Entries by webmaster

မြေမြှုပ်မိုင်းက နုတ်ယူလိုက်တဲ့ အမျိုးသမီးတွေရဲ့ အသက်နဲ့ဘဝတွေ

“ဒေသတွင်းတိုက်ပွဲလည်း ဖြစ်နေတာဆိုတော့ ဘယ်သူတွေထောင်တဲ့ မိုင်းဆိုတာ ပြောဖို့ခက်တယ်။ ဘာလို့ဆို မိုးတွင်းမှာ ထောင်ထားတဲ့မိုင်းတွေက နေရာရွေ့သွားတတ်တော့ ဒါကို သတိထားဖို့လိုတယ်။”လို့ ပေါက်-PDF မှ မိုင်းရှင်းလင်းရေး တာဝန်ခံတစ်ဦးက သတိပေးပါတယ်။

Honest Information အမျိုးသမီးသတင်းဌာန၊ အမျိုးသမီး Podcastအစီအစဉ် (Episode – 15)

HIသတင်းဌာနရဲ့ ဒီအပတ်ပေါ့ကတ်အစီအစဉ်မှာတော့ အမျိုးသားများသာ သီးသန့်ပါဝင်ဆွေးနွေးနေတဲ့ မန်နယ်စကားဝိုင်းတွေအပေါ် အမျိုးသားတွေရဲ့ အမြင်နဲ့အတူ အားကစားနဲ့ အမျိုးသမီးတွေကိုကာကွယ်ပေးမယ့် ဗိုဗီနမ်လက်ရွေးစင်ဆိုတဲ့ လူမှုဆောင်းပါးတစ်ပုဒ်ကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။

အနာဂတ်ကြယ်ပွင့်လေးတွေကို ပျိုးထောင်သူ

“ ကျွန်မတို့က ကောင်းတဲ့ကလေးတွေကိုပဲ လက်ခံသင်ကြားပေးရမယ်ဆို ကျောင်းသား၊ကျောင်းသူရှိတော့မှာ မဟုတ်ဘူး။ ကျောင်းတက်ဖို့ ရောက်လာတဲ့ကလေးအားလုံးကို လက်ခံပေးတယ်။”

စစ်ဒဏ် မိုးဒဏ်အောက်က အသက်လု ရှင်သန်နေရတဲ့ ဘဝတွေ

“ည ၁၂ နာရီ လောက်မှာ လေကြောင်းသံ ဗုံးကြဲသံတွေကြောင့် ထွက်လာတာ၊ ဓာတ်မီးကလည်း မထွန်းရဲ။ ဘာမှလည်း မပါ။ ကလေး နှစ်ယောက်ကိုတွဲပြီး ပုန်းတလှည့်၊ ပြေးတလှည့် လမ်းလျှောက်တလှည့်နဲ့ ရောက်လာတာ။ ကျည် ဗုံးထိမှာတော့ ကြောက်ရတယ်”

ရေပြင်မှာ ရေရှားတဲ့ဒဏ် ခံနေရတဲ့ မွတ်ဆလင် ဒုက္ခသည် အမျိုးသမီးတွေ

“ ဒီမှာ လုပ်စရာအလုပ် မရှိဘူး။ အပြင်ထွက်လုပ်ဖို့ကလည်း အဆင်မပြေ။ အရေးကြီးဆုံး အခက်အခဲက ရေမရတာပဲ။” လို့ သူက ပြောပါတယ်။

ယုံကြည်ရာလမ်း

” အလုပ်သမားတွေဆိုတာ ခေတ်တိုင်းမှာ အဖိနှိပ်ခံလူတန်းစားတစ်ရပ်ပါ။ ဒီတော့ ကျမအနေနဲ့ ဘယ်ခေတ်ရောက်ရောက် အဲဒီအလုပ်သမားတွေရဲ့ရှေ့ကနေ မားမားမတ်မတ်ရပ်နိုင်ဖို့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးစားနေဦးမှာပါ။”

နှင်းဆီရောင်အမျိုးသမီးထု လှုပ်ရှားမှု နှစ်နှစ်ပြည့်အဖြစ် လောင်းလုံးမြို့နယ်တွင် အမျိုးသမီးများဦးဆောင် ဆန္ဒထုတ်ဖော်

“ကျမတို့ RWU ဟာ တော်လှန်ရေးကာလမှာ တော်လှန်ရေးရဲဘော်အမျိုးသမီးတွေနဲ့ ဖွဲ့ စည်းထူထောင်ထားတာဖြစ်ပြီး စစ်အာဏာ ရှင်စနစ်အဆုံးသတ်ရေးနဲ့ ဖက်ဒရယ်ဒီကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုက်ပွဲဝင်သွားဖို့လည်း ရည်ရွယ်ပါတယ်”

မလုံခြုံတော့တဲ့ ရန်ကုန်မြို့က အမျိုးသမီးတွေရဲ့ဘဝ

သူခိုးဓားပြ လုယက်မယ့်ရန်တွေကို ကြောက်ရတဲ့အထဲကနေမှ ပိန်းမလောက်မျောက်ထပ်ဆိုသလိုပဲ နေရာအများစုမှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သားရဲသားတွေရဲ့ ပါးစပ်အရသာခံ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကိုလည်း အမျိုးသမီးထုဟာ ခံစားရပါသေးတယ်။