သူတို့အသံ (အမျိုးသမီးများအသံ)

သင်္ကြန်အပေါ် စစ်ရှောင်အမျိုးသမီးများ၏ ရင်တွင်းခံစားချက်စကားသံများ

နေအိမ်ကိုစွန့်ခွာပြီး စစ်ရှောင်စခန်း၊ တောထဲ တောင်ထဲမှာ စစ်ရှောင်နေကြရတဲ့ စစ်ရှောင် အမျိုးသမီးတွေရဲ့ သင်္ကြန်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ ရင်တွင်းခံစားချက်တွေကို စုစည်းကောက်နုတ် ဖော်ပြလိုက်ပါတယ်။

နိုင်ငံတကာအမျိုးသမီးများနေ့ တိုက်ပွဲဝင်အမျိုးသမီးများအသံ

“ အမျိုးသမီးတွေရဲ့ခွန်အားကို ယုံကြည်လေးစားပြီး သူတို့လုပ်နိုင်တဲ့နေရာ၊ စွမ်းဆောင်နိုင်တဲ့နေရာတွေ တိုက်ခွင့်ပေးစေ ချင်တယ်။ လုပ်နိုင်ရင်လုပ်နိုင်သလောက် အခွင့်အရေးပေးတာမျိုးဖြစ်စေချင်တယ်။ အသက်တွေရင်းတိုက်ရတဲ့ စစ်ပွဲတွေကို သေမှာကြောက်ရက်နဲ့ ကိုယ်တိုင်လက်နက်ကိုင်တိုက်နေ တိုက်ပွဲဝင်နေတယ်ဆိုတာ တော်ရုံသတ္တိမဟုတ်ပါဘူး။ ဒါ့ကြောင့် အမျိုးသမီးစစ်မေတွေကို ခွဲခြားပြီးမဆက်ဆံစေချင်ဘူး။”

နွေဦးတော်လှန်ရေးထဲက ရဲဝင့်စွန့်စား အမျိုးသမီးများ

စစ်အာဏာရှင်ပြုတ်ကျဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တော်လှန်နေတဲ့နေရာမှာ အမျိုးသမီးတွေပါဝင်ခဲ့ကြသလို လက် နက်ကိုင်တိုက်ပွဲဝင်ဖို့ စစ်သင်တန်းတက်ကြတဲ့နေရာမှာလည်း အမျိုးသမီးတွေပါဝင်ခဲ့ကြတယ်။ ယခုဆိုရင်တော့ အမျိုးသမီး အချို့ဟာ ရှေ့တန်းစစ်မြေပြင်ကိုရောက်ရှိနေပါပြီ။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ စစ်ရှောင်မသန်စွမ်းအမျိုးသမီးများအသံ

မတ်လ ၈ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့…

ခက်ခဲလွန်းတဲ့ ခရီးရှည်ကို လျှောက်လှမ်းနေရတဲ့ CDM များရဲ့အသံ

“ဒီ CDM လုပ်တဲ့ တစ်လျှောက်မှာ အမှန်တိုင်းပြောရရင် စိတ်လုံခြုံမှုမရှိဘူး။ မလွတ်လပ်ဘူး။ စားဝတ်နေရေးလည်း ကိုယ့် ဘာသာကို ဈေးရောင်းပြီး ရပ်တည်နေရတာ။ ခက်ခဲတယ်။ သူများတွေထက် ပိုကြိုးစားရတယ်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာတွေက ဘာမှလုံခြုံမှုမရှိနေဘူး။ အစ်မတို့ရှေ့မှာပဲ ဖမ်းတာတွေရှိတော့ ပိုလို့တောင် စိတ်လုံခြုံမှု မရှိဘူး။ ကိုယ့်နိုင်ငံ လည်း သူများနိုင်ငံနဲ့ နည်းတူ ဖွံ့ဖြိုးရမယ်၊ တိုးတက်ရမယ်၊ ဒီမိုကရေစီဆိုတဲ့ အနှစ်သာရ အရသာကို အပြည့်အဝ ခံစားစေချင် တယ်။ စစ်အာဏာရှင်ကို တော်လှန်ရေးတာက အစ်မတို့ နောက်ဆုံးပေါ့ ဆိုတဲ့ စိတ်နဲ့‌တောင့်ခံပြီး နေနေရတယ်”

