Home ဆောင်းပါး မအောင်မြင်တဲ့အာဏာသိမ်းမှုကြောင့် အမျိုးသမီးတွေ အကြောင်းမဲ့သတ်ဖြတ်ခံနေရ

မအောင်မြင်တဲ့အာဏာသိမ်းမှုကြောင့် အမျိုးသမီးတွေ အကြောင်းမဲ့သတ်ဖြတ်ခံနေရ

ရှင်ငြိမ်း။ ။

မအောင်မြင်တဲ့အာဏာသိမ်းမှုကြောင့် အမျိုးသမီးတွေဟာ စစ်တပ်ရဲ့အကြောင်းမဲ့သတ်ဖြတ်တာကို ခံနေကြရတယ်လို့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတွေက ရှုတ်ချပြောဆိုနေကြပါတယ်။

စစ်တပ်က အမျိုးသမီးတွေကို ဦးတည်ပြီး အခုလိုအကြမ်းဖက်တာ၊ သတ်ဖြတ်တာတွေက စစ်ပရိယာယ်၊ စစ်ဗျူဟာတစ်ခု လိုသဘောထားလုပ်ဆောင်နေတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB မှ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) မနှောင်းမို့မို့က ထောက်ပြလိုက်ပါတယ်။

စစ်တပ်မှ ကျူးလွန်တဲ့ပြစ်မှုတွေက စစ်ကိုင်တိုင်းမှ မီးရှို့အသတ်ခံရတဲ့အသက် ၈၇ အရွယ်အဘွားအိုတစ်ဦး၊ မကွေးတိုင်းမှ လည်ပင်းဓါးနဲ့လှီးသတ်ဖြတ်ခံခဲ့ရ တဲ့ကလေး ၃ ဦးရဲ့မိခင်နဲ့ မျက်နှာကို သေနတ်နဲ့ အချက်ပေါင်းများစွာပစ်ခံခဲ့ရတဲ့ ချင်း ပြည်နယ်က မသန်စွမ်းအမျိုးသမီးတစ်ဦးအပေါ်လုပ်ရပ်တွေက သက်သေခံလျှက်ရှိပါတယ်။

အမျိုးသမီးတွေဟာ စိုးရိမ်သောကတွေနဲ့ နေရပ်ကိုစွန့်ခွာထွက်ပြေးနေရတဲ့အချိန်မှာတောင် စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို ဆိုးဆိုးဝါးဝါးထိခိုက်ခံစားနေကြရတာဖြစ်ပါတယ်။

ဒါတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အရပ်သားတွေကို ပစ်မှတ်ထားသတ်ဖြတ်တာ မျိုးမရှိဘူးလို့ သတင်းဌာနတွေက မေးမြန်းတဲ့အခါမှာပြန်ဖြေလေ့ရှိပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်း(AAPP)နဲ့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)ရဲ့ပူးပေါင်း ကောက်ခံထားတဲ့စာရင်းတွေအရဆိုရင် အာဏာသိမ်းထားတဲ့ ၁ နှစ်ကျော်အတွင်း စစ်တပ်ရဲ့သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့အမျိုးသမီးစုစုပေါင်းဟာ ၂၁၆ ယောက်ရှိပါတယ်။

AAPPကတော့ ဆန္ဒပြပွဲမှာ ပစ်ခတ်နှိမ်နင်းမှုကြောင့် ကျဆုံးသွားတဲ့အမျိုးသမီးက ၂၈ ဦး၊ ဖမ်းဆီးခံရပြီးနောက်ကျဆုံးသွား တဲ့အမျိုးသမီးက ၃၅ ဦး၊ မီးရှို့သတ်ဖြတ်ခံရတဲ့အမျိုးသမီးက ၁၃ ဦး၊ သတ်ဖြတ်ခံရပြီးနောက်ခန္ဓာကိုယ်ကို မီးရှို့ဖျက်ဆီး ခံရသူ ၆ ဦးရှိတယ်လို့ ဆိုပါတယ်။

NUG ရဲ့အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက အာဏာသိမ်းပြီး ၁ နှစ်ကျော်ကာလထဲမှာ တစ်နိုင်ငံ လုံးအတိုင်းအတာအရအမျိုးသမီး ၁၅၀ ခန့်ဟာ စစ်တပ်ရဲ့လက်ချက်နဲ့သေဆုံးခဲ့တယ်လို့ ဧပြီ ၄ ရက်က ထုတ်ပြန်ထားပါ တယ်။

