရက်မှာ ငါးနှစ်အရွယ်ကလေးက အိမ်ထဲမှာတအားဆော့နေလို့ ကျနော့်အဒေါ်က ငြိမ်ငြိမ်နေဖို့တားတယ်။ တားမရတဲ့ အဆုံး “အေး…ဒီလောက်တောင် ပြောမရတဲ့ဟာ ငါ ရဲစခန်းကို ဖုန်းဆက်လိုက်မယ်" ဆိုပြီး အဒေါ်က ပြောမိလိုက်တယ်။ အဲဒီအခါကလေးဟာ အိပ်ခန်းထဲကို အတင်းဝင်ပြေးသွားပြီး တံခါးကို အထဲကနေ ဂျက်ထိုးထားလိုက်တယ်။ အပြင် ထွက်ဖို့ခေါ်တာ ဘယ်လိုမှ ခေါ်မရဘူး။ ထမင်းစားဖို့ခေါ်တာလည်း ထွက်မလာဘူး။

အမိအရဖမ်းဆုပ်သင့်တဲ့ ကြားကာလပညာရေး

" ကျွန်မတို့က စာတတ်ဖို့တစ်ခုပဲ အရေးကြီးတယ်ဆိုတာမျိုး မခံယူပါဘူး။ စစ်ကောင်စီရဲ့ ဘယ်လုပ်ရပ်ကိုမှ အသိအမှတ် မပြုချင်လို့ကို ကျွန်မကလေးတွေကို ခုလိုကျောင်း(NUG ရဲ့ကြားကာလပညာရေးကျောင်း)ထားတာ"

နွေဦးတော်လှန်ရေးထဲက အကျဉ်းစံကိုယ်ဝန်ဆောင်တွေဘဝ

“ အာဟာရရှိတာမရှိတာ သန့်ရှင်းတာမသန့်ရှင်းတာထက် ကိုယ်နဲ့ဗိုက်ထဲကကလေးအသက်ရှင်ဖို့ပဲလိုတယ်ဆိုပြီး မစားနိုင် လည်း စားပြီးကျော်ဖြတ်ခဲ့တယ်။ သူတို့ကျွေးတာကတော့ တစ်ကယ်မသေရုံကျွေးတာပဲ”

အမျိုးသမီးနဲ့စစ်ရေးမသက်ဆိုင်ဘူးဆိုတဲ့ အယူအဆတွေကို ချေဖျက်လိုက်ကြသူများ

“ အမျိုးသမီးတွေဟာ စစ်ရေးနဲ့မသက်ဆိုင်ဘူးဆိုတဲ့ ယူဆချက်ဟာ ဒီနွေဦးတော်လှန်ရေးမှာတော့ မဖြစ်နိုင်ဘူးပေါ့။ ဘာလို့ ဆိုအမျိုးသမီးတွေဟာ ခန္ဓာဗေဒအရ နွဲ့နှောင်းနိုင်ပေမယ့် စစ်ရေးလေ့ကျင့်တဲ့အခါ အမျိုးသားတွေနဲ့တန်းတူလုပ်နိုင်ကြ တယ်။ ခုဆိုစစ်မျက်နှာပြင်တိုင်းလိုလို အမျိုးသမီးတွေပါလာကြပြီ”

အမျိုးသမီးတွေဦးစီးတဲ့ကူရာမဲ့တိရစ္ဆာန်ကယ်ဆယ်ရေး

“သူတို့လေးတွေရဲ့ အသက်ရှင်ခွင့်က ရာခိုင်နှုန်းနည်းပေမယ့် ရှင်သန်ချိန်လေးမှာ အကောင်းဆုံး လုပ်ပေးလိုက်ချင်တဲ့ ဂရုဏာစိတ်က တွန်းအားပေါ့နော်။ ညှိုးငယ်တဲ့မျက်ဝန်းလေးတွေနဲ့ မဝံ့မရဲအမူအရာလေးတွေက အကာအကွယ်ပေးပါလို့ တောင်းဆိုနေသလို ရုန်းထွက်မရတဲ့ ဆွဲအားတွေပေါ့”

ခုခံစစ်ဒေသထဲက သက်မွေးပညာ

"ခုခံစစ်ဆင်နွှဲနေတဲ့ကာလမှာ ကြားကာလပညာသင်ကြားရေးဟာ အရေးကြီးသလိုပြန်လည် ထူထောင်ရေးကာလ အတွက် သက်မွေးပညာသင်ကြားရေးဟာလည်း အရေးပါတဲ့ကဏ္ဍတစ်ခုဖြစ်တယ်"

တန်ဖိုးကြီးမားလှတဲ့ တော်လှန်ရေး

“မျှော်လင့်ချက်မဲ့တာ၊ အနာဂတ်မရှိတော့ဘူးလို့ ခံစားရတာ၊ မသေချာမရေရာမှုတွေကို ခံစားနေရတာတွေကြောင့် အသက်ရှင်နေရင်လည်း အပိုပဲ၊ ဘာမှမထူးဘူးဆိုတဲ့ အတွေးမျိုးတွေဝင်လာတတ်တယ်။ ဘယ်သူမှ ဒီဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မကူမကယ်နိုင်တော့ဘူးလို့ စဥ်းစားလာမိတတ်ပါတယ်။ ဒါကလည်း လူတွေမှာ အရမ်းစိတ်ဖိစီးလာတဲ့အခါတွေမှာ တွေးမိနိုင်တဲ့ အတွေးတွေပါ။"

တရားမျှတမှုရရှိရေးတောင်းဆိုနေကြသည့်ရခိုင်သူနာပြုတိုက်ခိုက်ခံရမှု

“လက်တွေကို ဆွဲပြီးတော့ ရိုက်တယ်။ ဆံပင်ကိုဆွဲပြီးတော့လည်း ခေါင်းကိုအုတ်နံရံမှာ ဆောင့်ပါတယ်။ ခေါင်းကို ဆောင့်တာ ၁၅ ချက်၊ အချက် ၂၀ လောက်ရှိပါမယ်။ ကျမခေါင်းက ထုံသွားပါတယ်။ အဲဒီအချိန်မှာ သတိလစ်မလို ဖြစ်သွားပါတယ်။ သတိမထားရင် သေသွားနိုင်တယ်”

မောင်တောမှာပထမဆုံးကျင်းပတဲ့သက်အမျိုးသားနေ့

“အဲနေ့က တညလုံးအိပ်မပျော်ဘူး။ ရိုးရာဝတ်စုံဝတ်ပြီး အမျိုးသားနေ့အခမ်းအနား သွားရမှာကို ရင်ခုန်နေတယ်။ ကျမလိုပဲ တခြားလူတွေလည်း ရင်ခုန်နေကြမှာ”