Entries by webmaster

မယားကျွန် – ဖျော်ဖြေရေး ကဏ္ဍထဲက ဂျဲန်ဒါ

ဒီတစ်ပတ် ဖျော်ဖြေရေး ကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ “မယားကျွန်” ဇာတ်လမ်းတွဲထဲမှာ ပါဝင်တဲ့ ဇာတ်၀င်ခန်းတစ်ချို့ကို  ဂျဲန်ဒါရှုထောင့်ကနေ ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ ဖိုဝါဒကြီးစိုးတဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အရ အိမ်ထောင်ကျသွားတဲ့ အမျိုးသမီးကို အိမ်ထောင်ဘက်အမျိုးသားနဲ့ သူ့ရဲ့မိသားစုက ပိုင်ဆိုင်တယ်၊ ဒီလိုလုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ အတွေးအခေါ်တွေက ကျမတို့ရဲ့ လူမှုပတ်ဝန်းကျင်မှာ အသားကျနေတာဖြစ်ပါ တယ်။ ဒါတွေက ဂျန်ဒါရှုထောင့်ကနေ ကြည့်မယ်ဆိုရင် လုံးဝ မှားယွင်းနေတဲ့ အတွေးအခေါ်နဲ့ ကျင့်သုံးမှုတွေ ဖြစ်ပါတယ်။

တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ခင်ဘုန်းမို့ စုစည်းတင်ဆက်သည်။ နိုဝင်ဘာလ ၂၂ ရက်ကနေ ၂၈ ရက်အတွင်း တပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI – Honest Information က စုစည်းဖော်ပြပေးလိုက်ပါတယ်။  ဒီတပတ်ထဲ အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ ထူးခြားဖြစ်စဉ်တွေထဲကမှ ထူးထူးခြားခြား အဖြစ်ဆုံးကတော့ သတင်းဓာတ်ပုံတပုံပါပဲ။   ဒီတပတ်မှာ ၅၀၅(က)နဲ့ပြစ်ဒဏ်ကျခံနေရသူတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ လွတ်ငြိမ်းချမ်းသာအမိန့်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့ကြပါတယ်။ အကျဉ်းထောင်ရှေ့က လွတ်မြောက်လာသူတွေရဲ့ ပုံရိပ်တွေကို သတင်းမီဒီယာတွေက ဖော်ပြကြရာမှာ နှာခေါင်းပိုက်တပ်ထားပြီး ခန္ဓာကိုယ်ပိန်လှီနေတဲ့  မကျန်းမာသူ အမျိုးသမီးကြီးတဦးနဲ့ သားဖြစ်သူလို့ထင်ရတဲ့ အမျိုးသားတဦးတို့ ရဲ့ ပုံရိပ်ဟာ လူထုရဲ့ စိတ်နှလုံးကို လှုပ်ခတ်စေခဲ့ပါတယ်။ မူလအစက ဒီသတင်းဓာတ်ပုံဟာ အကျဉ်းကျနေတဲ့ သားဖြစ်သူကို မိခင်က လာရောက်ကြိုဆိုတာလို့ စာဖတ်သူတွေက ထင်ခဲ့ကြပေမယ့် တကယ်တမ်းက အမျိုးသမီးကြီးကိုယ်တိုင်လည်း စစ်အုပ်စုရဲ့ ဖမ်းဆီးထောင်ချခံရခြင်းကနေ […]