စစ်ကိုင်းတိုင်းမှ သတ်ဖြတ်ခံရမှု

ဇူလိုင်လ ၁၀ ရက်က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တောင်ရွာသစ်ကျေးရွာမှာ စစ်တပ်က ဒေသခံအမျိုးသမီး ၃ ဦးနဲ့ အမျိုး သားတစ်ဦးကို သေနတ်နဲ့ အကြောင်းမဲ့ပစ်သတ်ခဲ့တဲ့အဖြစ်အပျက်တွေက ထောက်ရှုခြင်းဖြင့် စစ်တပ်ရဲ့ဆိုးယုတ်မှုတွေကို မြင်တွေ့နိုင်တယ်လို့ အမည်မဖော်လိုတဲ့နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးက မှတ်ချက်ပေးပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ တိုက်ပွဲတွေနဲ့မသက်ဆိုင်တဲ့သာမာန်အရပ်သားတွေဖြစ်တဲ့အသက် ၅၄ နှစ်အရွယ် ဒေါ်ညိုကြင်၊ အသက် ၄၅ နှစ်အရွယ် ဒေါ်အေးဝင်း၊ အသက် ၁၅ နှစ်အရွယ် မမိုးရီနဲ့ အသက် ၆၄ နှစ်အရွယ် ဦးတင်မောင်တို့ဖြစ်တယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ဒေသခံအမျိုးသမီးတစ်ယောက်ကတော့“သူတို့က ၁၀ ရက်နေ့က အသတ်ခံရတာ။ ကျမ တို့တွေ့တာက ၁၂ ရက်နေ့လောက်မှတွေ့တာ။ မနက်ပိုင်းစစ်ကြောင်းဝင်လာတယ်ဆိုတော့ ညနေလောက်ရောက်တော့ မရှိတော့ဘူးထင်လို့ ပြန်သွားရင်းအသတ်ခံရတာလို့တော့ သူတို့အမျိုးတွေကပြောတယ်”လို့ ပြန်ပြောပြပါတယ်။

ဒီရွာသားတွေဟာ တိုက်ပွဲနဲ့မသက်ဆိုင်တဲ့သာမာန်အရပ်သားပြည်သူတွေဖြစ်ပါတယ်။ သို့ပေမဲ့ ပုလဲမြို့နယ်ဟာ ချင်းပြည် နယ်နဲ့ မကွေးတိုင်းကိုဖြတ်သွားနိုင်တဲ့ကြားခံမြို့လေးဖြစ်သလို ဒေသကာကွယ်ရေးတပ်နဲ့ စစ်တပ်တို့ မကြာခဏတိုက်ပွဲဖြစ် နေတဲ့မြို့လေးဖြစ်ပါတယ်။

ဒေသခံရွာသားတစ်ဦးရဲ့ပြောပြချက်အရ ဇူလိုင်လ ၁၀ ရက်၊ နေ့လယ် ၁၂ နာရီကျော်လောက်မှာ စစ်အင်အားတစ်ရာခန့် ဟာ သေနတ်တွေပစ်ဖောက်ပြီး ရွာထဲကိုဝင်လာခဲ့တယ်။ သေနတ်သံတွေကို အဝေးကနေကြားရကတည်းက ရွာသားတွေ ဟာ ဘေးလွှတ်ရာကို ရှောင်ပြေးခဲ့ကြတယ်။

အဲဒီနေ့ညနေ ၄ နာရီလောက်မှာ အသတ်ခံလိုက်ရတဲ့အမျိုးသမီး ၃ ဦးနဲ့ အမျိုးသားဟာ စစ်သားတွေထွက်သွားပြီအထင်နဲ့ ရွာပြန်သွားရင်း စစ်တပ်နဲ့တွေ့ကာအသတ်ခံလိုက်ရတာဖြစ်တယ်။ ဒါပေမဲ့ပုန်းရှောင်နေတဲ့ရွာသားတွေကတော့ စစ်သား တွေရှိနေသေးတဲ့အတွက် ရွာထဲဝင်မလာခဲ့ကြပါဘူး။

/// Mandalay University graduates bow their heads as they hold posters with an image of Mya Mya Thwate Thwate Khaing, the 19-year old woman shot by police Feb. 9 in Naypyitaw, during an anti-coup protest in Mandalay, Myanmar Sunday, Feb. 14, 2021. Daily mass street demonstrations in Myanmar are on their second week, with neither protesters nor the military government they seek to unseat showing any signs of backing down from confrontations. (AP Photo)

