Home သတင်း ဖမ်းဆီးခံ ဒေါ်ညိုအေးကို ဆေးရုံကုသခွင့်မပေးခြင်းက လူ့အခွင့်အရေးချိုးဖောက်မှုဟုဆို

ဖမ်းဆီးခံ ဒေါ်ညိုအေးကို ဆေးရုံကုသခွင့်မပေးခြင်းက လူ့အခွင့်အရေးချိုးဖောက်မှုဟုဆို

ရှင်ငြိမ်း

စက်တင်ဘာ ၂၂၊ ၂၀၂၃။

နိုင်ငံတော် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ – ၅၀၅ (ခ)ဖြင့် အမှုဖွင့်ခံထားရသည့် ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညို အေးအား ဆရာဝန်များ၏ ညွှန်ကြားချက်အတိုင်း ဆေးကုသခွင့်မပေးခြင်းက လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ကြောင်း လူ့အခွင့် အရေးတက်ကြွလှုပ်ရှားသူများနှင့် တရားလွှတ်တော်ရှေ့နေများက ထောက်ပြသည်။

ဒေါ်ညိုအေးသည် ပြီးခဲ့သည့်စက်တင်ဘာလ ၁၈ရက် ရုံးချိန်းလာရောက်စဉ် တရားခွင်ထဲ မူးလဲသွားခဲ့ခြင်းဖြစ်သည်။ အကျဉ်း ထောင်ဆေးရုံသို့ ပို့ဆောင်သော်လည်း ကျန်းမာရေးအခြေအနေဆိုးလာသဖြင့် စစ်တွေဆေးရုံကြီးသို့ လွှဲပြောင်းခဲ့သည်။

စစ်တွေဆေးရုံအရောက်တွင် ဒေါ်ညိုအေး သတိလစ်မေ့မြောသွားခြင်းကြောင့် ဆရာဝန်မှ စိုးရိမ်ကာ ဆေးရုံတက်ရန်ပြော သော်လည်း အာဏာပိုင်များက ရိုးရိုးသွေးတိုးသည်ဟုဆိုကာ သွေးကျဆေးထိုးစေပြီး အကျဉ်းထောင်ကို ပြန်ခေါ် သွားခဲ့ခြင်း ဖြစ်သည်။

“ ဥပဒေအရ ဒေါ်ညိုအေးကို ဆေးကုသခွင့်ပေးရမယ့်အခွင့်အရေးဖြစ်တယ်။ ဒါကဥပဒေပါအခွင့်အရေးဖြစ်တဲ့အတွက် ထောင် ဆိုမယ့်လည်း မလုပ်ပေးလို့မရဘူး။ မလုပ်ပေးဘူးဆိုရင် တရားဝင်တိုင်ကြားခွင့်ရှိတယ်။ အကျဉ်းသားတွေကို ကျန်းမာရေး စောင့်ရှောက်မှုမပေးတာက လူ့အခွင့်အရေးချိုးဖောက်တာပဲ။” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် တရားလွှတ်တော် ရှေ့နေ တစ်ဦးက ပြောသည်။

စစ်တွေဆေးရုံပေါ်တွင်လည်း ဒေါ်ညိုအေးအား အကျဉ်းထောင်ဆရာဝန်များမှ ကြည့်ရှုကုသပေးနေခြင်းဆိုသည်မှာ  မဟုတ် ကြောင်းနှင့် ကျန်းမာရေးမကောင်းသည့် သူ့ကိုလည်း တစ်နေ့သုံးကြိမ်ပုံစံထိုင်ခိုင်းကြောင်း ဒေါ်ညိုအေးက အများသိအောင် ပြောဆိုခဲ့သည်။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးကလည်း “အကျဉ်းသားလက်စွဲထဲမှာလည်း ကျန်းမာရေးစောင့်ရှောက်ခွင့်ပေးရမယ် လို့ပါတယ်။ ခုဒေါ်ညိုအေးရဲ့ကျန်းမာရေးက အရမ်းဆိုးနေတော့ ဆေးကုသခွင့်က ပေးကိုပေးရမှာ။ ဒါပေမဲ့ဒီစစ်အုပ်စုမှာ ဥပဒေ တွေ၊ ကျင့်ဝတ်တွေမရှိဘူး။” ဟု ဆိုသည်။

ဒေါ်ညိုအေးသည် ရခိုင်အမျိုးသမီးများကွန်ရက်ဥက္ကဋ္ဌဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်အမျိုးသမီးများ၏ အရေး ဆောင်ရွက်နေသလို အမျိုးသမီးအခွင့်အရေးဆောင်ရွက်နေသည့် ရခိုင်အမျိုးသမီးခေါင်းဆောင်တစ်ဦး ဖြစ်သည်။

ဒေါ်ညိုအေးကို သြဂုတ်လ ၁၂ ရက်နေ့၊ စစ်တွေဆန်ပြဿနာနေ့ အခမ်းအနားတက်ရောက်ပြီး ဩဂုတ်လ ၁၅ ရက်က ရခိုင်ပြည် နယ်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ရခိုင်အမျိုးသမီးများကွန်ရက်ရုံးတွင် ရဲနှင့်စစ်သားများက လာရောက်ဖမ်းဆီးသွားခြင်း ဖြစ် သည်။

ဖမ်းဆီးပြီးနောက် စစ်တွေအကျဉ်းထောင်ကို ချက်ခြင်းပို့ဆောင်ပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ – ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အသက် ၆၇ နှစ် ရှိပြီဖြစ်သည့် ဒေါ်ညိုအေးမှာ နာတာရှည်သွေးတိုးရောဂါနှင့် အသည်းအဆီဖုံးဝေဒနာရှိသည့်အတွက် ပုံမှန် သောက်ဆေးများ သောက်သုံးနေရသည်။ ထောင်ထဲတွင် ပုံမှန်သောက်ဆေးများလုံလောက်အောင်မရသည့်အတွက် ဒေါ်ညို အေး၏ ကျန်းမာရေးအခြေအနေဆိုးဝါးလာခြင်းဖြစ်သည်ဟု သမီးဖြစ်သည့် မစောမြသန္တာက ဆိုသည်။

ထို့ကြောင့် ပြင်ပတွင် ဆေးကုသခွင့်မပေးလျှင်လည်း အကျဉ်းထောင်ထဲသို့ လုံလောက်သည့် ဆေးဝါးများပို့ခွင့်ပေးရန် သူက တောင်းဆိုထားသည်။လက်ရှိဒေါ်ညိုအေး၏အချုပ်ခန်းတွင် ခေါင်းမိုးမလုံခြင်းကြောင့် မိုးယိုနေသည့်အတိုင်း နေထိုင်ရ ကြောင်းနှင့် အနာဟောင်းခူနာကလည်း ရေမသန့်ရှင်းမှုကြောင့်ပြန်ဖြစ်နေပြီး အနာရှိန်တက်ကာ ဖျားနာနေသည်ဟု သမီးဖြစ် သူက ဆိုသည်။

ဒါ့ကြောင့် မိခင်၏ အသက်အရွယ်အရ ကျန်းမာရေးအတွက် ဆေးကုသခွင့်ရရှိရန် အသနားခံစာ တင်သွားမည်ဟု မစောမြ သန္တာက ဆိုပါသည်။

Author:

Related Articles