တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
ဒီဇင်ဘာ ၂၀ ရက်ကနေ၂၆ ရက်နေ့အထိတစ်ပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က စုစည်းဖော်ပြလိုက်ပါတယ်။ ဒီတပတ် အမျိုးသမီးသတင်းတွေထဲ လူထုကြားဝေဖန်မှုများတဲ့ သတင်းတပုဒ်ကတော့ ဝန်ထမ်းဟောင်းများကို NUG ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာက စွဲချက် ၆ ချက်ဖြင့် ပြန်တိုင်ဆိုတဲ့ သတင်းပါ။ နိုင်ငံတကာအလှုငွေတွေကို ကိုယ်ကျိုးစီးပွားအတွက် သုံးစွဲမှု၊ ဝန်ထမ်းတွေအပေါ်ဖိနှိပ်မှုတို့ဖြင့် တိုင်ကြားခံထားရတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာက သူ့ကို တိုင်ကြားခဲ့တဲ့ ဝန်ထမ်းဟောင်း ၁၂ ဦးကို အစိုးရလျှို့ဝှက်ချက်များကို ပေါက်ကြားစေခဲ့ခြင်း၊ NUG ကို အကြည်ညိုပျက်အောင်ပြုခြင်း ဆိုတဲ့ စွဲချက် ၆ချက်ဖြင့် ပြန်တိုင်ကြားခဲ့မှုက လူထုကြား ဝေဖန်ပြောဆိုစရာ ဖြစ်ခဲ့ပါတယ်။ ဒေါ်ကြည်ပြာအပေါ် […]