ဇူလိုင်လ ၁၁ ရက်၊ နေ့လယ်လောက်မှာတော့ စစ်သားတွေထွက်သွားပေမယ့် ရှိနေနိုင်သေးတာကြောင့် ရွာကိုမပြန်သေးဘဲ စောင့်ကြည့်နေခဲ့ကြပါတယ်။ ဇူလိုင် ၁၂ ရက်မှာတော့ စိတ်ချရတဲ့အနေအထားရပြီဆိုတော့မှ ရွာထဲပြန်ဝင်လာတော့မှ သေ ဆုံးနေတဲ့ရုပ်အလောင်းတွေကို တွေ့ခဲ့ရတာဖြစ်တယ်။

အလောင်းကို မျက်မြင်တွေ့ခဲ့ရသူက“အမျိုးသားကတော့ လည်ပင်းမှာကြိုးကွင်းစွပ်ပြီး ပစ်သတ်ခံထားပုံရတယ်။ သူ့ အလောင်းကို ရွာနားမှာမြေမြုပ်ထားတယ်။ အအမျိုးသမီးတွေကတော့ အိမ်သာနားမှာ သေနတ်ဒဏ်ရာတွေနဲ့ တုံးလုံးလဲ သေနေတာ။ နောက်သေသွားတဲ့ကလေးမလေးရဲ့နားကပ်လည်းမရှိတော့ဘူး”လု့ိ ဆိုပါတယ်။

စစ်သားတွေမရှိတော့ပေမယ့် စစ်ကြောင်းမကြာခဏဖြတ်နေတာကြောင့် ဒေသခံရွာသားတစ်ချို့ဟာ ရွာမှာမနေရဲတော့ဘဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားကြပါတယ်။

ဒေသခံရွာသားတွေ တွေ့ရှိခဲ့ရတဲ့ရုပ်အလောင်းတွေ၊ ပစ်ခတ်ထားတဲ့ဒဏ်ရာတွေနဲ့ တွေ့ရှိမှုအနေအထားကို မှတ်တမ်းတင် ထားပြီး ဒါတွေကို သက်သေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ပေးပို့သွားမယ်လို့ ဒေသခံအမျိုးသမီးတစ်ဦး က ဆိုပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မီးမောင်းကုန်းကျေးရွာမှာလည်း စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်တယ်ဆိုပြီး ရွာတွေကို မီးရှို့ဖျက်ဆီးရာမှာ အသက် ၈၇ နှစ် အရွယ်အဘွားဒေါ်သန်းထီဟာ မီးလောင်သေဆုံးခဲ့ရပါတယ်။

လုံခြုံရေးအရအမည်မဖော်လိုတဲ့ဒေသခံအမျိုးသမီးတစ်ဦးက“ရွာနားမှာတိုက်ပွဲဖြစ်၊ မီးတွေရှို့ကတည်းကပြေးကြတာ တရွာ လုံးပါပဲ။ မီးငြိမ်းသွားပြီး စစ်ကြောင်းတွေလည်းမရှိတော့ဘူးလို့ပြောတော့ ပြန်လာတာ မီးတောင်မငြိမ်းသေးဘူး။ မီးလောင် နေရက်အတိုင်း အဘွားသေနေတာပဲ”လို့ ပြောပါတယ်။

အကြမ်းဖက်စစ်တပ်က မီးမောင်းကုန်းရွာအပါအဝင် စည်သာမြေနဲ့ လိန်ကုန်းရွာတွေကို ဇူလိုင်လ ၁၀ ရက်ကတည်းက စစ်ကြောင်းထိုးဝင်ရောက်ကာ ရွာတွေကိုမီးရှို့ပြီး နယ်မြေရှင်းလင်းရေးလုပ်နေကြတာဖြစ်တယ်။

ဇူလိုင်လ ၁၁ ရက်မှာတော့ လိန်ကုန်းရွာအနီးမှာ ဒေသကာကွယ်ရေးတပ်နဲ့ စစ်တပ်ကို တိုက်ပွဲဖြစ်နေရာကို စစ်တပ်က လေ ကြောင်းနဲ့ စစ်အင်အားထပ်ဖြည့်လာပြီးနောက် အခုလိုရွာတွေကိုမီးရှို့ခဲ့တာလို့ ဒေသကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ပြောပြပါတယ်။

