Entries by webmaster

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဆိုတာ ဘာတွေလဲ

ဒီတပတ် HIက တင်ဆက်မယ့် ပေ့ါကတ်အစီအစဉ်မှာတော့ “အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဆိုတာ ဘာတွေလဲ၊ အဲဒီအကြမ်းဖက်မှုတွေကိုဖြစ်ပေါ်စေတဲ့ အကြောင်းအရာတွေကဘာတွေလဲဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူတချို့ရဲ့ အမြင်များ” ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ပြဿနာတခုဖြစ်ပြီဟေ့ဆိုတာနဲ့ ကိုယ်က နစ်နာသူဖြစ်ပါလျှက် ဒီပြဿနာကြီးကို ပတ်ဝန်းကျင်ကို ချပြလို့ရှိရင် ကိုယ့်ကိုပဲ ဝိုင်းရှုံ့ချမှာတွေ၊ ပတ်ဝန်းကျင်က နှာခေါင်းရှုံ့ကြမှာတို့ကို မလိုချင်တဲ့အခါ ပြဿနာကို ဖွင့်မချရဲဘူး။

စစ်တပ်ရွေးကောက်ပွဲကို နိုင်ငံတကာက ဘယ်လိုသဘောထားသလဲ – ဒို့အတွေး ဒို့အမြင်

နိုင်ငံတကာကလည်း မေးကြပါတယ်။ ပြည်သူကိုမဲပေးခိုင်းမလား၊ မပေးခိုင်းဘူးလားပေါ့။ ကျမတို့အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ကတော့ ပြည်သူကို မဲပေးပါလို့လည်းမပြောဘူး။ မဲမပေးပါနဲ့လို့လဲမပြောဘူး။ မဲပေးတယ်ဆိုတာ ပြည်သူတဦးချင်းစီရဲ့အခွင့်အရေးဖြစ်တယ်၊ ရွေးချယ်ပိုင်ခွင့်ဖြစ်တယ်။ အမှန်တော့ ကျမတို့ပြည်သူက ဒီအခွင့်အရေးရှိမှန်းသိပါတယ်။ ဒါပေမယ့် အခုက ရွေးချယ်ပိုင်ခွင့်မရှိတာ၊ ရွေးချယ်ပိုင်ခွင့်မရှိအောင် တမင်သက်သက် အကြမ်းဖက်စစ်တပ်က လုပ်တာကိုး။ ဆိုတော့ ရွေးချယ်ပိုင်ခွင့်မရှိတဲ့ဘဝမှာ သူတို့ရွေးရတဲ့လမ်းဟာ သူတို့ရွေးချင်လို့ ရွေးတာမဟုတ်ဘူးလို့ ကျမတို့ဖက်က စိတ်ချလက်ချနဲ့ ယုံထားဖို့ပဲလိုပါတယ်။

စစ်ကိုင်းအိုး – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ

ဒီတစ်ပတ် ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ “စစ်ကိုင်းအိုး” ဆိုတဲ့နာမည်နဲ့ ဟာသဇာတ်လမ်းတိုတစ်ပုဒ်ကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ချစ်ခြင်းမေတ္တာကို တောင်းခံတဲ့နေရာမှာ အခုလို လိင်မှုဆိုင်ရာ အသုံးအနှုန်းတွေကို သုံးစွဲတာ၊ ပြုမှုပြောဆိုတာတွေဟာ အမျိုးသမီးတွေကို လေးစားမှုမရှိရာရောက်ပါတယ်။ ဒီလိုအပြောခံရတာဟာ အမျိုးသမီးတွေအတွက် အင်မတန် စိတ်အနှောက်အယှက်ဖြစ်ရတဲ့ ကိစ္စမျိုးဖြစ်ပြီး အိန္ဒြေပျက်စေတဲ့အတွက် ရိုင်းစိုင်းတဲ့ အပြုအမူတွေလို့ ဆိုရမှာပါ။

