သတင်းဆောင်းပါး

လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ

“ အဘ ပိုက်ဆံလို ချင်တာတော့ မဟုတ်ဘူး တရားရုံးသွားပြန်ရင်လည်း ကျန်တဲ့ ကလေးတွေကိုလည်း ရှာကျွေးရအုန်းမှာ မို့လိုပါ။ တရားရုံးကို ခနခန သွားရရင် ခြံလည်း သွားဖို့လိုတယ် ဝင်ငွေလည်း မရှိပြန်ဘူး”

စစ်ကောင်စီကြိုးတိုက်ထဲက အမျိုးသမီး ကိုးယောက်

“ရှေ့နေလုပ်လာတဲ့ နှစ်၅၀ကျော်မှာ အမျိုးသမီးတွေကို သေဒဏ်ပေးတယ်ဆိုတာ ၈၈ အရေးတော်ပုံကာလမှာတောင် မရှိခဲ့ဘူး”

တော်လှန်သူတို့ရဲ့မုန့်ဆိုင်တန်း

“ အဖွဲ့အတွက်ငွေအင်အားမလုံလောက်တော့ အမျိုးသမီးရဲဘော်တွေအနေနဲ့ မဖြစ်မနေဈေးရောင်းနေရတယ်”

ဆယ်နှစ်ကြာအလွမ်း

"ရခိုင်မှာ ၂၀၁၂ ခုနှစ် ပြသနာမဖြစ်ခင်က ရခိုင်နှင့် ရိုဟင်ဂျာတွေဟာ စည်းစည်းလုံးလုံးနေထိုင်ခဲ့ကြပြီး သူငယ်ချင်း အပေါင်းအသင်းတွေဟာလည်း ရခိုင်တွေဖြစ်တယ်၊ သူ့ကိုယ်ရေးကိုယ်တာ ကိုယ့်ကိုယ်ရေးကိုယ်တာ ကိစ္စမှာတောင် ရင်းရင်းနှီးနှီး တိုင်ပင်ဖော် တိုင်ပင်ဖက်အဖြစ် နေခဲ့ကြတယ်။"

ဖိနှိပ်မှုကြားက အာဂအမျိုးသမီးတွေရဲ့ သမိုင်းစာမျက်နှာ

စစ်အာဏာရှင် တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ ရဲရဲတောက် အာဂ အမျိုးသမီးတွေဟာ ဖိနှိပ်မှု၊ အခက်အခဲ၊ အကြမ်းဖက် နှိမ်နင်းမှုတွေကြားကနေ ပါဝင်နေကြသလို လက်နက်ကိုင် တော်လှန်ရေးမှာပါ ရွပ်ရွပ်ချွံချွံ ပါဝင်နေတာ တွေ့မြင်ရပါတယ်။ ဒါကြောင့်လည်း ဒီလို ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ ဂုဏ်ယူထိုက်တဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို သမိုင်းထင်ကျန်ရစ်ဖို့ အမျိုးသမီးများအသံကို တစိုက်မတ်မတ် ရေးသားနေတဲ့ ဟိုင်းသတင်းဌာနကနေ ၂၀၂၂ ခုနှစ် (ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်) ၄ လအတွင်း အမျိုးသမီးများ ပါဝင်ခဲ့ကြတဲ့ သမိုင်း စာမျက်နှာများကို တစုတစည်း ဖော်ပြပေးလိုက်ပါတယ်။

စစ်ကောင်စီဖျက်စီးခဲ့တဲ့ မိသားစုအသိုက်အမြုံတွေ

“ကျွန်မမိသားစုရဲ့အဝေးကိုထွက်လာခဲ့ရတဲ့ တစ်ခုတည်းသောအကြောင်းရင်းက မိဘတွေကိုအိမ်ကောင်းကောင်းနဲ့ ထားချင်ခဲ့လို့ပါ။ပြည်ပမှာကျောင်းတဖက်နဲ့အချိန်ပိုင်း အလုပ်လုပ်ရင်းအပင်ပန်းခံဆောက်ထားခဲ့ရတဲ့ အိမ်လေးမို့ပါ”

ကင်မရာသမားဖြစ်လိုတဲ့ ယူဂျီခေါင်းဆောင် အမျိုးသမီး

" အဲလိုမျိုး ပစ္စည်းပေးမယ်ဆိုပြီး တွေ့ပြီးတော့မှ အဖမ်းခံရတဲ့ရဲဘော်တွေလည်း ရှိတယ်။ အဲဒါကြောင့်မို့လို့ ပစ္စည်း ဝယ်ဖို့ ကလည်း သေချာကို ဂရုစိုက်ရတယ်။ ပစ္စည်းလာပို့ရင်လည်း သေချာယူပြီးတော့ သေချာစစ်ရတယ်"

ကြိုးစားမှုသာအရာရာ

“ဆယ်တန်းဆိုတာ ပြည့်စုံနေတဲ့သူမှမဟုတ်ဘူး ကြိုးစားရင် ညီမတို့လို ဆင်းရဲတဲ့သူတွေလည်း ဘာသာစုံဂုဏ်ထူး ထွက်နိုင်ပါတယ်”

ယုံကြည်ချက်အတိုင်း ဆက်လျှောက်နေကြတဲ့အမျိုးသမီးသတင်းထောက်တွေ

"မစွန့်စားနိုင်ရင်တော့ သတင်းရမှာမဟုတ်တော့ ဘယ်လောက်အန္တရာယ်များများ တစ် ကြောင်း၊ နှစ်ကြောင်းလောက်ပဲရရ လုပ်နိုင်သလောက်တော့ သတင်းတွေဆက်လုပ်နေမှာပါ"

ပြည်သူတွေ အကျပ်အတည်းပိုဆိုက်နေရတဲ့ ဆေးဝါးဂယက်

"ပါမစ်ပိတ်လို့ ဆေးဝယ်‌သောက်သုံးခွင့်မရဘဲ လူနာတွေနစ်နာရပြီဆို စစ်ကောင်စီက ပြည်သူလူထုကို သတ်လိုက်တာနဲ့ အတူတူပဲ"