ဂျဲန်ဒါရှုထောင့်ကနေ ဆွေးနွေးထားတဲ့ ဆဌဂံ ရုပ်ရှင် ဇာတ်ကား
အမျိုးသားက သူ့အနေနဲ့ အရက်မသောက်၊ ဖဲမကစား၊ မိန်းမမရှုပ်ဘူးဆိုတဲ့ အချက်နဲ့တင် အခြားယောကျ်ားတွေထက် အများကြီးကောင်းနေပြီလို့ လက်ခံယူဆထားတာကို တွေ့ရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်မတို့ရဲ့ လူမှုအသိုင်းအ၀ိုင်းမှာ ယောကျ်ားဆိုရင် လူ့ကျင့်ဝတ်ဖောက်ပြန်တဲ့ အလုပ် တွေ မလုပ်ဘူးဆိုရင်ပဲ တာဝန်တွေကျေနေပြီလို့ ယူဆကြတာကိုတွေ့ရပါတယ်။
ဒီတစ်ပတ် ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ တချိန်တုန်းက အရမ်းကို နာမည်ကြီးခဲ့ပြီးတော့ သရုပ်ဆောင်တွေ အများကြီး ပါ၀င်သရုပ်ဆောင်ထားတဲ့ “ဆဌဂံ” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကို ဂျဲန်ဒါရှုထောင့်ကနေ ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။