ခေတ်စနစ်ဆိုးထဲ စိတ်ကျန်းမာဖို့ ရုန်းကန်နေရသူတွေ

ဒေဝီ ကလေးငယ်တွေကြုံရတတ်တဲ့ စိတ်ဖိစီးမှုတွေ လျော့ပါးသက်သာစေဖို့ရည်ရွယ်တဲ့ Mental Playdate စိတ်ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပွဲတခုကို သားသည်မိခင်တဦးဖြစ်တဲ့ မစုစုတယောက်မမျှော်လင့်ပဲ တက်ရောက်ခွင့် ရခဲ့ပါတယ်။ ကလေးတွေအတွက်တင်မက မိဘတွေလည်း ပါဝင်ဆွေးနွေးကြရတဲ့ အဲဒီအစီအစဉ်မှာ နှစ်သိမ့်ဆွေးနွေးပေးနေသူက လက်တလော ကိုယ်ခံစားရတဲ့ အခြေအနေကို သရုပ်ဖော်ပုံတခုခု ရေးဆွဲဖို့ ပြောလိုက်တဲ့အခါ  အဖြူရောင် စာရွက်လေးတရွက်ပေါ်မှာ အမည်းရောင်မိုးတိမ်တွေကနေ မိုးရွာသွန်းနေတဲ့ သရုပ်ဖော်ပုံကို ရေးဆွဲနေရင်း မစုစု စိတ်ထဲ အလိုလိုဝမ်းနည်းလာပါတယ်။ စိတ်တိုင်းကျ‌ရေးဆွဲပြီးချိန်မှာ အစီအစဉ်ဦးဆောင်သူက ရေးဆွဲထားကြတဲ့ သရုပ်ဖော်ပုံအကြောင်းကို ပြန်ပြောပြခိုင်းတဲ့ အခါ တက်ရောက်လာတဲ့ မိခင်တွေ၊ ဖခင်တွေဟာ သူတို့စိတ်ထဲခံစားရတာတွေကို ရင်ဖွင့်ကြပါတယ်။ အများစုဟာလည်း အာဏာသိမ်းပြီးနောက်ပိုင်းကြုံရတဲ့ နောက်ဆက်တွဲလူမှုပြသနာတွေလို့ဆိုရမယ့် စီးပွားရေးအဆင်မပြေမှု၊ အလုပ်အကိုင်မတည်မြဲမှု၊ အိမ်ထောင်ရေးအဆင်မပြေမှု၊ သားသမီး ပညာရေးစိုးရိမ်ရမှုနဲ့ ထိန်းသိမ်းစောင့်ရှောက်ရမှုတွေက စိတ်မှာဖိအားသဖွယ် ကြုံတွေ့နေရတာကို မစုစုတယောက် […]

တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဒေဝီ စုစည်းတင်ဆက်သည်။ နိုဝင်ဘာ ၈ ရက်ကနေ ၁၄ ရက်နေ့အထိ တပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က စုစည်းဖော်ပြလိုက်ပါတယ်။ ယခုတပတ်တာ အမျိုးသမီးဖြစ်ရပ်တွေထဲမှာ HI က ဆွေးနွေးလိုတဲ့ သတင်းတခုကတော့ ရခိုင်ပြည်၊ မောင်တော မြို့ထဲမှာ တောင်းရမ်းတဲ့ အမျိုးသမီးနှင့် ကလေးငယ်တွေ တွေ့ရပိုများလာတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ စစ်ရေးပြင်းထန်လာခဲ့တာ ၂နှစ်တာကာလရှိပြီဖြစ်တဲ့  ရခိုင်ပြည်မှာ နေရပ်စွန့်ခွာသူ ၆သိန်းနီးပါးရှိနေပြီး၊ စစ်ဘေးသင့်ပြည်သူတွေမှာ အကူအညီ မရသလောက် ရှိနေတဲ့အပြင် အလုပ်အကိုင်ရှားပါးတာ၊ ကုန်စည်စီးဆင်းမှု နှေးကွေးတာ၊ ကုန်စျေးနှုန်းမြင့်မားတာတွေကြောင့် ဒေသခံတွေဟာ စားဝတ်နေရေး အကြပ်အတည်းတွေကို အဆိုးရွားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရသလို ခင်ပွန်းမရှိတဲ့ချိန် ကျန်နေခဲ့တဲ့ အမျိုးသမီး၊ ကလေးနဲ့ […]

အမျိုးသမီးသတင်းစာဆရာတချို့ရဲ့အတွေ့အကြုံနဲ့ ခံယူချက်

ဒီတပတ် ပေါ့ကတ်အစီအစဉ်မှာတော့ “အာဏာသိမ်းမှုနောက်ပိုင်း  ရပ်တည်ရေး၊ လုံခြုံရေး အခက်အခဲအမျိုးမျိုး ကြားမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် ဘယ်လို ယုံကြည်ချက်တွေ၊ ဇွဲနဘဲတွေနဲ့ ရှေ့ဆက်နေကြသလဲ ဆိုတဲ့အပေါ် အမျိုးသမီးသတင်းစာဆရာတချို့ရဲ့အတွေ့အကြုံနဲ့ ခံယူချက်”တွေကို  မေးမြန်းစုစည်းတင်ဆက်လိုက်ပါတယ်။

ဟာသဇာတ်လမ်းတို – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ

ဒီတစ်ပတ်ရဲ့ ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ အစီအစဉ်မှာတော့ ဟာသပုံစံရိုက်ကူးထားတဲ့ ဇာတ်လမ်းတိုတခုကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ပုံပန်းသွင်ပြင်ကို လိင်ပိုင်းဆိုင်ရာအရကြည့်ပြီး တင်ပါးက ဘယ်လို၊ ရင်သားက ဘယ်လို၊ အပျိုဆိုရင် ဘယ်လို ဆိုတာမျိုးတွေ ဆုံးဖြတ်ကြတယ်ဆိုကတည်းက အကြည့်နဲ့တင် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားနှောင့်ယှက်မှုဖြစ်နေပါပြီ။

