လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအကြောင်း Honest Information၏ Thubnail ပုံ

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု

မင်္ဂလာပါရှင်.. မှတ်သားစရာ အသိပညာအစီအစဉ်မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ကျွန်မတို့ လူမှုအဖွဲ့အစည်းမှာ မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုကတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ Conflict-related sexual violence ‘CRSV’ လို့ခေါ်တဲ့ ‘ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု’ ကြား ဘာတွေကွာခြားလဲဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ ဒီနှစ်ခုက ဘာတွေကွာခြားသလဲ၊ ဘာကြောင့် သိထားဖို့အရေးကြီးသလဲဆိုတာကို ဆွေးနွေးပြောပြသွားမှာ ဖြစ်ပါတယ်။ နောက်ထပ် ဗီဒီယိုမှာလည်း GBV နဲ့ CRSV ရဲ့ ကွာခြားချက်ကို ဆက်လက်ဆွေးနွေးပေးသွားမှာမို့ ဆက်ပြီးစောင့်မျှော်ပေးကြပါအုံးနော်။