အခုလိုမီးရှို့ခံရတာကြောင့် အိမ်ခြေ ၁၅၀ သာရှိတဲ့မီးမောင်းကုန်းရွာမှာ လူနေအိမ် အလုံး ၇၀ လောက်ပျက်စီးသွားခဲ့ရပါ တယ်။ စစ်ကိုင်းတိုင်းဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့နေအိမ်မီးရှို့ဖျက်စီးတာကို အဆိုးဝါးဆုံးကြုံရတဲ့တိုင်း ဒေသတစ်ခုဖြစ်ပါတယ်။

လွတ်လပ်သောသုတေသနအဖွဲ့Data for Myanmar ရဲ့အစီရင်ခံစာအရ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ် ၊မေလ ၃၁ ရက်အထိ (၁၅ လတာ)ထဲမှာ စစ်ကိုင်းတိုင်းမှ အိမ်ခြေ ၁၄၀၀၀ လောက်ကို စစ်တပ်က မီးရှို့ဖျက်စီးခဲ့ပြီး တနိုင် ငံလုံးအတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈၀၀၀ ကျော် မီးရှို့ဖျက်စီးခံခဲ့ရပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ကောက်ယူထားတဲ့စာရင်းတွေအရ စစ်ကိုင်း တိုင်းမှာ အသတ်ခံရတဲ့အမျိုးသမီးဦးရေဟာ ၇၆ ဦးအထိ ရှိနေပါတယ်။

ISP-Myanmar က ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ ၂၀၂၁ ခုနှစ် ဇူလိုင်လမှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်ထဲမှာ စစ်တပ်က စစ်ကိုင်းတိုင်းကို လေကြောင်းနဲ့တိုက်ခိုက်မှုပြုလုပ်ခဲ့တာ ၁၉ ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပေါင်း ၁၆ မြို့နယ်မှာလည်း တိုက်ပွဲအများအပြားဖြစ်ခဲ့ပြီး အစုလိုက်အပြုံလိုက်အသတ်ခံရ တာတွေကြောင့် ပြည်သူ ၁၄၀ ဦးထက်မနည်း သေဆုံးထားတယ်လို့လည်း ဖေဖော်ဝါရီ ၁၁ ရက်က ဆိုထားပါတယ်။

အာဏာသိမ်းပြီးနောက် ဒေသကာကွယ်ရေးတပ်(PDF)တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေကြောင့် အသစ်ဖြစ်လာတဲ့စစ်ပြေး ဒုက္ခသည်အရေအတွက်ဟာ နယ်မြေဒေသအလိုက်ကြည့်မယ်ဆိုရင် တစ်နိုင်ငံလုံးမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပါ တယ်။

လက်ရှိစစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့စစ်ရှောင်ဦးရေဟာ ၃ သိန်းခွဲကျော်ရှိနေပြီး လက်ရှိမှာ စစ်ရှောင်တွေ အတွက် ဆေးဝါးရိက္ခာ၊ အမိုးအကာတွေ အရေးပေါ်လိုအပ်နေပါတယ်လို့ အမည်မဖော်လိုတဲ့စစ်ရှောင်အရေးကူညီပေးသူ တစ်ဦးက ပြောပါတယ်။

မကွေးတိုင်းမှ သတ်ဖြတ်ခံရမှု

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ပိုင်းကျေးရွာမှာ ဇူလိုင် ၁၀ ရက်နေ့က စစ်တပ်က ရွာထဲရှိနေတာကို မသိဘဲ ပြန်သွားပြီ အထင်နဲ့ နေအိမ်ကို ပြန်လာစဉ်မှာ အသက် ၃၈ နှစ်အရွယ်ရှိတဲ့ကလေးသုံးယောက်မိခင် မနှင်းဝေဟာ ပစ်သတ်ခံခဲ့ရ တာဖြစ်တယ်။

ဒေသခံတွေရဲ့ပြောပြချက်အရ ဇူလိုင် ၉ ရက်က ပိုင်းရွာကို စစ်ကြောင်းဝင်လာတော့ မနှင်းဝေတို့လင်မယားနှစ်ယောက် အပါအဝင် ရွာသားတွေဟာ ဘေးလွတ်ရာကို ရှောင်တိမ်းနေခဲ့တယ်။ ၁၀ ရက်နေ့မှာတော့ မနှင်းဝေတို့လင်မယားနှစ် ယောက်ဟာ ကလေးတွေကို ဆွေမျိုးတွေနဲ့ထားခဲ့ပြီး ရွာကိုပြန်လာခဲ့ကြတယ်။