ကရင်နီပြည်သူအမျိုးသမီးတဦးနဲ့ တော်လှန်ရေးရဲဘော်တဦးရဲ့ ပဋိပက္ခ ပြေလည်ခြင်းမရှိသေး

တင်စိုး(အညာမြေ) ကရင်နီပြည်နယ်၊ လွိုင်နန်းဖမြို့နယ်၊ ဒေါတဝီကျေးရွာမှာ ကရင်နီပြည်သူ အမျိုးသမီးကို နေပြည်တော် PDF ရဲ့ စစ်ထောက်ချုပ်က သေနတ်နဲ့ချိန်ပြီး ရိုက်နှက်ညှဉ်းပမ်းခဲ့တယ်လို့ တိုင်ကြားခံထားရတဲ့ ဖြစ်စဉ်ကို ယနေ့တပတ်ကျော်ကြာတဲ့အထိ ပြေလည်အောင် ဖြေရှင်းပေးနိုင်တာ မရှိသေးဘူးလို့ ကာယကံရှင်အမျိုးသမီး အပါအဝင် မြေပြင် သတင်းရင်းမြစ်တွေဆီက စုံစမ်းသိရှိရပါတယ်။ နိုဝင်ဘာ ၂၀ရက်နေ့က တိုင်ကြားထားတဲ့ အဲဒီဖြစ်စဉ်မှာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူဟာ အရေးယူခံရတာမျိုးမရှိဘဲ လွတ်နေသေးသောကြောင့် လုံခြုံရေးအရ စိုးရိမ်တယ်လို့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တိုင်ကြားထားတဲ့ မသန္တာအောင်က ပြောပါတယ်။ မျက်မြင်တွေ့ရှိတဲ့ မြေပြင်သတင်းရင်းမြစ်တဦးက “သူကတော့ ပုံမှန်အတိုင်းပဲ မနက်ကျရင် လက်ဖက်ရည်ထွက်သောက်၊ မုန့်စား သွားနေတာ၊ အပြင်မှာဆိုလည်း ဘာမှ မဖြစ်ခဲ့သလိုပဲ လျှောက်သွားနေတာ”လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ ည […]

ရွေးကောက်ပွဲအောင်မြင်ဖို့အတွက်ပြည်တွင်းနေသူတွေကို ဖိအားပေးနေတဲ့အပေါ် ပြည်သူတချို့ရဲ့စိုးရိမ်ပူပန်မှု

စစ်အုပ်စုဟာ ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားတယ်ဆိုတဲ့ စွဲချက်တွေနဲ့ လူပေါင်း ၁၀၀ နီးပါးကို ဖမ်းဆီးထားသလို၊ ရွေးကောက်ပွဲအောင်မြင်ဖို့အတွက် ပြည်တွင်းနေသူတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ဖိအားပေးနေတဲ့အပေါ် ပြည်သူတချို့ရဲ့ အမြင်နဲ့ စိုးရိမ်ပူပန်မှု

အောင်အောင်မြင်မြင် ကောက်ရိတ်သိမ်းနေတဲ့ ကယောစစ်ရှောင်တွေ

ကျမတို့ နေရပ်ကနေ ပြေးလာခဲ့ရပေမယ့်၊ ဒီမှာ အလုပ်လုပ်ခွင့်ရတယ်၊ မိသားစုဝမ်းရေးအတွက် ဖူလုံအောင် စိုက်ပျိုးနိုင်ခဲ့တယ်၊ ဒါက ဘယ်အရာနဲ့မှ မလဲနိုင်တဲ့ စိတ်ချမ်းသာမှုပဲ

