Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

သြဂုတ်လ ၂၁ ရက်ကနေ ၂၇ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ရပါတယ်။

  • H&M တံဆိပ်အထည်ချုပ်တဲ့စက်ရုံက အမျိုးသမီးလုပ်သားတစ်ဦး ထိုးကြိတ်ခံရပြီး အလုပ်လည်းထုတ်ခံရ

ကမ္ဘာကျော်အဝတ်ထည်အမှတ်တံဆိပ်တခုဖြစ်တဲ့ H&M အမှတ်တံဆိပ်အထည်တွေချုပ်လုပ်နေတဲ့ အထည်ချုပ် စက်ရုံတစ်ရုံ က အသက်(၂၇)နှစ်အရွယ်မရှားလဲ့ဖြူဟာဇူလိုင်လကလုပ်ငန်းခွင်မှာ ဌာနတူအမျိုးသားတဦးနဲ့ လုပ်ငန်းကိစ္စအချေတင် စကား များရာက ဆဲဆို ထိုးကြိတ်ခံရသလိုအလုပ်လည်းထုတ်ခံလိုက်တာကြောင့် စက်ရုံကို တရားစွဲဆိုဖို့ပြင်ဆင်နေပါတယ်။

စက်ရုံတာဝန်ရှိသူတွေက သူတို့နှစ်ဦးလုံးကိုလုပ်ငန်းခွင်အတွင်း ခိုက်ရန်ဖြစ်ပွားလို့ဆိုကာ နစ်နာကြေးလည်းမပေးဘဲ အလုပ် ကနေ ထုတ်ပယ်လိုက်တယ်လို့သိရပါတယ်။

အဲ့ဒီလိုထုတ်ပယ်တာကြောင့် ထိုးကြိတ်ခံခဲ့ရတဲ့အမျိုးသမီးက အလုပ်ပြန်ဝင်ခွင့် ရဖို့တောင်းဆိုခဲ့ပေမယ့် စက်ရုံဘက်က ငြင်းဆို ခဲ့တယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် STUM တာဝန်ရှိသူက ရှင်းပြပါတယ်။

ဒါကြောင့် စက်ရုံကိုတရားစွဲဖို့နဲ့ သက်ဆိုင်ရာကုန်ပစ္စည်းအမှတ်တံဆိပ်ကုမ္ပဏီကို စာပို့ကန့်ကွက်ဖို့ ပြင်ဆင်နေတယ်လို့ အလုပ် သမားဘက်က ကူညီဆောင်ရွက်ပေးနေတဲ့  (STUM) တာဝန်ရှိသူက ပြောပါတယ်။

Source – Delta News Agency

  • မြင်းမူတွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ ရေချိုးနေသော အမျိုးသမီးတစ်ဦး ထိမှန်သေဆုံး

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက် ရေချိုးနေတဲ့ အမျိုးသမီး တစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။

သြဂုတ်(၂၁)ရက်မနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ရှည်ကျေးရွာကို ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေဟာ မူးမြစ် အနောက်ဘက် မြင်းမူမြို့နယ်မူးမန္တလေးကျေးရွာဘက်ကိုလက်နက်ကြီး သုံးလုံး အကြောင်းမဲ့ပစ်ခတ်ခဲ့တာပါ။

ပစ်ခတ်မှုကြောင့် မူးမန္တလေးရွာမြောက်ပိုင်းသို့ကျရောက်ပေါက်ကွဲခဲ့ပြီး ရေချိုးနေသော အသက်(၂၁)နှစ်ဝန်းကျင်ရှိ အမျိုးသမီး တစ်ဦးကို ထိမှန်ခဲ့ကာခြေထောက်နှစ်ဖက်လုံးပြတ်သွားပြီး ခါးပေါက်ဒဏ်ရာနဲ့သေဆုံးခဲ့တယ်လို့ မြင်းမူမြို့နယ် သတင်းမှန်ပြန် ကြားရေးအဖွဲ့ကပြောပါတယ်။

Source – People’s Spring

  • အင်းတော်မြိုမှ အမျိုးသမီးတစ်ဦးအပါအဝင်အရပ်သားလေးဦးကို စစ်ကောင်စီက သေဒဏ်မတရားချမှတ်

