Entries by webmaster

အပြည်ပြည်ဆိုင်ရာ မိန်းကလေးငယ်များနေ့ ဉာဏ်စမ်းပဟေဠိ အဖြေညှိ

အပြည်ပြည်ဆိုင်ရာ မိန်းကလေးငယ်များနေ့ ဉာဏ်စမ်းပဟေဠိ အဖြေညှိ ✨ 🎉 အပြည်ပြည်ဆိုင်ရာ မိန်းကလေးငယ်များနေ့ (International Day of Girl Child) ဉာဏ်စမ်းပဟေဠိဖြေဆိုကြည့်ရင်း အဖြေညှိရင်း လိုက်ကြပါစို့ 🎉

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအပေါ် အမျိုးသမီးတွေက ဘယ်လိုမြင်သလဲ

ခင်ဘုန်းမို့ စုစည်းတင်ဆက်သည်။ တိုင်းပြည်အာဏာကို မတရားသိမ်းယူခဲ့တဲ့စစ်တပ်ဟာ အာဏာသိမ်းပြီး ၄နှစ်ကျော်အကြာမှာ ရွေးကောက်ပွဲပြုလုပ်မယ်လို့ ကြေညာခဲ့တဲ့အတိုင်း လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲဖြစ်မြောက်ဖို့ အစီအစဉ်ချ လုပ်ဆောင်နေပါတယ်။စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မတူညီတဲ့နယ်ပယ်၊ မတူညီတဲ့ ဒေသတွေက မြန်မာ အမျိုးသမီးတွေရဲ့အမြင်တွေကို HI – Honest Information က မေးမြန်းစုစည်း တင်ဆက်လိုက်ပါတယ်။ မပန်းနွယ်ရှမ်းပြည်မြောက်ပိုင်းဈေးရောင်းဈေးဝယ်စစ်တပ်က ရွေးကောက်ပွဲလုပ်ဖို့ ကျွန်တော်တို့လို ပြည်သူ ပြည်သားတွေက သေကြေပျက်စီးနေရတယ်။ မြို့နေလူထုရော၊ ကျေးတောရွာနေ လူထုရော။ အဆိုးဆုံးကတော့ ကျေးတောရွာလူစုတွေက သူတို့ပိုင်နက်ထဲ မရှိတဲ့အခါ လေယာဉ်ပျံ‌တွေရဲ့ ပေါင်အားတွေက မိုးရွာသလိုရွာပြီး ကျွန်တော်တို့ ဘဝတွေက စုတ်ပြတ်သွားတယ်။ သူတို့က သူတို့ပန်းတိုင်ကို ရောက်ဖို့ကြိုးစားလေ ဆုံးရှုံးသွားတဲ့ ပြည်သူ့အသက်တွေ ပိုပိုများလာလေပဲ လို့မြင်ပါတယ်။စစ်ကောင်စီက မှန်ကန်နေတဲ့ရွေးကောက်ပွဲရလဒ်ကို မဲခိုးတယ်ဆိုပြီးစွပ်စွဲတဲ့ စကား၊ သေသွားတဲ့ […]

 မောင်တောနယ်စပ်မှာ ARSA က အမျိုးသမီးတွေကို ဖမ်းဆီး သတ်ဖြတ်မှုတွေ ပြုလုပ်နေ

သန့်ရှင်းထွန်း (မောင်တော) အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်မှာ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော်(ARSA)အဖွဲ့က အမျိုးသမီးတွေကိုပါ ဖမ်းဆီးသတ်ဖြတ် ဖမ်းဆီးမှုတွေ ရက်ဆက် ပြုလုပ်နေတဲ့အတွက် မလုံခြုံမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံ အမျိုးသမီးတွေဆီက စုံစမ်းသိရှိရ ပါတယ်။ မောင်တောနယ်စပ်မှာ ARSA အဖွဲ့က ခရီးသွားလာနေတဲ့ ပြည်သူတွေကို ခြုံခိုတိုက်ခိုက်တာ၊ သတ်ဖြတ်တာတွေ အရင်ကတည်းက ပြုလုပ်ခဲ့သလို၊ အခွင့်သာရင်သာသလို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ခဲ့ပြီး၊ မောင်တောမြို့သိမ်း တိုက်ပွဲတုန်းကလည်း စစ်ကောင်စီဘက်ကနေ ဝင်တိုက်ပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေက HI – Honest Information ကို ပြောပါတယ်။ မောင်တောမြို့နယ်ကင်းချောင်းကျေးရွာက အသက် ၂၇ နှစ်အရွယ် မခင်နှင်းထွေးက “နယ်စပ်လုံခြုံရေးက တရက်ထက်တရက် ပိုပြီးကြောက်စရာကောင်းလာတယ်၊ တနေရာနဲ့တနေရာ သွားဖို့တောင် မသွားရဲတော့ဘူး၊ အဓိက အမျိုးသမီးတွေရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးက မလွယ်တော့ဘူး” လို့ […]

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဘာတွေဖြစ်နေလဲ – ဒို့အတွေး ဒို့အမြင် (အပိုင်း ၁ + ၂)

