အတွေးအမြင်ဆောင်းပါးများ

ကျမတို့ရဲ့ နောက်မျိုးဆက်ကို ဆိုးမွေတွေနဲ့ ကြီးပြင်းခွင့်မပြုဘူး

“ကျား၊ မ ဖြစ်တည်မှုအပေါ်ခွဲခြားနှိမ်ချ ဆက်ဆံတဲ့ ရှေးရိုးစွဲ အကျင့်စရိုက်တွေကို လက်မခံတဲ့ ကျမတို့တွေဟာ ဒါမျိုးတွေ ကြုံလာတိုင်း ငြိမ်မနေဘဲ သင့်တော်တဲ့ နည်းလမ်းပေါင်းစုံနဲ့တုန့်ပြန်ဖို့ လိုအပ်တယ်။ မျိုးဆက်နဲ့ချီ အချိန်ယူတိုက်ဖျက်ရမယ့် အရာတွေဖြစ်လို့ စိတ်ပျက်အားလျှော့မသွားဖို့လိုပါတယ်။ တစ်ကြိမ်၊ အကြိမ်တစ်ရာ၊ ထောင်သောင်းမက ချီသွားပါစေ ကြုံတိုင်း ထောက်ပြပြောဆိုဖို့ လိုတယ်”

“ကျွန်တော်တာဝန်ယူပါရစေ” ဆိုတာက အမျိုးသမီးတွေကို စာနာဖေးမမှုဖြစ်စေပါသလား

“အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေက အမျိုးသားတွေဆီကပဲဖြစ်ဖြစ် အခြားသူတွေဆီကပဲဖြစ်ဖြစ် ဂရုဏာတွေ စာနာမှုတွေ ဖေးမမှုတွေ လိုအပ်တာမှန်ပေမယ့် သူတို့ကို ယူမည့်ယောကျာ်းမရှိလို့ မုဒိန်းကျင့်ခံရပြီးရင် သူတို့ဘဝကြီးက သွားပါပြီ၊ လူပုံအလယ်မှာ မတင့်တယ်တော့ပါဘူးဆိုတဲ့ အမြင်မျိုးကိုတော့ ဖျောက်ဖို့လိုမယ်၊ အကြမ်းဖက်ခံရတဲ့ကိစ္စမှာ ဂုဏ်သိက္ခာလျော့တာ ရှက်ရမှာက ဒီ အကြမ်းဖက်တဲ့ သူတွေပဲဖြစ်တယ်”

အမြစ်ဖြုတ်ရမယ့် ရှေးထုံးတွေ

“ကျမကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ ကိုယ်ဝန်ဆောင်နေချိန်ဆိုတာ ဘုန်းနိမ့်နေတဲ့အချိန်၊ ခွေးထီးပေါ်ကတောင် ကျော်မသွားကောင်းဘူး စသဖြင့်ပြောဆိုခဲ့ကြပေမယ့် ကျမဗိုက်ထဲကကလေးဟာ သားယောက်ျားလေးဖြစ်ကြောင်း သိလိုက်ရချိန်မှာတော့ ကျမဟာ နေ့ချင်းညချင်း ဘုန်းကံမြင့်သူ ဖြစ်သွားရပြန်ပါတယ်”

ကျွန်တော့်ဘဝရဲ့ သူရဲကောင်း

“ငယ်ငယ်က အားကိုးတကြီး ဖက်တွယ်ခဲ့ရတဲ့ အမေ့လက်မောင်းတွေက ဒီအချိန်မှာ ပျော့တွဲလာနေပြီ။ သွက်လက်စွာ လှုပ်ရှားတတ်တဲ့ အမေဟာ ခုချိန်မှာတော့ လူပ်ရှားမူတွေ နှေးကွေးလာတယ်။ ရောဂါဒဏ်ကြောင့် စိတ်သွားတိုင်း ကိုယ်မပါတော့ဘူး။ ဒါပေမယ့် သားသမီးတွေအပေါ် ကောင်းစေချင်စိတ် ပူပန်စိတ်ကတော့ တရွေးသားမှ လျော့ကျမသွားဘူး။”

ရှေးရိုးစွဲတော်လှန်ရေး

တဖက်နဲ့ တဖက် တိုက်ခိုက်ကြလို့ တဖက်ဖက်ကအထိနာကြတဲ့အခါ လက်နက်ကိုင်ယောက်ျားတွေဟာ တဖွဲ့နဲ့တဖွဲ့ ထိုးနှက်တဲ့ စကားလုံးကတော့ “ယောက်ျားမပီသတဲ့လုပ်ရပ်”တဲ့။ “မင်းတို့တွေ ယောက်ျားမဟုတ်ဘူးလား၊ ကိုယ့်အပြစ်ကိုယ် ဝန်မခံရဲတဲ့ကောင်တွေ ထမီဝတ်ထား” တဲ့။

ဘုန်းစွဲ

“ထဘီဟာ စစ်အာဏာရှင်ရူးတွေအတွက် အဓိက တော်လှန်ရေးလက်နက်ဖြစ်လာတာကို သဘောကျတယ်။ ဘာလို့လည်းဆိုတော့ အာဏာရူးတွေ သေမလောက်ကြောက်ကြတဲ့အရာ ဖြစ်နေလို့ပဲ။”