မောင်တောမြို့ထဲမှာ တောင်းရမ်းတဲ့ အမျိုးသမီးနှင့် ကလေးငယ်တွေ တွေ့ရ ပိုများလာ

သန့်ရှင်းထွန်း မောင်တော၊ နိုဝင်ဘာ ၁၁၊ ၂၀၂၅။ ရခိုင်ပြည်မှာ အထွေအထွေအကျပ်အတည်းနှင့် ပဋိပက္ခ၊ တိုက်ပွဲဒဏ်တွေကို အများဆုံး ခံခဲ့ရတဲ့ မောင်တော နယ်စပ်ဒေသက မြို့တွင်းဈေးဆိုင်တွေမှာ တောင်းရမ်းတဲ့ မွတ်စလင်အမျိုးသမီးနှင့် ကလေးငယ်တွေ ပိုများလာတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အဲဒီ မွတ်စလင်အမျိုးသမီးတွေထဲမှာ သက်လတ်ပိုင်းအရွယ် ကလေးအမေ၊ သက်ကြီးပိုင်းနှင့် အသက် ၆ နှစ်ကနေ ၁၀ နှစ်ကြား ကလေးငယ်တွေ ပိုများတာကို တွေ့ရတယ်လို့ ဆောက်လုပ်ရေးသုံးပစ္စည်း အရောင်းဆိုင်သည် တဦးက ပြောပါတယ်။ “မောင်တောတိုက်ပွဲအတွင်းမှာ လင်ယောကျ်ားသေသွားတဲ အမျိုးသမီးတွေများတယ်၊ ကလေးတွေဆိုရင်လည်း အဖေမရှိတဲ့ ကလေးတွေဖြစ်တယ်၊ တချို့က အဖေ အမေရှိပေမယ့် အလုပ်မလုပ်နိုင်တဲ့သူတွေဖြစ်တယ်၊ နိုင်ငံရေး မငြိမ်မသက်ဖြစ်ပြီး အလုပ်လည်း မရှိဆိုတော့ တောင်းရမ်းကြတာပေါ့”လို့ အထက်ပါ ဆိုင်သည်က […]

ပုခက်လွှဲတဲ့ဖေဖေနဲ့ ထမင်းစားပွဲနောက်ကွယ်က မျှတတဲ့တာဝန်

သန့်ရှင်းထွန်း ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာပြည်က ပဋိပက္ခဒေသတိုင်းမှာ မိသားစုတိုင်းအတွက် စားဝတ်နေရေးနဲ့ ရှင်သန်ရပ်တည်ရေးသာမက အိမ်ထဲကအိမ်တွင်းမှုအလုပ်တွေဟာ တကယ်ခက်ခဲတဲ့ တာဝန်တွေ လို့ဆိုရမှာပါ။   ဒီလိုအချိန်မှာ အိမ်မှုအလုပ်တွေကို မိန်းမတွေမှာသာ တာဝန်ရှိတယ်ဆိုတဲ့ အယူအဆဟောင်းကို ဆန့်ကျင်သူ အမျိုးသားတယောက် ရှိနေပါတယ်။ သူကတော့ ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်ဗလကျေးရွာက အသက် ၃၂ နှစ်အရွယ် ကိုကျော်လှိုင် ဖြစ်ပြီး တော့ သူအိမ်ထောင်ပြုခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်ကနေ အခုအချိန်ထိ အိမ်မှုအလုပ်တွေဖြစ်တဲ့ ထမင်းချက်တာ၊ အဝတ်လျှော်တာ ကလေးထိန်းတာတွေကို တာဝန်တခုအဖြစ် သတ်မှတ်ပြီး တက်တက်ကြွကြွ လုပ်လာခဲ့သူ ဖြစ်ပါတယ်။ လက်ရှိ ကိုကျော်လှိုင်မှာ အသက် ၂ နှစ်ကျော်အရွယ် သမီးလေးတဦးရှိပြီး၊ ဇနီးသည်ရဲ့ အလုပ်ထဲမှာလည်း နိုင်တဲ့ဘက်က ကူညီပေးတဲ့ အိမ်ထောင်ရှင်အမျိုးသားတဦး ဖြစ်ပါတယ်။ […]

တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ (နိုဝင်ဘာ ၂ ရက်နေ့ကနေ ၇ ရက်အတွင်း )

နိုဝင်ဘာ ၂ ရက်နေ့ကနေ ၇ ရက်အတွင်း တပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲကမှ ထူးခြားတဲ့အကြောင်း အရာတွေ ကို HI – Honest Information က စုစည်းဖော်ပြပေးလိုက်ပါတယ်။