“အမျိုးသမီးငယ်တွေပညာသင်ယူခွင့်ဆုံးရှုံးရင်တိုင်းပြည်ကဘာတွေဆုံးရှုံးရမလဲ”
“အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ ပညာသင်ယူခွင့်ကို ကာကွယ်ပေးတယ်ဆိုတာ ကျား၊ မ တန်းတူညီမျှရေးအတွက်တင်မဟုတ်ဘူး၊ နိုင်ငံဖွံ့ဖြိုးတိုးရေးအတွက်လည်း တကယ်ကို အရေးကြီးပြီးတော့ မဖြစ်မနေလိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတခုလို့ မြင်ပါတယ် ”
🔳 ဒီတပတ်ပေါ့ကတ်အစီအစဉ်မှာတော့ ယခုနှစ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ချိန်မှာအကြောင်းအမျိုးမျိုးကြောင့် ကျောင်းပရဝဏ်ကို စွန့်ခွာပြီး အခြေခံ ပညာသင်ယူခွင့် ဆုံးရှုံးနေသူ ၆ ဒသမ ၃ သန်းကျော်ထိ ရှိနေဆဲဖြစ်တယ်လို့ (ISP-Myanmar) ကထုတ်ပြန်ထားပါတယ်။
ဒီလိုမျိုးပညာသင်ယူခွင့်ဆုံးရှုံးမှုတွေက အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိနိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး ပညာရေးအဝန်းအဝိုင်းက ပြည်သူတွေရဲ့အမြင်ကိုမေးမြန်းထားပါတယ်။