စစ်အာဏာရှင်တော်လှန်ရေးနဲ့အတူ ပေါ်ထွက်လာတဲ့ အမျိုးသမီးဝတ် ထဘီအောင်လံအပေါ် အမြင်များ

“အမျိုးသားပဲဝတ်ဝတ် အမျိုးသမီးပဲဝတ်ဝတ် အဝတ်အစားက အဝတ်အစားပဲဖြစ်ရမယ်လေ။ သို့ပေမယ့်အမျိုးသားဝတ်တဲ့လုံချည်ကျပြဿနာမရှိပဲ၊ အမျိုးသမီးဝတ်တဲ့ထဘီကနိမ့်ကျတယ်။ ဘုန်းနိမ့်စေတယ်ဆိုတဲ့ အမြင်ကျတော့ ကြီးမားတဲ့ခွဲခြားဆက်ဆံမှုကိုဖြစ်စေတယ်။ ဒါကအမျိုးသမီးတွေကို နိမ့်ကျတယ်ဆိုတဲ့အမြင်နဲ့ တိုက်ရိုက်ပတ်သက်တယ်။ ဒီလိုမျိုးထဘီအလံထူတယ်၊ထဘီတန်းတွေစီစဉ်ခြင်းက အမျိုးသမီးတွေကိုနှိမ့်ကျတယ်လို့ မယူဆတဲ့သူတွေအတွက်ကတော့ ဒီထဘီတန်းက ဘာမှခံစားနေစရာမလိုတဲ့ အရာတစ်ခုပဲ အဝတ်တစ်ခုပဲ၊ အမျိုးသမီးတွေကို နှိမ့်ချမှုမရှိတဲ့သူတွေအတွက်က ထဘီတန်းဆိုတာက ပြောပလောက်တဲ့အရာတစ်ခုမဟုတ်ဘူး။ အဝတ်ပိတ်စတစ်ခုသာဖြစ်တယ်။ အမျိုးသမီးတွေကိုနှိမ့်ချချင်တယ်။ မဟာပုရိသဝါဒ၊ မဟာလူမျိုးကြီးဝါဒ ပုံစံမျိုးနှလုံးသွင်းတဲ့သူတွေ ထဘီတန်းအောက်ကိုဝင်လိုက်တာနဲ့ ဘုန်းနှိမ့်သွားတယ်လို့ ယူဆတဲ့အယူရှိတဲ့ သူတွေအတွက်က ထဘီကမကောင်းတဲ့ လက္ခဏာရှိပြီးတော့ ထဘီကရွံရှာဖွယ်ကောင်းတဲ့ အနေအထားဖြစ်သွားတာပေါ့။"

အယူအဆဟောင်းတွေကြားကဖောက်ထွက်လာတဲ့ တော်လှန်ရေးအောင်လံ

“ဒီတော်လှန်ရေးဟာ အာဏာရှင်ကိုသာ တိုက်တဲ့ပွဲမဟုတ်ဘူး။ အမျိုးသမီးတွေဟာ အားနွဲ့တယ်၊ အမျိုးသမီး အသုံးအဆောင်တွေဟာ ဘုန်းနိမ့်စေတယ်၊ အမျိုးသမီးတွေနေရာရလာမှာ၊ ရှေ့တန်းရောက်လာမှာကို မနာလိုသူ၊ တိုက်ခိုက်သူတွေအားလုံးအပါအဝင် အဲဒီလိုအယူအဆဟောင်းတွေကိုပါ တိုက်စားပစ်တဲ့ပွဲ”

နိုင်ငံတကာအမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုသမိုင်းကြောင်း

“လှုပ်ရှားမှုတခုမှာ စင်ပေါ်မှာ ကပြရတဲ့ အရည်အချင်းတွေနဲ ့စင် နောက်မှာ ဇတ်ညွှန်းရေးဆွဲရတဲ့ အရည်အချင်းတွေလို့အတိုချုံးဆိုနိုင်ပါတယ်။ စင်ပေါ်က အရည်အချင်းနဲ့စင်နောက်က အရည်အချင်းရှိသူတွေ ဟန်ချက်ညီလက်တွဲမိနိုင်ဖို့အလွန်ပဲအရေးကြီးပါတယ်။ ဒါဟာလှုပ်ရှားမှုတိုင်းရဲ့အသက်သွေးကြောပါပဲ။”

လက်ကျိုးခဲ့ပေမယ့် စိတ်ဓါတ်ကျိုးမကြေခဲ့တဲ့ ဆရာမနှစ်ဦး

ဆရာမ နှစ်ဦးကို ဘယ်ပုဒ်မတွေနဲ့ဖမ်းဆီးခဲ့တယ်ဆိုတာတွေကို အတိအကျမသိရပေမယ့် သူတို့နှစ်ဦးကို ခံဝန် ချက်နဲ့ “ရုံးမတင်သောတရားခံ”ဆိုတဲ့ ခေါင်းစဉ်နဲ့ပြန်လွှတ်ပေးတယ်ဆိုပါတယ်။ ကျမအနေနဲ့က ဥပဒေပညာ ရှင်လည်းမဟုတ်တော့ ဒီခံဝန်ချက်၊ ရုံးမတင်သောတရားခံစတဲ့ အသုံးအနှုန်းခေါင်းစဉ်အပေါ်ကို သေချာနားမ လည်သလို ငြင်းချက်ထုတ်ရှင်းလင်းမှုလည်း မလုပ်လိုပါဘူး။