အကြမ်းဖက် စစ်တပ်ကနေမှ စီစဉ်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဘာတွေဖြစ်နေလဲ ဘယ်လိုအခြေအနေတွေ ရောက်နေပြီလဲ။ ဘယ်လိုပုံစံမျိုးနဲ့ အကြမ်းဖက် စစ်တပ်က နိုင်ငံရေးအာဏာကို သူတို့ရဲ့ ထိန်းချုပ်မှု အောက်ကနေ အပြည့်အဝ ရှိစေဖို့အတွက်ကို ဘယ်လိုတွေ ဘယ်လိုစီမံထားသလဲ။ တော်လှန်ရေး အင်အားစုတွေကလည်း ဘယ်လိုမျိုး စုစည်းမှုတွေနဲ့ နိုင်ငံရေးအရ အောင်နိုင်မှုတွေ၊ စစ်ရေးအရ အောင်နိုင်မှုတွေ လုပ်ဆောင်နေတာမျိုး ရှိနေသလဲ ဆိုတာကို ဆွေးနွေးထားတဲ့ ဒို့အတွေး ဒို့အမြင် (အပိုင်း – ၁) အကြမ်းဖက်စစ်တပ်က သူ့ရဲ့လမ်းပြမြေပုံအတိုင်း စီစဉ်ဆောင်ရွက်တဲ့နေရာမှာ ပိုပြီးတော့အစီအစဉ်တကျ၊ လက်တွေ့ကျကျနဲ့သွားနေတဲ့ပုံစံတစ်ခု မြင်သာနေတယ်။ ဒါပေမယ့် တော်လှန်ရေးအင်အားစုတွေဖက်က ဘာတွေစီစဉ်နေသလဲဆိုတာကို ကျမတို့က ပိုပြီးစိတ်ဝင်စားတယ်။ ဆိုတော့ ဒီနှစ်ကုန်မှာ တခုခုကြေညာနိုင်မလား၊ သို့မဟုတ် အကြမ်းဖက်စစ်တပ်ဦးဆောင်တဲ့ရွေးကောက်ပွဲမတိုင်ခင်မှာ တခုခုဖြစ်လာမလား၊ ဒါကိုတော့ တော်လှန်ရေးအင်အားစုတွေက […]

စစ်ဇုန်ပြင်ပ ခေတ်ကြပ်ထဲမှာ

မိခင်နို့ အစားထိုးဖြည့်စွက်နို့မှုန့်တွေ၊ ဒိုင်ဘာတွေနဲ့ သရေစာမုန့်တွေက အာဏာမသိမ်းခင် ကာလထက် ၃ဆကျော်၊ ၄ဆအထထိ မြင့်တက်လာတယ်။ အရင်က တသောင်းစွန်းစွန်းတန် ဖြည့်စွက်နို့မှုန့် တောင် လက်ရှိချိန်မှာ ၅သောင်းကျော်ရှိသလို၊ အာဏာမသိမ်းခင်က ၅ထောင်၊ ၆ထောင်ဝန်းကျင်ရှိတဲ့ ကလေးဒိုင်ဘာဆိုလည်း တသောင်းခွဲ၊ ၂သောင်းနီးပါး ဖြစ်လာတယ်။

ဖိုဝါဒကြီးစိုးတဲ့မြန်မာပြည်က အမျိုးသမီးလွှတ်တော်အမတ်တဦး                  

“အသက်ငယ်တဲ့အပြင် အမျိုးသမီးတဦးအနေနဲ့ ရှေးရိုးစွဲအယူအဆတွေ၊ အမျိုးသမီးဖြစ်မှုအပေါ် ခွဲခြား ဆက်ဆံမှုတွေ စတဲ့အတားအဆီးတွေကို ကျော်ဖြတ်ခဲ့ရတယ်”

တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) တည်ထောင်ခြင်း ၂၅နှစ်ပြည့် အခမ်းအနား ကျင်းပ

HI – Honest Information မြန်မာနိုင်ငံ ရှမ်းမြောက်ဒေသတွင် အခြေချကာ အမျိုးသမီးအရေး ဆောင်ရွက်လျှက်ရှိသည့် တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO)၏ ငွေရတုအခမ်းအနားကို အောက်တိုဘာ ၁၄ ရက်တွင် အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်ခဲ့ပြီး လက်ရှိနိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် တစောင် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်အားလုံးကို အမြစ်ဖြတ်ရေးအတွက် တော်လှန် တိုက်ပွဲဝင်မည်ဖြစ် ပြီး ဖိုဝါဒကြီးစိုးရေးကို ဦးတည်သည့် မည်သည့်အဖွဲ့အစည်း လှုပ်ရှားမှုမျိုးကိုမဆို တော်လှန် သွားမည်ဟု ဖော်ပြထားသည်။ အလားတူ နိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချမှတ်သည့် အဆင့်တိုင်းတွင် အမျိုးသမီးများ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး၊ အမျိုးသမီးစွမ်းရည်မြှင့်တင် ရေးနှင့် […]