တရားမျှတမှုရရှိဖို့အတွက် မျှော်လင့်နေတဲ့အမျိုးသမီး

“ တရားရုံးကို တခါတလေ စိတ်ပျက်မိတယ်။ စစ်အာဏာရှင်ကြောင့် ပိုမိုကျန့်ကြကြာသွားတော့ စစ်အာဏာရှင်ကို ပိုမုန်းမိတယ်။ အမိန့် မချနိုင်သေးတော့ ဘာမှလုပ်မရဘူး။ စားဝတ်နေရေးတွက် နိုင်ငံခြားထွက် အလုပ်လုပ်ပြန်လည်း ခနနေ ရုံးချိန်းများ ရှိမှာလား။ အမိန့်များ ချတော့မှာလားလို့ တွေးမိပြီး ဘယ်မှ မသွားရဲဘူး။ အခုထိ ခြံအလုပ်လေး လုပ်လိုက် နေ့စားလိုက်လိုက်နဲ့ပဲ ဖြတ်သန်းနေတာ။ ပြီးတော့ ဒီသိုင်းဝိုင်းထဲကနေ ရုန်းထွက်ချင်မိတယ်။ မိဘတွေ ကတော့ အားပေး နှစ်သိမ့်ပေမယ့် တချို့ ပတ်ဝန်းကျင်ကတော့ လှောင်တာမျိုးတွေတော့ ရှိတယ်။"

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် အမျိုးသမီးများရဲ့အသံ

"ကျနော်တို့အမျိုးသမီးထုဟာ ခွန်အားအရာမှာတော့ အကြမ်းဖက်စစ်ကောင်စီထက် နည်းကောင်းနည်း လိမ့်မယ်။ သို့သော် ငြားလည်း တော်လှန်လိုစိတ်၊ သတ္တိတွေဟာ လုံးဝဘယ်သူမှ မယှဉ်နိုင်တာမျိုးရရှိတယ်။ ကျဆုံးသွားရတဲ့အမျိုးသမီးတွေ အတွက် သူတို့ထက်ပိုပြီးတော့ နှစ်ဆပိုတိုက်ပေးရလိမ့်မယ်။ သူတို့ရဲ့ဝိဉာဉ်တွေ ကျနော်တို့မှာ ပူးကပ်စွဲဝင်နေပြီးတော့ ဒီတော်လှန်ရေးကို အဆုံးစွန်အထိတိုက်သွားမယ်။"

အမေများနေ့မှာ အမေနဲ့အတူမရှိနိုင်တဲ့ နွေဦးတော်လှန်ရေးထဲက အဝေးရောက်သူရဲကောင်းတို့ရဲ့ရင်ဖွင့်သံများ

“အမေတို့ကလည်း (၈၈)တုန်းက တက်တက်ကြွကြွနဲ့ပါဝင်ခဲ့ကြတဲ့ သူတွေဆိုတော့ ကိုယ်တွေ နိုင်ငံရေးလုပ်တာကိုနားလည်တယ်။အပစ်အခတ်တွေ ကြမ်းကြမ်းတမ်းတမ်းမရှိခင်တုန်းကဆိုရင် မနက်ဆန္ဒထွက်ပြမယ်ဆိုရင် အမေက အဝတ်အစားပြင်ဆင်ပေးတာက အစစီစဉ်ပေးတယ်။ ဆောင်ရရှောင်ရမှာတွေကို အမေကပြောပြပေးတယ်။ အမေနဲ့ပြန်တွေ့ရင် အလုပ်ချင်ဆုံးအရာကတော့ အမေနဲ့အတူတူ အေးအေးချမ်းချမ်းနဲ့ ခရီးသွားချင်တယ်။ ” (ကိုသွေးသစ် )

ကိုရိုနာနဲ့ တိုက်ပွဲ ဘယ်အရာ ပိုကြောက်လဲ

“လက်နက်ကြီးပစ်ချတာက ကြောက်စရာအကောင်းဆုံးပဲ။…