စစ်ကောင်စီကို ဆန့်ကျင်တော်လှန်တယ်လို့ဆိုကာ အင်းတော်မြို့က အမျိုးသမီးတစ်ဦးအပါအဝင်အရပ်သားလေးဦးကို စစ် ကောင်စီ ကသေဒဏ်ချမှတ်လိုက်ပါတယ်။

အင်းတော်မြို့ကမမြင့်မြင့်အေး၊ဇော်မျိုးထွန်း၊ကိုကျော်စွာဝင်းနဲ့ ကိုအောင်ကျော်ကျော်မိုးတို့ကို ဧပြီနဲ့ဇွန်လက စဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၂(က)နဲ့တရားစွဲကာ သေဒဏ်ချမှတ်တာဖြစ်တယ်။

အခုအမိန့်ချခံရတဲ့လေးဦးအပါအဝင် အင်းတော်မြိုနယ်မှာ သေဒဏ်ချမှတ်ခံရသူ ၁၀ဦးထက်မနည်းရှိတယ်လို့ အင်းတော် မြို့ နယ်အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

Source – People’s Spring

  • တနင်္သာရီမြို့နယ်မှာကျောင်းအုပ်ဆရာမ ၁ ဦးနဲ့ အမျိုးသား ၁ ဦး အသတ်ခံရ

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာအုပ်စုမှာကျောင်းအုပ်ဆရာမ တစ်ဦးနဲ့အမျိုးသား    တစ်ဦးတို့ နေအိမ်တွေမှာ အသတ်ခံလိုက်ရတယ်လို့ဒေသခံတွေကပြောပါတယ်။

သြဂုတ်၂၀ ညပိုင်းက အရှေ့မော်တုန်းအုပ်စုက ထုံနွယ်ရွာမှာ ကျောင်းအုပ်ဆရာမမသိန်းရီကိုသူ့ရဲ့နေအိမ်ရှေ့မှာ သေနတ်နဲ့ ပစ်ခတ်သွားတာလို့ သိရပါတယ်။ သေဆုံးသွားတဲ့ဆရာမဟာ စစ်ကောင်စီလက်ထက် ကျောင်းအုပ်ဆရာမမရှိတာကြောင့်  ကျောင်းအုပ်နေရာကို အစားထိုးတာဝန်ယူထမ်းဆောင်တာဖြစ်တယ်လို့ဒေသခံတချို့ကဆိုပါတယ်။

အဲဒီနေ့ညမှာပဲအနောက်မော်တုန်းရွာသား ကိုအောင်ဝင်းကိုလည်းသူ့နေအိမ်မှာပဲ အမည်မသိအဖွဲ့တဖွဲ့က နေအိမ်မှာ လာ ရောက် သတ်ဖြတ်လိုက်တယ်လို့သိရပါတယ်။ အဲ့ဒီပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ပတ်သက်လို့  ဘယ်အဖွဲ့က ဘာကြောင့် သတ် ဖြတ်သွားတယ်ဆိုတာကို ထုတ်ပြန်ထားတာမျိုး မတွေ့ရသေးပါဘူး။

Source – Dvb Burmese

  • တာချီလိတ် – ရန်ကုန် လေယာဉ်ပေါ် ခရီးသည်အမျိုးသမီး ၁ ဦး ကလေးမွေးဖွား

ရှမ်းပြည်နယ်အရှေ့ပိုင်း၊တာချီလိတ်မြို့ကနေ ရန်ကုန်ဘက်ကိုထွက်ခွာလာတဲ့ Air KBZ လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဩဂုတ် ၂၄ ညနေဝန်းကျင်က လေယာဉ်ပေါ်မှာ ကလေးမွေးဖွားခဲ့တယ်လို့ သွား ရောက် ကူညီခဲ့တဲ့ဦးလှမိုး(တာချီလိတ်) လူမှုကူညီရေးအသင်းဆီကသိရပါတယ်။