ပြန်လာနေချိန်မှာပဲ စစ်တပ်နဲ့ထိပ်တိုက်တွေ့လို့ ပစ်ခတ်ခံရတဲ့အခါ လင်မယားနှစ်ယောက်ဟာ လူကွဲသွားရာ မနှင်းဝေမှာ ဖမ်းမိသွားပြီး အမျိုးသားကတော့ ထွက်ပြေးလွှတ်မြောက်သွားခဲ့ပါတယ်။

“သူတို့က စစ်သားတွေမရှိတော့ဘူးထင်နေတာ။ မသွားနဲ့လို့တားနေတဲ့ကြားက ထွက်သွားခဲ့တာလေ။ ယောကျာၤးကတော့ လွတ်လာပါတယ်။ ဒါမဲ့မိန်းမက လည်ပင်းဓါးနဲ့လှီးသတ်ထားတာမြင်လိုက်တော့ သူ့မှာစကားကိုပြန်မပြောနိုင်တော့ဘူး”လို့ ဒေသခံရွာသားတစ်ဦးက ပြောပြပါတယ်။

မနှင်းဝေမှာ အသက် ၁၆ နှစ်အရွယ်သမီး၊ ၁၂ နှစ်နဲ့ ၉ နှစ်အရွယ်သားနှစ်ဦးတို့ ကျန်ရစ်ခဲ့ပါတယ်။ အဲ့ဒီနေ့က စစ်သားတွေ ဟာ ရွာကိုမီးရှို့မသွားပေမယ့် ရွာထဲက စားစရာတွေ၊ ကြက်၊ ဝက်တွေ၊ ရွှေ၊ ငွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေကို စစ်ကားနဲ့ တိုက်ယူသွားတယ်လို့ ဒေသခံတွေက အသိပေးပြောပြကြပါတယ်။

အလားတူ ပြီးခဲ့တဲ့ဇွန်လ ၉ ရက်နေ့ကလည်း မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊အရှေ့ကမ်းဖြူရွာက လေဖြတ်နေတဲ့အသက် ၇၀ နှစ်အရွယ် ဒေါ်အေးမေဟာ အိမ်နဲ့အတူ မီးရှို့သတ်ဖြတ်ခံခဲ့ရသလို ရေစကြိုမြို့နယ်၊ သဲတောရွာကို စစ်တပ်ကဝင်ရောက် စီးနင်းမှုမှာလည်း အသက် ၇ဝ နှစ်အရွယ် ဒေါ်အေးကို အကြောင်းမဲ့မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။

ဒီလိုလုပ်ရပ်နဲ့ပတ်သက်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက“သူတို့(စစ်တပ်)က အဲ့လိုအောက်တန်းကျတဲ့နည်းပဲလုပ်တတ်တာ။ စစ်တိုက်တတ်တာမဟုတ်ဘူး”လို့ မှတ်ချက်ပြုပါတယ်။

ဒါ့အပြင် သူက စစ်တပ်အနေနဲ့ အခုလိုအမျိုးသမီးတွေအကြောင်းမဲ့သတ်ဖြတ်ပြီး ဝန်ခံမှုမရှိတာက ပြည်သူက ဒေသကာ ကွယ်ရေးတပ်တွေက လုပ်သွားသလို ထင်ယောင်ထင်မှားဖြစ်အောင်လုပ်နေတာလို့ ဆိုပါတယ်။

NUG ရဲ့အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက စစ်အာဏာသိမ်းထားတဲ့ ၁ နှစ်ကျော်ကာလထဲမှာ မကွေးတိုင်းမှ အသတ်ခံရတဲ့အမျိုးသမီးအရေအတွက်ဟာ ၁၃ ဦးရှိတယ်လို့ ဧပြီလ ၁၁ ရက်က ဆိုထားပါတယ်။

စစ်အာဏာသိမ်းထားတဲ့ ၁ နှစ်ကျော်ကာလထဲမှာ မကွေးတိုင်းမှ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့စစ်ရှောင်ဦးရေဟာ ၁၃၀၀၀၀ နီးပါးရှိနေပါတယ်။ ဒီထဲမှာ အသက်ကြီးရွယ်၊ အမျိုးသမီးနဲ့ ကလေးငယ်တွေအများဆုံးပါဝင်ပါတယ်။

