အမျိုးသားညီညွတ်ရေးအစိုးရ( NUG) ရဲ့ အစိုးရအဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရာမှာ အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ပြန်လည်ပါဝင်လာခြင်းမရှိတော့ဘဲ လူမှုရေး၊အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနလက်အောက်ဌာနခွဲ တခုအ‌နေနဲ့သာထားရှိ‌တော့မယ့်အပေါ် အမျိုးသမီးနဲ့ဂျဲန်ဒါအရေးတက်ကြွလှုပ်ရှားသူအချို့ရဲ့ အမြင်

ဒီတပတ် ပေါ့ကတ်စ်အစီအစဉ်မှာတော့ “အမျိုးသားညီညွတ်ရေးအစိုးရ( NUG) ရဲ့ အစိုးရအဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရာမှာ အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ပြန်လည်ပါဝင်လာခြင်းမရှိတော့ဘဲ လူမှုရေး၊အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနလက်အောက်ဌာနခွဲ တခုအ‌နေနဲ့သာထားရှိ‌တော့မယ့်အပေါ် အမျိုးသမီးနဲ့ဂျဲန်ဒါအရေးတက်ကြွလှုပ်ရှားသူအချို့ရဲ့ အမြင်”တွေကို မေးမြန်းတင်ဆက်လိုက်ပါတယ်။

———-

မြန်မာနိုင်ငံမှာ အမျိုးသမီးဦးရေ ထက်ဝက်ကျော်ရှိတယ်။ လူငယ်က ၆၀ ရာခိုင်နှုန်းကျော် ရှိတယ်။ ဒီလိုနိုင်ငံမှာ ဒီအင်အားစုကြီးကို ကာကွယ်မယ်၊ မြှင့်တင်မယ်၊ ထောက်ပံ့မယ်၊ ပံ့ပိုးမယ်ဆိုတဲ့ နိုင်ငံရေးစဉ်းစားချက် ယုတ်လျော့သွားတဲ့အခါ ဝန်ကြီးဌာနပြုတ်သွားတယ်။ ဝန်ကြီးဌာနပြုတ်သွားတဲ့ အခါမှာ နိုင်ငံရေးပြောရေးဆိုခွင့် မရှိတော့ဘူး။