သတင်းဆောင်းပါး

စစ်အာဏာရှင်ခေတ်၏ ဓားစာခံရင်သွေးများ

“အခုဖြစ်ပျက်နေတဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် ကလေးအခွင့်အရေးရဲ့ အရေးကြီးတဲ့ အပိုဒ်တွေနဲ့ ငြိစွန်းမှုကတော့ တော်တော်ဆိုးဆိုးဝါးဝါးဖြစ်နေတာ တွေ့ရတယ်။ ကလေးတွေကို ကာကွယ် စောင့်ရှောက်မှု မလုပ်ဘဲ လုံးဝကို မလုပ်သင့်မလုပ်ထိုက်တဲ့ ကိစ္စရပ်တွေ၊ ကြီးမားတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ အခြေအနေတစ်ခုဖြစ်နေပါတယ်”

အာဏာသိမ်းမှုဂယက်ကြောင့် စိုးရိမ်ဖွယ်ဖြစ်လာတဲ့ လူငယ်တွေရဲ့အနာဂါတ်

"ဒီအတိုင်းပဲ ဇာတ်မျောဆိုလို့ရှိရင် ကျွန်မတို့မျိုးဆက်တစ်ခုက လောလောဆယ်တော့ ရှုံးပြီးသားလို ဖြစ်လာ တာပေါ့။ "

အကျပ်အတည်းများကြား အားမာန်အပြည့်နဲ့ ဆက်လျှောက်နေတဲ့ CDM ဝန်ထမ်းအမျိုးသမီးများ

“ကိုယ်က ပညာရေးဘက်ကဆိုတော့ ပညာရေးဆိုင်နဲ့ ခေါ်တဲ့ အလုပ်တွေဆို မလွတ်တမ်းနီးပါး လျှောက်တယ်။ အင်တာနက် က ခေါ်တဲ့အလုပ်တွေလည်း လျှောက်တယ်။ ဒါပေမယ့်လည်း မရပါဘူး”

အာဏာသိမ်းပြီးနောက် အခက်အခဲတွေနဲ့ ကြုံတွေ့နေရသော တနင်္သာရီအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ

"အရင်တုန်းကလိုမျိုး အချိန်မ‌ရွေးသွားပြဖို့မလွယ်တော့ဘူး။ သူတို့ရက်ချိန်း လိုက်တဲ့အချိန်ဆိုလည်း ကိုယ်မှာဆေးခန်း မပြ ရပြန်ဘူး။ သူတို့အားတဲ့အချိန်ပြန်ချိန်းမှပြရတာ”

အရင်းအနှီးများတဲ့တော်လှန်ရေး

“တော်လှန်ရေးမှာ ထိခိုက်မိတာ ကိုယ်တယောက်ထဲမှမဟုတ်တာ။ အသက်ပေးလိုက်ရသူတွေတောင် ရှိတာ ဆိုတော့လေ။ နောက်..မသန်စွမ်းဘဝမှာ ကျမလုပ်နိုင်တာတွေအများကြီးရှိသေးတာပဲ”

စိန်ခေါ်မှုကြားက ရဲရင့်ကြတဲ့ ရှမ်းပြည်နယ်က သတင်းထောက် အမျိုးသမီးများ

“ ခံယူချက်တစ်ခုနဲ့ မီဒီယာဟာလည်း ဒီလောက်အရေးပါပါလားဆိုပြီး ထွက်လာတဲ့ သတင်းထောက် အခုထိကျွန်မ မတွေ့ သေးဘူး။ ကျွန်မတို့ သတင်းထောက်တွေသာမရှိတော့ရင် မီဒီယာတော့ပျောက်တော့မှာပဲဆိုပြီး ကျွန်မကို သတင်းထောက် လုပ်ဖို့ ပိုခိုင်မာလာစေတဲ့ အချက်တစ်ခုဖြစ်လာစေခဲ့တယ်”

ကိုယ်ဝန်သည်တွေပါမကျန် ခံစားလာရတဲ့ အိမ်တွင်းအကြမ်းဖက်မှု

“ဘဝမှာ တစ်ခါမှ မကြားဖူးတာတွေ ကြားရတယ်။ အမျိုးသားက အရက်သောက်လာတော့ စကားအခြေအတင်များရာ ကနေ ကိုယ်ဝန်သည်အမျိုးသမီးကို သွေးထွက်သံယို ဖြစ်အောင်ရိုက်တာတွေ့ရတယ်။ အရင်က ကာမလိမ်လည်မှုတွေပဲ များတာ”

တော်လှန်ရေးကြောင့်ရတဲ့ အမျိုးသမီးတွေရဲ့စိတ်ဒဏ်ရာ

"စစ်ကြောရေးမှာဖြတ်သန်းရမှုပုံစံတွေ စစ်ဆေးမေးမြန်းပုံတွေ၊စစ်ကြောရေးမှာ တိုက်တဲ့ရေ၊ ကျွေးတဲ့ ထမင်း စတာတွေက အရင်စစ်အာဏာရှင် လက်ထက်နဲ့ပုံစံအတူတူ ပဲဆိုပေမယ့် ရက်စက်ယုတ်မာမှုကတော့ အခုတခါက အဆိုးဝါးဆုံးဖြစ်တယ်"

ကန့်သတ်မှုကြား ခရီးဆက်နေသူများ

“ဆေးကုသဖို့အတွက်ဆိုရင် သုံးရက်၊ သာမန်ကိစ္စဆိုရင်တော့ ၇ ရက်၊ ၁၀ ရက်ထိ စောင့်ရတယ်။ ပုံစံ ၄ ရဲ့ သက်တမ်းက ၁၄ ရက်ဖြစ်ပြီးတော့ အဲဒီထက်ကြာသွားရင် ကိုယ်ရောက်နေတဲ့မြို့နယ် လဝကမှာ သက်တမ်းတိုးရတယ်။ အဲလိုမဟုတ်ရင်တော့ ပြန်လာရင်ဒဏ်ကြေးပေးရတယ်”

ဒုက္ခပင်လယ်တွင်း လှော်ခတ်နေရင်းက တက်ကျိူးခဲ့ရသူတွေ

“ကျမသွားမယ်ဆိုတော့ အဖေကသူ့အမတွေဆီအကူအညီတောင်းတော့ သူတို့ကတဆင့်တခြားသူဆီမှာ ၅ ကျပ်တိုးနဲ့ သိန်း၂၀ ယူလိုက်တယ်။ တစ်လစာအတိုးတခါထဲပေးခဲ့ရတယ်။ ကျန်တာကအိမ်အတွက်နဲ့ ကျမအတွက်ငွေတစ်သောင်းယူ လာတယ်”