စစ်ဇုန်ပြင်ပမှာလည်း မလုံခြုံတဲ့ ကလေးဘဝတွေ
ကျောင်းတွေ၊ ဘော်ဒါဆောင်တွေမှာ သင်ကြားပေးသူတွေရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ၊ ကျောင်းသားအချင်းချင်းကျူးလွန်တဲ့ ဖြစ်စဉ်တွေ ပိုမိုပေါ်ထွက်လာတဲ့အခါ မိဘတွေအတွက် စိတ်ချလက်ချထားဖို့ ပိုခက်ခဲလာနေပါတယ်။
ဒါနဲ့ပတ်သက်ပြီး မကေက “တနေ့တခြား ဆိုးရွားဆုတ်ယုတ်လာတဲ့ လူမှုအဖွဲ့အစည်းမှာ ကြီးပြင်းလာရမယ့် ကလေးတွေ အတွက် အရမ်းကိုစိုးရိမ်မိတယ်” လို့ ပြောပါတယ်။
ဒီနေ့မှာ သောတရှင်တွေနားဆင်နိုင်ဖို့ ရွေးချယ်ထုတ်လွှင့်ပေးမယ့် ဆောင်းပါးတပုဒ်ကတော့ “ ၂၀၂၆ ၊ ဇွန်လ ၂၆ ရက်က ရေးသားဖော်ပြခဲ့ဖူးတဲ့ ပြင်ပဆောင်းပါးရှင် ယုဇနကိုကိုနဲ့ ဒေဝီတို့ရဲ့ “စစ်ဇုန်ပြင်ပမှာလည်း မလုံခြုံတဲ့ ကလေးဘဝတွေ” ဆိုတဲ့ ဆောင်းပါး တပုဒ်ပဲ ဖြစ်ပါတယ်။











