မောင်တောမြို့ထဲမှာ တောင်းရမ်းတဲ့ အမျိုးသမီးနှင့် ကလေးငယ်တွေ တွေ့ရ ပိုများလာ
သန့်ရှင်းထွန်း မောင်တော၊ နိုဝင်ဘာ ၁၁၊ ၂၀၂၅။ ရခိုင်ပြည်မှာ အထွေအထွေအကျပ်အတည်းနှင့် ပဋိပက္ခ၊ တိုက်ပွဲဒဏ်တွေကို အများဆုံး ခံခဲ့ရတဲ့ မောင်တော နယ်စပ်ဒေသက မြို့တွင်းဈေးဆိုင်တွေမှာ တောင်းရမ်းတဲ့ မွတ်စလင်အမျိုးသမီးနှင့် ကလေးငယ်တွေ ပိုများလာတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အဲဒီ မွတ်စလင်အမျိုးသမီးတွေထဲမှာ သက်လတ်ပိုင်းအရွယ် ကလေးအမေ၊ သက်ကြီးပိုင်းနှင့် အသက် ၆ နှစ်ကနေ ၁၀ နှစ်ကြား ကလေးငယ်တွေ ပိုများတာကို တွေ့ရတယ်လို့ ဆောက်လုပ်ရေးသုံးပစ္စည်း အရောင်းဆိုင်သည် တဦးက ပြောပါတယ်။ “မောင်တောတိုက်ပွဲအတွင်းမှာ လင်ယောကျ်ားသေသွားတဲ အမျိုးသမီးတွေများတယ်၊ ကလေးတွေဆိုရင်လည်း အဖေမရှိတဲ့ ကလေးတွေဖြစ်တယ်၊ တချို့က အဖေ အမေရှိပေမယ့် အလုပ်မလုပ်နိုင်တဲ့သူတွေဖြစ်တယ်၊ နိုင်ငံရေး မငြိမ်မသက်ဖြစ်ပြီး အလုပ်လည်း မရှိဆိုတော့ တောင်းရမ်းကြတာပေါ့”လို့ အထက်ပါ ဆိုင်သည်က […]