လေယာဉ်ထွက်သွားပြီး ၅ မိနစ်လောက်အကြာ မိုင်းဆတ်မြို့အရောက်လောက်မှာ ရေမွှာပေါက်ပြီး ပြန်လှည့်လာခဲ့ပေမဲ့ မမီ တော့ပဲခရီးသည်တွေရဲ့ အကူအညီနဲ့မွေးဖွားခဲ့တာလို့ လေယာဉ်ဝန်ထမ်းတွေဆီကသိရတယ်လို့ ဆိုပါတယ်။ ကလေးက မိန်း ကလေးဖြစ်ပြီး ကလေးရောမိခင်ပါ ကျန်းမာတယ်လို့ သူကပြောပါတယ်။

မွေးကင်းကလေးနဲ့ မွေးလူနာကိုခဲရာခဲစစ်သယ်ဆောင်ရပြီး နီးစပ်ရာကောင်းမြတ်ဆေးခန်းသို့ ဦးလှမိုး (တာချီလိတ်) လူမှု ကူညီရေးအသင်းက လိုက်ပါပို့ဆောင်ကူညီပေးခဲ့ကြတယ်လို့ဆိုပါတယ်။

Source – Dvb

  • မန္တလေးမှာ မျက်စိအထူးကုဆရာဝန်နဲ့ဇနီးဖြစ်သူ CDMပါမောက္ခဆရာမ ဖမ်းဆီးခံရပြီးပိုင်ဆိုင်မှုတွေ ချိပ်ပိတ်ခံရ

မန္တလေးမြို့အောင်မြေသာစံမြို့နယ် လမ်း ၈၀ နဲ့ ၈၁ လမ်းကြား၊ ၂၄ လမ်းမှာတက်နေလင်း မျက်စိအထူးကု ဆေးခန်းဖွင့်ထားတဲ့ အထူးကုဆရာဝန်ကြီး ဦးမြသန်း၊ဇနီးဖြစ်သူ CDM လုပ်ထားတဲ့မန္တလေးတက္ကသိုလ် အဝေးသင်ဌာန တွဲဖက်ပါမောက္ခ ဒေါ်မြင့် မြတ်ခိုင်နဲ့သားဖြစ်သူ ဦးရန်နောင်ထွန်းတို့ကို စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကိုထောက်ပံ့တယ်လို့ စွပ်စွဲ ပြီး ဩဂုတ်လ ၂၃ ရက်က ဖမ်းဆီးသွားတယ်လို့ မန္တလေးမြို့ခံတွေနဲ့CDM ဆရာဝန်တွေကပြောပါတယ်။

သူတို့ပိုင်ဆိုင်တဲ့ တက်နေလင်းမျက်စိအထူးကုဆေးခန်းနဲ့ Asahi ကွန်ဒိုတိုက်ခန်းကိုလည်း စစ်ကောင်စီက ချိပ်ပိတ်သိမ်းယူ ခဲ့တယ်လို့ မန္တလေးမြို့ခံတစ်ဦးကပြောပါတယ်။

မျက်စိ အထူးကုဆရာဝန်ကြီး ဦးမြသန်း၊ ဇနီးဖြစ်သူ အဝေးသင်တွဲဖက်ပါမောက္ခ ဒေါ်မြင့်မြတ်ခိုင်တို့က အသက် ခုနစ်ဆယ် ဝန်းကျင် ဇနီးမောင်နှံဖြစ်ပြီး၊ သားဖြစ်သူ ဦးရန်နောင်ထွန်းက အသက် ၄၅ နှစ်ခန့်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

Source – RFA

  • ကောက်စိုက်သမ ၁၀ ဦးနီးပါးကို လူသားဒိုင်းအဖြစ်သုံးပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုး

စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ် အနောက်ခြမ်းကိုစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေဟာ  ဘုတလင်ဘက်က ကောက်စိုက် နေတဲ့ အမျိုးသမီး ဆယ်ဦးနီးပါးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရ ပါတယ်။

ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေဟာ ရေဦးမြို့နယ်ဘက်က မဟုတ်ဘဲ ဘုတလင်နယ်က ဖမ်းဆီးလာတဲ့သူတွေသာဖြစ်ပြီး ဘယ်သူဘယ်ဝါတွေဆိုတာကိုတော့ အတည်ပြုလို့ မရသေးဘူးလို့လည်း ဆိုပါတယ်။ သြဂုတ်လ ၁၆ ရက်က ဘုတလင်မြို့က ထွက်လာတဲ့ အင်အားရှစ်ဆယ်ကျော်ပါ စစ်ကြောင်းဟာ စစ်ကြောင်းတလျှောက် ဖမ်းဆီးလာတဲ့ အဲဒီအမျိုးသမီးတွေကို လူသားဒိုင်းအဖြစ်ကာပြီး သြဂုတ်လ ၂၁ ရက်၊ မနက်ပိုင်းမှာ ရေဦးနယ်အနောက်ခြမ်းကို စစ်ကြောင်းထိုးလာပါ။

Source – Delta News Agency

  • မန္တလေး Golden Gate ပုဂ္ဂလိကကျောင်းအား ချိပ်ပိတ်၊ ပိုင်ရှင်အပါအဝင် ဆရာ၊ဆရာမ(၁၅)ဦးခန့်ဖမ်းဆီးခံရ

(CDM) ဆရာ၊ဆရာမတွေကို လက်ခံထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွေကို ဆက်သွယ်ထောက်ပံ့မှုတွေပြုလုပ်တယ်လို့ဆိုကာ မန္တလေး၆၁ လမ်းနဲ့ ၃၆လမ်းရှိ Golden Gate ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင် အပါအဝင်ဆရာ၊ဆရာမ ၁၅ ဦးခန့်ကို ဝင်ရောက် ဖမ်းဆီးပြီး ကျောင်းကိုချိတ်ပိတ်လိုက်တယ်လို့ မန္တလေးပညာ ရေး အသိုင်းအဝိုင်းထံမှ သိရပါတယ်။

ဇူလိုင်လ တတိယပတ်အတွင်းက စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ မန္တလေးမြို့ရှိ ကိုယ်ပိုင်ကျောင်းတွေဟာ CDM ပညာရေးဝန်ထမ်းတွေကို ခန့်ထားခြင်းရှိမရှိ စစ်ဆေးရန်ဖို့နဲ့ NUG လက်အောက်ခံ တရားမဝင်ကျောင်းတွေဖွင့်လှစ် သင် ကြားနေမှုကို အရေးယူပေးဖို့ လှုံ့ဆော်ရေးသားခဲ့ကြတယ်။

ဇူလိုင် ၂၇ ရက်မှစတင်ကာ မန္တလေးမြို့ရှိ ကိုယ်ပိုင်ကျောင်းတွေကို ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ပိုင်း Golden Gate ကျောင်း ချိပ်ပိတ်ခံရပြီး ဖမ်းဆီးခံရမှုမှာ ပထမဦးဆုံးဖြစ်တယ်လို့သိရပါတယ်။

Source – Irrawaddy Burmese

  • ကလေးမြို့မှာ ဓားပြကို ပြန်လည်ခုခံတဲ့ အိမ်ရှင်အမျိုးသမီး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်၊ အ.ထ.က (၂) ဘောလုံးကွင်း အနီးက အိမ်တအိမ်ကို သြဂုတ်လ ၂၄ ရက်၊ ညပိုင်းက ဓားပြတိုက်ဖို့ လာသူတဦးကို ပြန်လည်ခုခံလို့ အိမ်ရှင်အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အိမ်ရဲ့နောက်ဖေးဘက်ကနေ ဓားကိုင်ဝင်လာတဲ့ သူခိုးကို အိမ်ရှင်အမျိုးသမီးက လက်ကိုဖမ်းဆွဲပြီး ကိုက်တဲ့အချိန်မှာ သူခိုးက ဓားနဲ့ထိုးတဲ့အတွက် အိမ်ရှင်အမျိုးသမီးရဲ့ကျောမှာ ထိခိုက်ဒဏ်ရာရပြီး ဆေးကုသမှု ခံနေရပေမယ့် အသက်အန္တရာယ်စိုးရိမ်ရတာမျိုး မရှိဘူးလို့ ပြောပါတယ်။

