
The Ladies who prove that “Women Can Do the Same as Men in Military “
"This revolution is an opportunity. It is an opportunity to uproot the filthy evils; not only the military dictator but also the bad ideas and practices ingrained in our society."

ယွန်းလုပ်ငန်း ပျောက်ကွယ်တော့မှာလား
“ ကိုဗစ်ဖြစ်တုန်းက ယွန်းကနည်းနည်းကောင်းလာသေးတယ်။ အာဏာသိမ်းပြီးကတည်းက အရောင်းအဝယ်လုံးလုံး မကောင်းတော့တာ။ အရင်က ပစ္စည်းတစ်ခါပို့ရင် ဆိုင်တွေကို အခုတစ်ရာလောက်ပို့ရင် ၉၀ အတွက်ရှင်းပေးတယ်။ အခုက ၂၀ လောက်ပို့ရင် သုံးခုလောက်စာပဲရတော့ အဆင်မပြေဘူးပေါ့”

စစ်ရှောင်စခန်းကမလုံခြုံတဲ့ဘဝများ
“ ကျမမှာ သမီးလေးရှိတော့ တခုခုဖြစ်မှာလည်းစိုးရိမ်တယ်။ ကိုယ်နဲ့ဘာသာစကားမတူ လက်နက်ကိုင်တပ် ကိုယ့်စခန်းမှာလာနေတော့ စိတ်ပူတာပေါ့၊ ကြောက်လည်းကြောက်တယ်။ ညမှောင်ရင် ဘာဖြစ်လာမှာလဲဆိုပြီး တွေးပြီးအိပ်မပျော်ဘူး။ သူတို့တွေကို ဒီစခန်းကနေ ထွက်ခိုင်းစေချင်တယ်”

အန္တရာယ်ကျော့ကွင်းထဲဝမ်းစာဖြည့်နေရသူတွေ
“ဒီကာလမှာ အနိုင်ကျင့်ခံရတာကတော့ အဆိုးဆုံးပါပဲ။ တခါမှမကြုံဖူးခဲ့တဲ့ လိင်ဆက်ဆံနည်းတွေသုံးတယ်။ ငွေမရဘဲပြန် လုယက်ခံရတယ်။ ဒီထဲမှာ အဆိုးဆုံးကတော့ ဆေးကျွေးပြီး လူအများနဲ့အနိုင်ကျင့်ခံရတာပဲ”

ယူနီဖောင်းကိုစွန့်ခွာသူတွေရဲ့ CDM ခရီးကြမ်း
“ ဓာတ်ပုံတွေကြည့်မိတိုင်း ယူနီဖောင်းပုံမြင်တိုင်းမျက်ရည်ကျရပါတယ်။ အလုပ်ကိုလွမ်းတဲ့အချိန်ရှိတယ်။ အမြဲအတွေးဝင် တာကတော့ အရင် အမေ(ဒေါ်အောင်ဆန်းစုကြည်)လမ်းကြောင်းတွေမှာ ယာဉ်လမ်းရှင်းခွင့်ရချင်သေးတယ်”

စစ်ရှောင်စခန်းမှသည်ချန်ပီယံစင်မြင့်ပေါ်ဆီသို့
“အခက်ခဲတွေ စိန်ခေါ်မှုတွေက အများကြီးရှိပါတယ်။ မိသားစုတွေကတော့ အကုန်လုံး အားပေးပါတယ်။ အဖေနဲ့ အမေကလည်း ဘောလုံးဝါသနာအိုးတွေလေ။ ဒါပေမယ့် ပတ်ဝန်းကျင်ကတော့ ဝေဖန်တာတွေရှိတယ်။ ယောကျ်ားလေးတွေနဲ့ တူတူသွားကန်ဖို့သွားလို့ရှိရင် မပါဝင်ရ တာတွေရှိတယ်။ ကျောင်းသားပွဲတုန်းကလည်း ရွေးချယ်ခံရပြီးမှ ပြန်ပြီးဖြုတ်ချခံခဲ့ရတာတွေရှိတယ်”

ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ပေမယ့် ချစ်ခြင်းမေတ္တာမဆုံးရှုံးသူတွေ
" မိန်းကလေးတွေရဲ့ သတ္တိအပိုင်းနဲ့သစ္စာရှိမှုအပိုင်းကိုပေါ့ ချီးကျူးကြတာ၊ တခါတလေကျ အကောင်းပကတိ အတိုင်း တောင်မှ မပြည့်စုံတာတွေရှိပြီး ကွဲကွာကြသေးတာ။ ကျွန်တော်က ကိုယ်လက်အင်္ဂါချို့ယွင်းသွားပြီပေါ့၊အဲ့အပေါ်မှာကို ယုံယုံကြည်ကြည်နဲ့လက်ထပ်တယ်ဆိုတော့ ကျွန်တော့်အမျိုးသမီးကိုချီးကျူးပေးကြတာ"

စစ်အာဏာရှင်ကြောင့် ခက်ခဲနေရတဲ့ မိခင်လောင်းတွေအတွက် ကောက်ရိုးတမျှင်
“ တိုင်းပြည်အခက်အခဲ ကြုံတွေ့နေချိန်မှ မကူညီရင်ဘယ်အချိန်မှ ကူညီရမလဲလို့စဉ်းစားမိလို့ ကြိုးစားတည်ထောင်ခဲ့တာ ပါ။ လွတ်မြောက်နယ်မြေထဲမှာ သားဆက်ခြားလုပ်ငန်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေအပြင် အမျိုးသမီးနဲ့ ကလေး ငယ်တွေ တန်းတူအခွင့်အရေးရဖို့ ကူညီဆောင်ရွက်ပေးသွားမယ်”

သဘာဝပတ်ဝန်းကျင်ပျက်ဆီးမှုကိုကျားကန်ပေးဖို့ ကြိုးစားနေရတဲ့အမျိုးသမီးပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများ
"တိုင်းပြည်ရှုပ်ထွေးနေချိန်မှာ ထိန်းသိမ်းရေးကို ဦးစားပေးရမယ်လို့ မပြောရဲဘူးလေ။ ပြည်သူတစ်ဦးအနေနဲ့ အသက်ရှင်ရပ်တည်ဖို့တောင် ခက်ခဲနေတဲ့အချိန်မှာ တောမီးလောင်တောကြောင် လက်ခမောင်းခတ်ဆိုတဲ့အတိုင်း မသမာသူတွေက လွယ်လွယ်နဲ့ ချိုးဖောက်နေတာ၊ ဒို့မှာဘယ်အချိန် ရိုက်သတ်ခံရမလဲမသိဘူး။ ခိုးနေတာမြင်လည်း သွားမတားရဲဘူး"

ရင်ထဲမှာ အမုန်းပင်တွေစိုက်ခံထားရတဲ့ အနာဂါတ်ရင်သွေးငယ်တွေ
တစ်ရက်မှာ ငါးနှစ်အရွယ်ကလေးက အိမ်ထဲမှာတအားဆော့နေလို့ ကျနော့်အဒေါ်က ငြိမ်ငြိမ်နေဖို့တားတယ်။ တားမရတဲ့ အဆုံး “အေး…ဒီလောက်တောင် ပြောမရတဲ့ဟာ ငါ ရဲစခန်းကို ဖုန်းဆက်လိုက်မယ်" ဆိုပြီး အဒေါ်က ပြောမိလိုက်တယ်။ အဲဒီအခါကလေးဟာ အိပ်ခန်းထဲကို အတင်းဝင်ပြေးသွားပြီး တံခါးကို အထဲကနေ ဂျက်ထိုးထားလိုက်တယ်။ အပြင် ထွက်ဖို့ခေါ်တာ ဘယ်လိုမှ ခေါ်မရဘူး။ ထမင်းစားဖို့ခေါ်တာလည်း ထွက်မလာဘူး။