မကွေးတိုင်းဟာ စစ်ကိုင်းတိုင်းနည်းတူ ခုခံစစ်အားကောင်းတဲ့ဒေသတစ်ခုဖြစ်တယ်။ ဒါ့ကြောင့် စစ်တပ်ဟာ ဒေသကာ ကွယ်ရေးတပ်တွေကို အပြင်းအထန်းနှိပ်နင်းနေပြီး ဒီပစ်ခတ်မှုတွေနဲ့မဆိုင်တဲ့ကျေးရွာတွေကိုဝင်ကာ ဒေသခံတွေကို ဖမ်း ဆီးနှိပ်စက်၊ နေအိမ်တွေကို မီးရှို့ဖျက်စီးတာတွေပြုလုပ်နေတာဖြစ်တယ်။

ချင်းပြည်နယ်မှ သတ်ဖြတ်ခံရမှု

ဒါ့အပြင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဗားရ်လုံကျေးရွာအနီးမှာ စစ်တပ်က အသက် ၆၃ အရွယ် မသန်စွမ်းအမျိုးသမီး တစ်ဦးကို သေနတ်နဲ့ အချက်ပေါင်းများစွာပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေးတပ်တစ်ခုမှ တာဝန်ရှိသူက ပြောပါတယ်။

“ရွာနဲ့ သူသေတဲ့နေရာက တမိုင်လောက်ဝေးတယ်လေ။ ကျနော်တို့တွေ့တော့ ခေါင်းကကြေမွနေပြီ။ မျက်နှာကိုပဲ သေ နတ်နဲ့ပစ်ထားတာ ၆ ချက်၊ ၇ ချက်လောက်တော့ရှိမယ်”လို့ သူက ခန့်မှန်းပြောပါတယ်။

သေဆုံးသူအမျိုးသမီးဟာ မွေးရာပါ နားမကြား၊ ဆွံအ,သူတစ်ယောက်ဖြစ်ပါတယ်။ စစ်တပ်က ဘာကြောင့်ပစ်သတ်သွား တယ်ဆိုတာတော့ ဘယ်သူမှရေရေရာရာမသိကြသေးပါဘူး။ ဒီမသန်စွမ်းအမျိုးသမီးဟာ လွန်ခဲ့တဲ့ ၄ လောက်ကတည်းက ပျောက်နေလို့ မိသားစုလိုက်ရှာပေမယ့် စစ်ကြောင်းရှိနေတဲ့ဘက်ကိုတော့ မရှာခဲ့တာဖြစ်ပါတယ်။

ဒေသခံကျေးရွာသူအမျိုးသမီးကတော့“ကျမတို့လည်း စစ်ကြောင်းဖြတ်တော့ကြောက်လို့ ဘယ်မှမထွက်ရဲဘူး။ ကလေးက နေလာတဲ့စစ်ကြောင်းက ရွာမှတညအိပ်သွားပြီး ဖလမ်းဘက်ဆက်တက်သွားတာပဲ။ စစ်အင်အားတော့များတယ်။ ဘယ် လောက်လို့တော့ မသိဘူး”လို့ ပြောပါတယ်။

သူသေဆုံးခဲ့တဲ့ နေရာကတော့ ဖလမ်းမြို့နယ်နဲ့ ကလေးမြို့သွားရတဲ့အဝေးပြေးလမ်းပေါ်ဖြစ်ပြီး ဗာရ်းလုံကျေးရွာအနီး တီးတိန်အဝင်ဘက်မှာဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

ချင်းဒေသကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးကတော့“ဒါကိုကြည့်ခြင်းအားဖြင့် သူတို့(စစ်တပ်)စိတ်ဓါတ်က အကြမ်း ဖက်မှုဦးတည်နေတယ်ဆိုတာထင်ရှားတယ်။ ဒီအတွက်တော့ ကျနော်တို့အင်အားနှစ်ဆတိုးတိုက်မယ်”လို့ ပြောပါတယ်။

ချင်းပြည်နယ်မှာ အာဏာသိမ်းတစ်နှစ်ကျော်အတွင်း စစ်တပ်ရဲ့လက်ချက်နဲ့ သေဆုံးခဲ့တဲ့အမျိုးသမီး ၁၄ ဦးအပါအဝင် အရပ်သားစုစုပေါင်း အယောက် ၂၄၀ ကျော်ရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ကောက်ယူထားတဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက စစ်ပဋိပက္ခထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေကို ကာကွယ်စောင့်ရှောက် ပေးရမယ့်အစား စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်လာတာကို တွေ့နေရတယ်လို့ ဆိုပါတယ်။