အဲဒီဓားပြနဲ့ အိမ်ရှင်အမျိုးသမီးတို့ ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်မှာပဲ အမျိုးသမီးရဲ့မောင်ဖြစ်သူက တုတ်နဲ့ ဝင်ရိုက်တဲ့အတွက် ဓားပြတိုက်ဖို့ ကြိုးစားသူဟာ ဓားကို ပစ်ချထွက်ပြေးသွားခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

Source – Delta News Agency

  • ဂန့်ဂေါမှာ ဈေးသည်အမျိုးသမီးကို တကိုယ်လုံး အညိုအမဲစွဲတဲ့အထိ ပကဖ၊ ပအဖတွေက ရိုက်နှက်စစ်ဆေး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ကျေးရွာတွေမှာ လှည့်လည်စျေးရောင်းနေတဲ့ အသက် ၄၀ အရွယ်အမျိုးသမီး တဦး ကို ကျေးရွာပအဖနဲ့ပကဖအဖွဲ့တွေက ဖမ်းဆီးရိုက်နှက်စစ်ဆေးရာမှာ ခန္ဓာကိုယ်အနှံ့ အညိုအမဲဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ကာယကံရှင် အမျိုးသမီးက ပြောပါတယ်။

သြဂုတ် ၁၅ ရက် မနက် ၉ နာရီခွဲအချိန်ခန့်က အဲ့ဒီဈေးသည်အမျိုးသမီးဟာ ကျွဲနန်းရွာမှာ ဈေးရောင်းပြီး ခဏနားနေချိန် လူတစုက စစ်ဆေးစရာရှိလို့ဆိုကာ  မျက်နှာကိုအဝတ်နဲ့စည်း၊ လက်ပြန်ကြိုးတုပ်ဖမ်းဆီးခေါ်သွားကာ စစ်ဆေးမေးမြန်းရင်း ရိုက်နှက်ခဲ့တာကြောင့် အခုလို ဒဏ်ရာတွေရရှိခဲ့တာလို့ ကာယကံရှင်အမျိုးသမီးက ဆိုပါတယ်။

အဲ့ဒီလို ရိုက်နှက်စစ်ဆေးခံရတဲ့အတွက် စျေးသယ်အမျိုးသမီးရဲ့ နောက်ကျောပြင်၊ ခါးအထက်ပိုင်း၊ ပေါင်နဲ့ ဘယ်ညာ ခြေသလုံး တွေမှာ အညိုမဲစွဲ ပြင်းထန်ဒဏ်ရာရခဲ့ပြီး ဆီးခုံတဝိုက်အောင့်နေတဲ့အတွက် ဆရာဝန်ဆီမှာ ဆေးကုသဖို့သွားပေမယ့် ဆရာဝန် က ပကဖ၊ ပအဖတွေ ပြဿနာရှာလာမှာကို စိတ်ပူတဲ့အတွက် ဆေးကုသပေး ဖို့ ငြင်းဆန်ခဲ့တာကြောင့် ဆေးမြီးတိုနဲ့ ကုသ နေရတယ်လို့ သိရပါတယ်။  

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ဒီလိုကိစ္စတွေကို ကိုင်တွယ်ရာမှာ ပေးလာတဲ့သတင်းအချက်အလက်ကို ပုဂ္ဂိုလ်ရေး မုန်းတီးမှုအရ ပေးတာလားဆိုတာမျိုးကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ သေချာစစ်စီပြီးမှ ဆုံးဖြတ် ချက်ချသင့်တယ်လို့ ဒေသ ကာကွယ်ရေးရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

Sources – မြေလတ်အသံ

  • မုံရွာက ကိုယ်ဝန်ဆောင် အမျိုးသမီးကို သတ်ဖြတ်ခဲ့သူတွေကို NUG အရေးယူ

စစ်ကိုင်းတိုင်း မုံရွာကကိုယ်ဝန်ဆောင် အမျိုးသမီးမအေးငြိမ်းသူကို သတ်ဖြတ်ခဲ့သူခုနစ်ဦးကို အမျိုးသားညီညွတ်ရေး အစိုးရ တရားရုံးကအရေးယူဆောင်ရွက်နေတယ်လို့ မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဩဂုတ် ၂၃ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

Author:

Related Articles