
အနုပညာလက်နက်နဲ့ ဆက်လက်တော်လှန်မယ်
"ကျမက သေနတ်လေးတွေမှာ ကိုယ်တွေရဲ့ နေ့စဉ်ဘဝမှာ စားနေတဲ့အစားအစာဖြစ်တဲ့ ဆန်စေ့လေးတွေ ကပ်ပြီးတော့ လက်နက်တို့ တင့်ကားတို့နဲ့ပုံဖော်ပြီး ပြသခဲ့တယ်။ ဘာလို့လဲဆိုတော့ ဒို့တွေကို သတ် နေတဲ့သူတို့ရဲ့လက်နက်တွေက ဒို့တွေစားသောက်ရမယ့် ပြည်သူပိုင်တဲ့ဘဏ္ဍာပဲကွာ။ အဲ့ဒါနဲ့ ပြန်ဝယ်ပြီး ပြည်သူတွေကိုသတ်နေတယ်လို့ ဒါလေးတွေကိုမြင်အောင်လို့ပြခဲ့တာ ရှိတယ်”

တိုင်းပြည်အတွက် အသက်စတေးဝံ့တဲ့ သူရဲကောင်းအမျိုးသမီးတွေ
"သူတို့ထင်မှတ်မထားတဲ့အဖြစ်ပျက်ဆိုးကြီးဟာ နိုဝင်ဘာ ၁၆ ရက်မှာတော့ ရုတ်တရက်ရောက်လာခဲ့တယ်။ အဲ့ဒီနေ့ မနက်စာစားပြီးလို့ သင်တန်းစဖို့ပြင်ဆင်နေတဲ့အချိန်မှာ စစ်အင်အားတစ်ရာလောက်ဟာ လက်နက်ကြီး၊ ငယ်တွေနဲ့ သူတို့ စခန်းကို တရကြမ်း စီးနင်းဝင်ရောက်လာခဲ့တယ်။"

တော်လှန်သူများရဲ့လက်တွဲဖော်များ
“ကျွန်မတို့ဟာ စစ်အာဏာမသိမ်းခင်တည်းက အာဏာရှင်တွေကို တော်လှန်ခဲ့သူတွေပါ။ အခုချိန်ထိ စစ်အာဏာရှင်တွေကိုတော်လှန်နေဆဲပါ။ အမျိုးသားထောင်ကျနေလို့ ကိုယ်က တော်လှန်ရေးကိုရပ်မသွားပါဘူး အဆုံးထိ တော်လှန်နေမှာပါ”

ဝမ်းရေးခက်လို့ ကေသာကြော့ဖြေလျော့ခဲ့ပြီ
“ အခုချိန်က ပိုက်ဆံတွေက ရှာလို့ဖွေလို့ရတာမဟုတ်ဘူး။ မရှိ၊ ရှိတာလုပ်ရတာပဲ စားဝတ်နေရေးကအဓိကကိုး။ ဆံပင်ရောင်းတာ လေးသောင်းခွဲ၊ မုန့်ဖိုးအနေနဲ့ ငါးထောင်ရတယ်။ အားလုံးပေါင်း ငါးသောင်းရတယ်”

“အာဏာရှင်လက်အောက် တရားမျှတမှုရဖို့အလှမ်းဝေးနေတဲ့ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုများ”
“လက်ရှိအခြေအနေမှာတော့ သတင်းအချက်အလက်ကောက်ရတာ အင်မတန်ခက်ခဲပါတယ်။ သာမန်ချိန်မှာဆို ကျူးလွန် ခံရသူနေတဲ့ပတ်ဝန်းကျင်ကို မေးမြန်းရတာ အခက်အခဲသိပ်မရှိပေမယ့် လက်ရှိအချိန်မှာ စစ်ကောင်စီက ကျူးလွန်တာဆိုရင် သတင်းမပေးရဲ၊မေးရင်လည်း ပြောမပြရဲကြဘူး”