“အမျိုးသမီးတွေကို ပစ်မှတ်ထားပြီးစော်ကားမှု၊ မုဒိမ်းကျင့်သတ်ဖြတ်တာတွေက လုံးဝမလုပ်သင့်တဲ့လုပ်ရပ်တွေ ဖြစ်တယ်။ ပြီးတော့ နိုင်ငံတကာဥပဒေတွေနဲ့ စောင့်ထိန်းလိုက်နာသင့်ကျင့်ဝတ်တွေကို မလိုက်နာဘဲပြောင်ပြောင်တင်းတင်းနဲ့ စစ်ရာဇ ဝတ်မှုတွေကို ကျူးလွန်နေတယ်”လို့ သူက ထောက်ပြပါတယ်။

ချင်းပြည်နယ်ဟာ လက်လုပ်တူးမီးသေနတ်တွေနဲ့ စစ်တပ်ကိုခုခံတော်လှန်ခဲ့တဲ့ပထမဆုံးပြည်နယ်တစ်ခုဖြစ်သလို လက်ရှိ မှာလည်း မလျော့တဲ့ဇွဲတွေနဲ့ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်။ ဒါ့ကြောင့် စစ်အာဏာသိမ်းထားတဲ့ ၁၈ လတာထဲမှာ ချင်းပြည်နယ်မှာ ဘုရားကျောင်းနဲ့ လူနေအိမ်မီးရှို့ဖျက်စီးခံရမှုဟာ ၂၀၀၀ ကျော် ရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့မှ သိရပါတယ်။

ချင်းပြည်နယ်မှာ စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ကြားတိုက်ပွဲတွေပြင်းထန်နေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေး နေရသူပေါင်းဟာ အာဏာသိမ်းထားတဲ့ ၁၈ လတာထဲမှာ လူဦးရေတစ်သိန်းလောက်ရှိတယ်လို့ ISP-Myanmarက ထုတ် ပြန်ထားပါတယ်။

အခုလိုအဖြစ်အပျက်တွေနဲ့ပတ်သက်လို့ WLBမှ မနှောင်းမို့မို့က“အမျိုးသမီးတွေကို ပုံစံအမျိုးမျိုးနဲ့သတ်ဖြတ်တာက ကျမတို့ အနေနဲ့ သည်းခံလို့မရတဲ့အကြမ်းဖက်မှုတွေဖြစ်တယ်။ ဒီလိုအကြောင်းမဲ့သတ်ဖြတ်နေတဲ့စစ်တပ်ရဲ့လုပ်ရပ်က တကယ့် လူသားဖြစ်မှုကို ဆန့်ကျင်တဲ့စစ်ရာဇဝတ်မှုမြောက်တယ်။ ဒီလိုလုပ်ရပ်တွေအတွက် တစ်နေ့နေ့၊ တစ်ချိန်ချိန်မှာ စစ်တပ် အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကိုမဖြစ်မနေရှိလာရမှာဖြစ်တယ်”လို့ ပြောပါတယ်။

စစ်တပ်ကတော့ ဒါတွေနဲ့ပတ်သက်လို့ သူတို့လုပ်တဲ့သတင်းစာရှင်းလင်းပွဲတွေမှာ ထည့်သွင်းပြောကြားတာမရှိသလို သ တင်းဌာနတွေက မေးမြန်းတဲ့အခါတွေမှာလည်း စစ်သားတွေက ဒီလိုလုပ်ရပ်မျိုးမလုပ်ဘူးလို့ငြင်းဆိုလေ့ရှိပါတယ်။

အမှန်တော့ စစ်တပ်က လိုက်နာရမယ့် ပြည်တွင်းစစ်သည်တော်ကျင့်ဝတ်တွေထဲမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေ ချိန်ဖြစ်လင့်ကစား အရပ်သားတွေရဲ့အသက်အန္တရာယ်ကို ရန်ရှာတာ၊ ပစ္စည်းဥစ္စာတွေကို ဖျက်ဆီးတာတွေမလုပ်ဖို့ တား မြစ်ထားပါတယ်။

