
တပ်တွင်းက အမျိုးသမီးတွေကို စစ်ကျွန်ဘဝကရုန်းထွက်ဖို့လမ်းပြခဲ့သူ
“ ဘာလို့ အနုတ်စုတ်ကုပ်စုတ် ဘဝနဲ့ဘာလို့နေမှာလဲ သူများတံတွေးခွက်မှာ ပက်လက်မျောပြီး ကိုယ့်ရဲ့လင်ယောကျာ်းရဲ့ အသက်လည်း အာမခံချက်မရှိဘူး။ နေ့မြင်ညပျောက်ဖြစ်နေတဲ့ စစ်တပ်ကြီးမှာဘာလို့ဆက်ပြီးနေမှာလဲ ဒါကကိုယ့်အတွက်ပဲ ကိုယ်တွေးတာဖြစ်တယ်။ သူများအတွက်မတွေးခင်မှာ ကိုယ့်အတွက်ကိုယ်တွေးပေါ့ သူများအတွက်မတွေးခင်မှာ ကိုယ့် သား သမီးအတွက် ကိုယ့်လင်ယောကျာ်းအတွက် အဖြစ်သင့်ဆုံးလမ်း အမှန်ကန်ဆုံးလမ်းကိုရွေးချယ်ပါလို့ပြောချင်ပါတယ်။”

အကနဲ့ တော်လှန်နေတဲ့ အငြိမ့်မင်းသမီး
“ပြည်သူတင်ထားတဲ့မင်းသမီးဖြစ်လို့ အာဏာရူး အမြန်ကျ ဆုံးဖို့ ဆုံးခန်းတိုင်အောင် ပြည်သူနဲ့တသွေးထဲတသားထဲ တော်လှန်ရလို့အားရပါတယ်။”

စစ်အာဏာရှင်နဲ့အတူတိုက်ထုတ်ရမယ့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ
" ကျမတို့က အာဏာရှင်ကိုတွန်းလှန်နေတာဖြစ်တယ်။ ကျူးလွန်မှုတွေကို အချိန်နဲ့တပြေးညီ ထုတ်ဖော်ပြောဆိုရမှာဖြစ်တဲ့ အတွက် အချိန်ကာလတစ်ခုကိုစောင့်ဆိုင်းဖို့ မလိုဘူးလို့မြင်တယ်။"

တစ်ပူပေါ်နှစ်ပူဆင့်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ
“ပြိုသွားတဲ့အိမ်က ထရံဆိုး(ဝါးထရံ)တွေကောက်ပြီး တဲထိုးထားနေရတယ်။ ကျောတစ်ခင်းစာရဖို့နဲ့ သားသမီးတွေ မြေကြီးပေါ်မှာ မအိပ်ရဖို့ရုန်းကန်နေရပါတယ်။”

ခက်ခဲကြမ်းတမ်းတဲ့အလုပ်တွေနဲ့ အမျိုးသမီးအလုပ်သမားများ
အငူမော်ဆိပ်ကမ်းကို အမှီပြုပြီးတော့ ကုန်တင်ကုန်ချလုပ်နေတဲ့ အမျိုးသမီးအလုပ်သမား ၂၁ ဦးရှိပြီးတော့ မုန်တိုင်း ဒဏ်ကြောင့် အငူမော်ဆိပ်ခံတံတားမှာလည်း ပျက်စီးသွားတာကြောင့် ကုန်တင်ကုန်ချလုပ်တဲ့အခါ အဆင်မပြေ တာတွေရှိနေတယ်လို့ ပြောကြပါတယ်။

လှပခြင်းနဲ့အတူ ခွဲခြားမှုတွေကို ထောက်ပြမျှဝေချင်သူ
“အောက်ပိုင်းပဲရေးတယ်ဆိုပြီး တချို့ကဲ့ရဲ့တာ၊ စောင်းမြောင်းတာခံရဖူးတယ်။ Sex Education (လိင်ပညာပေး) ကိုလေနဲ့ဝမ်း မကွဲတာပေါ့။”

မသန်စွမ်းသူတွေအတွက် ဖေးကူဖို့ အသင့်ရှိနေကြသူတွေ
“ မသန်စွမ်းမှု အသိပညာဗဟုသုတတွေကို လေ့လာသင်ယူခွင့်ရရှိခဲ့ပြီး မသန်စွမ်းသူတွေလည်း တခြားသူတွေနည်းတူ အခွင့် အရေးတွေ ရပိုင်ခွင့်တွေကို ခံစားပိုင်ခွင့်ရှိတယ်လို့ တဖြည်းဖြည်းနားလည်သဘောပေါက်လာခဲ့တယ်။”

ကူရာကယ်ရာမဲ့ သတ်ဖြတ်ခံနေရတဲ့ ဘိုးဘွားတွေ
“ထွက်မပြေးနိုင်တဲ့ ဘိုးဘွားတွေက သူတို့ကိုဘာမှပြန်မလုပ်နိုင်ဘူးဆိုတာ စစ်တပ်က သိတယ်။ ဒါပေမဲ့သူတို့က သတ်ရဲ တယ် ဆိုတာမျိုးပြချင်တာနဲ့ သူတို့ကိုကြောက်အောင်ဆိုပြီး တမင်သတ်ပြတာပေါ့။”

လက်မှုပညာနဲ့ ဒေသခံအမျိုးသမီးတွေကို ဝင်ငွေတိုးစေသူ
“အဓိကက သူတို့ကိုလုပ်ငန်းမပြတ်ပေးနိုင်ဖို့၊ ကျနော်ဖန်တီးချင်တဲ့ဒီဇိုင်းတွေ ဖန်တီးနိုင်ဖို့ပါ။ အဲ့နှစ်ချက်ကို ဦးတည်ပြီး သွားနေတာပါ။ ဒီအလုပ်နဲ့ တခြားနေရာမှာ သူတို့လုပ်စားနိုင်မယ်ဆိုရင် ကျနော်သင်ပေးတာအမြတ်ပဲပေါ့”

သားသမီးပညာရေးအတွက် ရတက်မအေးဖြစ်နေရတဲ့ မိဘတွေ
" ကိုယ့်အစိုးရတရပ်မို့လို ပြည်သူတွေက ဒီကျောင်းတွေကိုအပ်ခဲ့တာ ပြသနာတက်လာတော့ ကိုယ့်အစိုးရရဲ့ အကာအကွယ် မရခဲ့ဘူး။ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရတယ်။"