စစ်ဖိနပ်အောက် အရှက်နှင့်သိက္ခာ ချနင်းခံရသူများ
"နိုင်ငံရေးအခြေအနေမတည်ငြိမ်သည်နှင့်အမျှ နစ်နာမှုအား တိုင်တန်းဖို့လည်းအခွင့်မသာ တိုင်လည်းမတိုင်ရဲသည့် အခြေ အနေတွင် နောက်ထပ်တစ်ကြိမ် ယခုလိုကြုံရမည်ကို စိုးထိတ်နေရသည်။ အခင်းမဖြစ်မီအချိန်ကတည်းက သားသမီး အကြီးသုံးယောက်ကို အစ်မကြီးထံပို့ ထားမိ၍ တော်သေးသည်ဟု မှတ်ယူရသည်။"

ပြစ်ဒဏ် ကင်းလွတ်ခွင့်မပေးသင့်သော လူမဆန်မှုများ
" စစ်ကောင်စီရဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်ကျူးလွန်မှုတွေက ပိုပိုပြီး လူမဆန်လာဘူး၊ ကိုယ်ဝန်သည် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ညှင်းပန်းနှိပ်စက်မှုတွေက ဆိုးရွားတဲ့ လူမဆန်တဲ့ ကိစ္စတွေဖြစ်တယ်"

“မုန်တိုင်းထဲမှာ လေဆန်ကို ဖြတ်ကျော်ခဲ့သူ”
“ ခြေလက်အင်္ဂါအစုံရှိတဲ့အခါ အလုပ်တွေ ဘယ်လောက်ကြမ်းကြမ်း ညီမလုပ်နိုင်တယ်။ ခြေတစ်ဖက် ဖြတ်လိုက်ရမယ် ဆိုတော့ ရှေ့ရေးကိုတွေးပြီး အရမ်းကြောက်လန့်ခဲ့တယ်။ စက်ချုပ်ရင်းနဲ့ ဈေးရောင်းနိုင်တဲ့ အနေအထားမျိုး ဆိုင်လေးတစ်ဆိုင် ဆောက်မယ်။ ဈေးဆိုင်တစ်ဖက် စက်ချုပ်တစ်ဖက်နဲ့ အဖေနဲ့ မောင်လေးကို ထပ်ပြီးပြုစုစောင့်ရှောက်သွားမယ်”

စစ်ဘေးရှောင်အဘွားအိုတစ်ဦး၏ မလှပသော ဘဝနေဝင်ချိန်
“အဘွားရဲ့အဖြစ်က အပူအိုးကို ဆောင်းထားသလိုပါပဲ ၊ တစ်ဦးတည်းရှိခဲ့တဲ့သားက စောစီးစွာ သေဆုံး ခဲ့တယ် နောက်ပြီး မြေးဖြစ်တဲ့သူကလည်း စစ်ပွဲကြီးမဖြစ်ခင် မိုးကြိုးထိပြီး ဆုံးတယ်၊ အခု စစ်ပွဲဖြစ်ခဲ့တဲ့ အချိန်မှာ ခင်ပွန်း ဖြစ် သူကို ဆုံးရှုံးခဲ့ရတယ်”

စစ်ဆေးရေးဂိတ်တွေမှာ နှောက်ယှက်ခံနေရတဲ့ အမျိုးသမီးတွေ
“ ကျမဆို သုံးလေးခါလောက်ကြုံတယ်။ စစ်တဲ့အခါ နာမည်ကဘာလဲ။ ဘယ်ကလာတာလဲ။ ဘယ်သွားမလို့လဲ။ ဘာလူမျိုး လဲ။ သူတို့မျက်နှာကြည့်တော့လည်း ရိသဲ့သဲ့နဲ့ပြောတာ။ တစ်ချို့ကျတော့လည်း မျက်လုံးကနီရဲနေပြီး မူးရူးနေတာတွေ လည်းရှိတယ်”