ထို့အတူ မြန်မာနိုင်ငံက လိုက်နာကျင့်သုံးပါမည်ဟု သဘောတူလက်ခံကာလက်မှတ်ရေးထိုးထားတဲ့ဂျနီဗာကွန်ဗန်းရှင်းရဲ့ ပြဌာန်းချက်တွေမှာလည်း ပြည်တွင်း၌ ဖြစ်ပွားတဲ့ပဋိပက္ခတွေထဲမှာ ပြည်သူလူထုရဲ့အသက်အန္တရာယ်ကို ထိပါးတာ၊ ခြိမ်းခြောက်တာတွေမလုပ်ဖို့လည်း တားမြစ်ထားပါသေးတယ်။

ဂျနီဗာကွန်ဗန်းရှင်း၏ ပြဌာန်းချက် အမှတ် ၁၃ နှင့် ၃၂ တွင် လက်နက်ကိုင်ပဋိပက္ခဖြစ်နေသည့် ဒေသများတွင် အရပ်သား များကို နိုင်ငံရေးအယူအဆ၊ ဘာသာရေး၊ လူမျိုး၊ အသားအရောင်၊ လိင်ခံယူမှုကွဲပြားတာကြောင့် သတ်ဖြတ်တာ၊ညှင်းပန်း နှိပ်စက်တာ၊ အသက်အန္တရာယ်ကို ခြိမ်းခြောက်တာ မလုပ်ရကြောင်း ပြဌာန်းထားပါတယ်။

စစ်ရေးပဋိပက္ခဖြစ်နေဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မည်သည့်အချိန်တွင်မဆို လက်နက်ကိုင်ထားသည့် စစ်သားတွေက အမျိုး သမီးတွေကို အခုလိုအကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်တာတွေက ပြည်တွင်းစစ်ဘက်ဆိုင်ရာကျင့်ဝတ်နဲ့ နိုင်ငံတကာကျင့်ဝတ် တွေကို ချိုးဖောက်နေတဲ့စစ်ရာဇဝတ်မှုတွေသာဖြစ်တယ်။

မြန်မာနိုင်ငံ၌ တိုက်ပွဲဖြစ်ပွားချိန်တွင် ဖြစ်ပွားလေ့ရှိတဲ့အရပ်သားနဲ့ နေအိမ်အဆောက်အအုံတွေကို တမင်ရည်ရွယ်ပြီး ပစ် ခတ်တာ၊ လူသားဒိုင်းအဖြစ် အသုံးချတာနဲ့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်တာတွေက အပြည်ပြည်ဆိုင်ရာလူသားချင်း စာနာထောက်ထားမှုဥပဒေအား ကြီးလေးစွာချိုးဖောက်ရုံသာမက စစ်ရာဇဝတ်မှုလည်းမြောက်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA- Myanmar)ရဲ့အစီရင်ခံစာမှာလည်း ဆိုထားပါတယ်။

အာဏာသိမ်းပြီးနောက် စစ်တပ်က ကျူးလွန်မှုတွေအတွက် မည်သည့်စစ်သားကိုမျှ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် အပြစ် ပေး၊ အရေးယူတာနဲ့ပတ်သက်လို့ အချက်အလက်တစုံတရာမျှမရရှိသေးပေ။ စစ်သားတွေဟာ ပြစ်ဒဏ်ခံရခြင်းမှ လုံးဝ ကင်းလွတ်နေတဲ့အလေ့အထမှာ လွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ခိုင်ခိုင်မာမာအမြစ်တွယ်နေတယ်လို့ ကုလရဲ့ အစီရင်ခံစာက ထောက်ပြနေပါတယ်။

သို့ပေမဲ့ NUG အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကတော့ ဒီလိုဆိုးရွားတဲ့ရာဇဝတ်မှုတွေကို ကိုယ်ထိ လက်ရောက်ကျူးလွန်သူတွေ၊ ကျူးလွန်ဖို့စေခိုင်းသူတွေကို ပြစ်ဒဏ်တွေပေးနိုင်ဖို့ တိကျသေချာတဲ့အချက်အလက်တွေ ရရှိထားပြီးဖြစ်သလို ပြစ်ဒဏ်ချမှတ်နိုင်ရေးကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ စစ်ရေးနည်းဗျူဟာအမျိုးမျိုးနဲ့ နိုင်ငံတော်ကိုထိန်းချုပ်ဖို့ကြိုးစားနေပေမယ့် ယနေ့ထိတိုင် မအောင် မြင်သေးပေမယ့် ဒါရဲ့ဆိုးကျိုးတွေကိုတော့ အမျိုးသမီးတွေက ခံစားနေကြရတာဖြစ်တယ်။

Author:

Related Articles