မိန်းမမြတ် – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ

ဒီတစ်ပတ် ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ “မိန်းမမြတ်” ဆိုတဲ့ ဟာသဇာတ်လမ်းတိုကို ဂျဲန်ဒါရှု့ထောင့်ကနေ ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။ 💢 ကျမတို့လူမှုအဖွဲ့အစည်းက ဖန်တီးသတ်မှတ်ချက်တွေဖြစ်တဲ့ “မိန်းမကောင်းမိန်းမမြတ်” ”ယောကျ်ားကောင်း ယောကျ်ားမြတ်”စတဲ့စံနှုန်းသတ်မှတ်ချက်တွေဟာ မိသားစုထဲမှာ၊ စာသင်ကျောင်းတွေကစ နောက်ဆုံး လုပ်ငန်းခွင်တွေအထိပါ သက်ရောက်လွှမ်းမိုးနေပါတယ်။ ဒီလိုလွှမ်းမိုးမှုတွေကြောင့်ပဲ မလိုလားအပ်တဲ့ အပြစ်တင်ဝေဖန်မှုတွေ၊ ကဲ့ရဲ့ရှုတ်ချမှု တွေဟာ လူတွေရဲ့နေ့စဉ်ဘဝတွေကို မတည်ငြိမ်အောင် အနှောက်အယှက်ပြုနေတတ်တာကို သတိထားကြ ရပါမယ်။ စားဝတ်နေရေး၊ ဘဝရပ်တည်ရေးအတွက် ရုန်းကန်တိုက်ပွဲဝင်နေကြရတာ ပင်ပန်းရတဲ့ကြားထဲ ဒီလို ဂျဲန်ဒါခွဲခြားမှုတွေကြောင့် လူနေမှုဘဝတွေ ပိုပြီးကျဉ်းမြောင်းကြပ်တည်းလာတာမျိုး မဖြစ်စေဖို့ လိုပါတယ်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ပဟေဠိ အဖြေမှန်က ဘာတွေဖြစ်မလဲ?

အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့မှာတော့ “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့” နဲ့ ပတ်သက်တဲ့ ဗဟုသုတရစရာ မေးခွန်းလေးတွေကို အတူတူ ဖြေကြည့်ကြမယ်။ ဗီဒိယိုလေးကိုကြည့်ပြီး ကိုယ်တိုင် ✅ အဖြေမှန် ဘယ်နှစ်ခုဖြေနိုင်လဲဆိုတာ စမ်းသပ်ဖြေဆိုကြည့်လိုက်ရအောင်။ အဖြေမှန်တွေကိုလည်း ဗီဒိယိုထဲမှာ တိုက်ဆိုင်စစ်ဆေးလို့ရပါတယ်။

လခြမ်းမြေက တိတ်ဆိတ်နေတဲ့ အသံတွေ

“သင်တန်းကွင်းထဲကိုဝင်တာနဲ့ ရိုက်တာပဲ၊
ဘာအကြောင်းပြချက်မှမရှိဘူး၊ သင်တန်းဆရာ/မတွေက ဆဲတယ်၊ ကြိမ်းမောင်းတယ်၊ အခန့်မသင့်ရင် ရိုက်တယ်၊ တခုခုမှားရင် တဖွဲ့လုံးအရိုက်ခံရတယ်”

ပလက်ဝမြို့နယ်မှာ အသက်မပြည့်သေးသူကို ၃ကြိမ်တိုင် အဓမ္မပြုကျင့်ပြီး ထွက်ပြေးနေတဲ့ အမျိုးသား ဖမ်းမိ

သန့်ရှင်းထွန်းမောင်တော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒလက်ကိုင်းကအသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်တယောက်ကို ၃ကြိမ်တိုင် အဓမ္မပြုကျင့်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသားကို အာရက္ခတပ်တော်(AA)ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးဌာနက (DLEPS) ၁၀ရက်အကြာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။ ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူဟာ အသက် ၄၆ နှစ်အရွယ် ဦးထွန်းလှိုင်ဆိုသူဖြစ်ပြီး နိုဝင်ဘာလ ၉ ရက်နေ့က ရွာထဲမှာလမ်းလျှောက်နေတဲ့ မိန်းကလေးငယ်ကို ရွာမြောက်ဘက်တောစပ်ကို အတင်းဆွဲခေါ်ပြီး ၃ကြိမ်တိုင် အဓမ္မပြုကျင့်ခဲ့တာလို့ မိန်းကလေးငယ်ရဲ့ မိသားစုဝင်တဦးက HI – Honest Information ကို ပြောပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးအရေးယူဖို့ အာရက္ခတပ်တော်(AA)ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးဌာနကို တိုင်တန်းခဲ့ပေမယ့် ဦးထွန်းလှိုင်ဟာ ထွက်ပြေးတိမ်းရှောင်နေခဲ့တယ်လို့ DLEP ရဲ့ မှတ်တမ်းတွေမှာ ရေးသားထားပါတယ်။ ဒါပေမယ့် […]