
အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ အမျိုးသမီးများရဲ့ကျန်းမာရေးနှင့် လုံခြုံရေးအခြေအနေများ
“ကိုယ်ဝန်ဆောင်တွေ လသားကလေးငယ်တွေ ပြင်ဆင်မှုမရှိဘူး။ နဂိုတည်းက ကိုဗစ်ကြောင့်ရော ကုန်ဈေးနှုန်းမြင့်တက် နေမှုကြောင့်ရော ကလေးငယ်ရဲ့နို့မှုန် အာဟာရမှုန့်တွေ ဝယ်မရတာတွေရှိတယ်။ တောထဲရောက်လာတဲ့အချိန် မိခင် ကိုယ်တိုင် ကအာဟာရမရှိတော့ ကလေးကိုနို့မတိုက်နိုင်ဘူး။ နို့မှုန့်လည်းမတိုက်နိုင်ဘူး။ အဲ့ဒီတော့ ကလေးတွေက အစာ အဟာရတွေမမျှတတော့ အမြဲဆာလောင်နေရတယ်။”

“NUG ပရိုဖိုင်းချိန်းတဲ့ မိန်းကလေးငယ်တွေကို အောက်တန်းကျကျ တိုက်ခိုက်နေမှုများ”
“ နိုင်ငံရေးအရအမျိုးသမီးတွေကို ဦးတည်ပြီး ကာယအိန္ဒြေ၊ လိင်ပိုင်းဆိုင်ရာ ဂုဏ်သိက္ခာ ထိပါးနှောက်ယှက် ပုတ်ခတ်တာ ဟာ အမျိုးသမီးတွေကို မလေးစားတာပါပဲ”

“အိပ်မက်နှင့် ပျော်မွေ့နေရသော တင်းမရွာက လူပျောက်မိသားစုဝင်များ”
သန့်ရှင်းထွန်း။ …

“စစ်ဘေးအတွက် ရတက်မအေးရသူတွေ”
အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါ သာမန်လူတွေအတွက်တောင် အခက်အခဲပေါင်းသောင်းခြောက်ထောင် ရင်ဆိုင်ကြုံ တွေ့ရပြီး မသန်စွမ်းတွေအတွက်ကတော့ ပိုဆိုးရွားနိုင်မှာပါ။ အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုတွေကို အဖွဲ့အစည်းအတွေက ထုတ်ပြန်တာတွေရှိပေမယ့် မသန်စွမ်းတွေအတွက် ထည့်သွင်းစဉ်းစားတာ နည်းပါးတော့ မသန်စွမ်း အားလုံးကိုခြုံငုံပြီး အဆင်ပြေနိုင်မယ့် အစီစဉ်တွေ လုပ်ဆောင်ပေးသင့်တယ်လို့ မသန်စွမ်းအရေး ဆောင်ရွက် နေသူတွေက ပြောပါတယ်။

လုံခြုံဘေးကင်း ငြိမ်းချမ်းခြင်းဆီသို့
"အိမ်မှာနေရင်း သားကြီးအတွက် အမြဲဆုတောင်းနေရတယ်။ ကျန်းမာရေးကောင်းဖို့ ဘေးဒုက္ခဆိုးတွေနဲ့ မကြုံဖို့ သူတို့ လိုချင်တဲ့ အမှန်တရားအတွက် အဆုံးထိတိုက်ပွဲဝင်သွားနိုင်ဖို့အကုန်လုံးပဲ"

သားသည်မိခင်တွေရဲ့ မီးဖိုချောင်စရိတ်တိုက်ပွဲ
“ကပ်ဘေးဒုက္ခကြားမှာ ရှင်သန်အောင် ကြိုးစားနေကြရတဲ့ မြန်မာပြည်အနှံ့အပြားက သားသည်မိခင်တွေဟာ စစ်အာဏာ ရှင်တွေကြောင့် ဝန်ထုပ်ဝန်ပိုးတွေ ပိုမိုလေးလံလာနေပါတယ်။ မိခင်တွေ၊ အိမ်ရှင်မတွေရင်ဆိုင်တိုက်ခိုက်နေရတဲ့ မီးဖိုချောင်စရိတ်တိုက်ပွဲဟာ ဘယ်လောက်ကြာရှည်ဦးမယ်၊ ဘယ်လောက်ထိ တောင့်ခံနိုင်မယ်ဆိုတာ အားလုံးမသိကြ သလို၊ ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ အဖြေကလည်း သူတို့မှာ ရှိမနေကြပါဘူး။ ”

မြန်မာ့ပန်းပဲလုပ်ငန်းနေဝင်ချိန်ရောက်ပြီလား
“ကလေးတွေ ငယ်ငယ်ကဆို ဓားတစ်ချောင်းလာအပ်ပြီဆိုရင် ကျွန်မက ဖိုထိုးတာတွေဘာတွေက အစ အမျိုးသားကို ဝိုင်းကူ လုပ်ရတာ။ ဒီလုပ်ငန်းနဲ့ပဲ စားဖို့၊ ဝတ်ဖို့၊ ကလေးတွေ ကျောင်းထားဖို့ ရှာခဲ့တာ။ ကိုယ်က ရိုးရိုးသားသား မိဘလုပ်ငန်းကို အမွေဆက်ခံပေးချင်ပေမယ့် အခုလို နိုင်ငံရေးမတည်ငြိမ်တဲ့အခါ ဒီပညာတွေကို ပေးဖို့ တော်တော်စဉ်းစားရတယ်”

စစ်သားတွေကို မြင်ရင် ကြောက်တယ်
“ သမီးလေးကို လက်နက်ကြီးကျပြီး ဒဏ်ရာရသွားတဲ့နေ့ဟာ ဖေဖော်ဝါရီ-၁၃ ရက်နေ့၊ အဲဒီနေ့ ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၁၀၅) နှစ်မြောက်မွေးနေ့၊ မြန်မာနိုင်ငံရဲ့ကလေးများနေ့လို့ လူတွေက ပြောကြပါတယ်။ ကျွန်မတို့သမီးကလေးက ကျောင်းတက်နေရင်း လက်နက်ကြီးဒဏ်ရာရပြီး သေလုမျောပါးဖြစ်သွားခဲ့ရတယ်။ သမိုင်းဝင် သွေးစွန်းသွားခဲ့ရတဲ့ ကလေးများနေ့တစ်နေ့ပါပဲ”

“သားသမီးအတွက် သောကပွေကြရသည့် မိခင်များ”
"ယောကျာ်းလေးတွေကိုပေါ်တာဆွဲတာ၊ သူပုန်ဆိုပြီး ဖမ်းဆီးတာတွေက အရင်ကတည်းကကြုံရတာ၊ အခုနိုင်ငံရေး အခြေအနေ ဒီလိုမျိုးဖြစ်နေတဲ့ အချိန်မှာပိုပြီးမှကြောက်ကြတယ်။ ဘယ်အချိန်မှာ အဲ့ဒီလို ပြန်ဖြစ်လာမလဲဆိုတာ ကြောက်ရတယ်"

“အမြန်ဆုံးငြိမ်းချမ်းချင်တယ်”
“အခုနောက်ပိုင်းစစ်ရှောင်တွေကို ကူညီပေးမယ့်သူတွေက တော်တော်ခက်ခဲတယ်။ ရေရှည်တိုက်ပွဲဖြစ်ရင် စားနပ်ရိက္ခာတွေ အတွက် ခက်ခဲမယ်။ အမျိုးသမီးနဲ့ ကလေးတွေ အတွက်လည်း ပိုပြီးဝန်ထုတ်ဝန်ပိုးကြီး နေတယ်”


